ကြာလှပြီဘဲလို့ ဆိုချင်လဲ ဆိုနိုင်ပါတယ် ။ အမေးရှိရင် အဖြေရှိရတယ်လေ ။
ဒီလိုပါ ၊။ ကိုယ့်အကြောင်းက စပြောမှ ဇာတ်ရည်လည်မှာမို့ ၊ ကိုယ့်ဘဝအကျဉ်းချုပ်လဲ
သူက အတော်လေး ပျော်တတ်ရွှင်တတ်တာ .. သင်္ကြန်အချိန်တိုင်း ရေ မကစားရ
သမားတော်ကြီး ကပြောတာ သူ့ ရဲ့  နောက်ဆုံး အချိန် တစ်လ ...အလွန်ဆုံး ၃ လ ပေါ့  တဲ့ ။
တချို့ ပြောတာ ကတော့  .. အသိပေးလို့ ရော ဘာထူးမှာမို့ လို့ လဲ..
ကိုယ်က ကျန်းမာရေးနဲ့ ပတ်သက် တဲ့ ။ ရောဂါ ဝေဒနာတွေနဲ့  ပတ်သက်တဲ့
ငါဘာရောဂါ ဖြစ်နေတာလဲ တဲ့  ..(သူနဲ့ ကိုယ်နဲ့ က အထက်အောက်တွေဆိုတော့ 
ငယ်ငယ်လေးကတည်းက နင် နဲ့  ငါနဲ့ ပြောတာ နှုတ်ကျိုးနေ တာ ပါ ..ကိုယ့်အမတယောက်ကို
ဒီတော့ ကိုယ် သူ့ ကို ဘယ်လို ပြန် အဖြေပေးရမလဲ လေ ..
.. အမရေ .. နင် အသည်းကင်ဆာ ဖြစ်နေတာ ..နောက် ထပ် ၁လ ၊အလွန်ဆုံး ၃ လဘဲ
ကိုယ့် ဦးဏှေက်ထဲ ဝေခွဲလို့ မရဘဲ မိနစ်များစွာ မလှုပ်မယှက် ကျောက်ရုပ် တခုလို ငြိမ်သက်သွားခဲ့ရတယ် .. ဒါကို သူလဲ ရိပ်မိသွားတယ် ထင်ပါရဲ့ ။့  ဘာဖြစ်လို့ ပြန်မဖြေတာလဲ တဲ့  ...
. အမရေ .. အဲဒီ အချိန်မှာ ငါအရမ်းငိုချလိုက်ချင်တာ ။ ဒါပေမဲ့  နင့် အရှေ့ မှာ ငါငိုလို့ 
မတင်မကျနဲ့  ၊ ရောချလိုက်ရပါတယ် .. အမ ရောဂါ က ဘာမှ မဟုတ်ပါဘူးဟယ် ။
ို့ကိုယ့်အသံမတုန်အောင် မနဲ ကြိုးစား ပြောရပါတယ် ..မုသားတဝက် နဲ့ ငရဲကြီး မယ်ဆိုရင်လဲ မတတ်နိုင်တော့ပါဘူး ။ အဲဒီတော့  ကိုယ့် အမလေ ၊ မယုံတဝက် ယုံ တဝက်နဲ့  ..
့သူ့ မှာ Hepatitis B(ဘီပိုး ပေါ့) ရှိတာ ကြာပါပြီ ..ဖြစ်ခါစတော့ သူ့ ဟာသူ အတော်ဂရုစိုက်
ကိုယ်လဲ အဲဒီ အချိန် တွေတုန်းက တနှစ်တခါ အိမ်ပြန်ရောက်တိုင်း သူ့ ကို အမြဲမေး ..
နောက်တခု က ။ အမ မေးခဲ့ တုန်းက အမရောဂါ နာမယ် အမှန်တိုင်းမပြောဘဲ ဝေ့လည်ကြောင်ပတ်နဲ့ ဖြေခဲ့  ရတာ ဟာလဲ .အမကို စိတ်မညစ်စေချင်တော့ လို့ ပါ ။ ဒီအတွက်ကြောင့်  အမ နောက်ဆုံးလုပ်စရာရှိတာလေးတွေ ၊ ပြင်ဆင်စရာလေးတွေ ၊ အမ ရဲ့  အဝေးရောက်နေတဲ့  သားအတွက် မှာစရာ ပြောစရာတွေ မပြောဖြစ် ၊မလုပ်ဖြစ် ၊ မမှာဖြစ် ခဲ့ လိုက်ရလို့ နောင်ဘဝထိ မဖြောင့်တန်းနေရရင် တော့ ငါ့ ကို တမလွန်ဘဝ ကနေပြီး နားလည်ပေးပါ အမရယ် ...
အမရဲ့  နောက်ဆုံးထွက်သက်လေးကို မမှီလိုက်ရတာ လဲစိတ်ထဲ မကောင်းဖြစ်နေရဆဲပါဘဲ အမရေ ။ အလုပ်တဖက်နဲ့  ခွင့်ရက်ရှည် တွေ ယူလို့ မရတာနဲ့  ရသလောက် အချိန်တို ခွင့်လေးတွေ အခါခါ ယူပြီး အဝေးမှ အခေါက်ခေါက်ပြန်ပြီး အမအနားမှာ အဖေါ်လုပ်ပေးခဲ့ ရတာ ..၂ လ အတွင်း ၃ကြိမ် မြောက့်  ငါ့ အပြန်ခရီးကို အမ ဘာလို့  မစောင့်ဘဲအလျှင်စလို ထွက်သွားခဲ့ ရတာလဲ အမရယ်။။ အဝေးပြန်ပြီး အလုပ်လုပ်နေရတဲ့ အချိန်တွေ မှာ တနေ့  ၂ကြိမ် အမဆီ ဖုံးဆက်ပြီး ရယ်စရာတွေ နဲ့  အမကို နှစ်သိမ့် နေခဲ့  တော့  အမကပြောတယ်လေ ..
သူ့ အခြေအနေ သူ အမှန်တကယ် မသိတာလား ။ သိရဲ့  သား နဲ့  ကိုယ်သူ့ ကို ညာလို့ တမင် ဒီလို ပြောခဲ့ တာလား အမ ရေ ... ဘာလို့  ကိုယ့်မှာ ဒီသံသယလေး တခု ခုထိ ရှိနေရသလဲ ဆိုတော့ .. ဒီလိုပါ ....
သူနေမကောင်းဖြစ်လို့ တက်နေတဲ့  ရန်ကုန်မြို့ တော်ကြီး က S ၂လုံး နဲ့  စီ နေတဲ့  ဆေးရုံတရုံမှာ အခြေအနေ မဟန်လို့  .ရလိုရငြား အိမ်နီးနားချင်း တနိုင်ငံမှာ သွားပြခဲ့တဲ့ ဆေးမှတ်တမ်းတွေ အားလုံး ၊သူမမြင်အောင် ဂျောင် တနေရာမှာ ဖွက်ပြီး ဒုတိယ အကြိမ် ကိုယ်အဝေး ပြန်ခဲ့ တာ ..သူဆုံးပြီးနောက်ပိုင်း တရက် မှာသူ့ ရဲ့  အိပ်ယာလေး သိမ်းပေးရင်းနဲ့ မမျှော်လင့်ဘဲ အဲဒီ ဆေးမှတ်တမ်းတွေ .ဓါတ်မှန်တွေ ကို သူ့ ရဲ့  မွေ့ ယာ နဲ့  ခေါင်းအုံး အောက်မှာ ရောက်နေတာ တွေ့ လိုက်ရတယ် .သူလဲ ခေတ်ပညာတတ် တယောက်ဘဲလေ ။ဒီ အင်္ဂလိပ်စာလုံးတွေ လောက်တော့  နားလည်မှာပါ ..Medical terms တွေ အကုန်ကိုတော့ ဘယ်နားလည်ပါ့ မလဲ ... HCC လို့ ရေးထားတာ မသိချင် မသိနိုင်ပေမဲ့ cancer ward ဆိုတာလောက်ကိုတော့ သူသိမယ်ထင်ပါတယ် ။
အမရေ . နင့် ကို အမှန် အတိုင်းရောဂါနံမယ် မပြောလိုက်တဲ့  အချိန်ကစပြီး ၊ငါ့ကို ရောဂါ နဲ့ ပတ်သက်ပြီးဘာတခွန်းမှ ထပ်မမေး ခဲ့ တာ .သေတဲ့  ထိပါ ..နင့်ကို ညာလိုက်လို့  သေတဲ့ အချိန်ထိ ငါ့ကို မယုံကြည် တော့ဘဲ .ငါ နင့်ဆီရောက်လာမဲ့  နာရီပိုင်းအချိန်လေးတောင် မစောင့်တော့ ဘဲ ထွက်သွားခဲ့ ရတာလား အမရယ် ..
ငါ နင့်အပေါ် ဒီတခါဘဲ ညာ မိတာပါ ..ဘာဘဲဖြစ်ဖြစ်ပေါ့လေ .တမလွန်ဘဝကနေပြီး ငါ့ ကိုနားလည်ပေးပါနော် ။။။
ဒီတော့  ကိုယ့်ရဲ့  တကယ့် အဖြစ်အပျက် နဲ့ ပတ်သက်ပြီး ယနေ့ ထိ ခံစားနေရတဲ့ 
ဒွိဟ လေးကို ပြောပြနိုင်ရင် ပြောပြပေးပါ လေ
လူတွေ ဟာ ကိုယ်မသေခင် မှာ ၊ ကိုယ်သေရတော့ မဲ့  အချိန် နဲ့  သေရခြင်း အကြောင်းရင်း ကို မိမိ ကိုယ်တိုင် သိပိုင်ခွင့်  ရှိရမှာ ပါသလား ။
သေခါနီးလူတယောက်ကို အမှန်အတိုင်း ပြောပြသင့်  ပါသလား ???
( ၂.၈.၂၀၀၇ ) မှာ ဘဝတပါးသို့  ထွက်ခွာ သွားခဲ့တဲ့  ချစ်အမ မကုကူ သို့  သတိရခြင်းများစွာဖြင့်
1 comments:
ကိကိရေ
ဒို့ ဗမာပြည်မှာက ပေးမသိကြဘူးလေ။
လူနာ စိတ်ထိခိုက်မယ်ဆိုပြီး။
အဲ့ဒီချိန်မျိုးမှာ စားချင်တာစား ပျော်အောင်နေပါတို့ ဘာတို့ နေကောင်းလာမှာပါတို့ လိမ်ပြောကြတာပဲ။
မအယ်သဘောကတော့ သိသင့်ပါတယ်။ ဒါမှ သူရဲ့ နောက်ဆုံးအချိန်တွေမှာ လုပ်ချင်တာတွေ ပြောချင်တာတွေ ပြောခဲ့ လုပ်ခဲ့ နိုင်မယ်လေ။
ဒီမှာဆို မပြောခဲ့ရင် ကောင်းကောင်း တရားစွဲခံရမယ်လေ။
သေချာကို ရှင်းပြရတော့တာ။ အနည်းဆုံး ဘယ်လောက်ခံနိုင်တယ်ကစပေါ့။
မအယ်သိသလောက်ဆို လူတွေက မငိုကြဘူး။ ဒါဟာ ကံမကောင်းတာပဲလို့ ပြောကြတယ်။ ရုပ်ပျက်ဆင်းပျက် ပူဆွေးသွားတာ သိတ်မမြင်ရဘူး။
ကိကိမှာ တော့ အပြစ်မရှိပါဘူး။ ကိုယ်တွေ တိုင်းပြည်မှာက ဒီလိုပဲ ကျင့်သုံးကြတာကိုး။
Post a Comment