အရူးတယောက်ရဲ့ 
မျှော်လင့်ခြင်း
တွေ့ ကြုံဆုံကွဲ ဖြစ်မြဲပေမဲ့ လမ်းခွဲဖို့ ကို ရင်မဆိုင်ရဲပါ
ဝေးနေရချိန်တိုင်း တွေ့ ချင်နေပေါ့ အချိန်တွေ အမြန်ကုန်ပါစေလို့ 
မျှော်လင့်ကာ ပြန်တွေ့ ရက်ကို လက်ချိုးရေတော့
တရက်နဲ့  တရက်ဟာ ယူဇနာများစွာ ကွာနေသလို
စိတ်အထင်မှာ ဘဝင်မကျ ချင်ဘူး
ရူးချင်ချင်ဖြစ်ရပြီလေ။
ဝေးတသက်သက် ပေမဲ့  နီးတကျက်ကျက်လဲ မဖြစ်လိုပါ
ကလေးတယောက်လို ဆိုးနွဲ့ ကာ အနိုင်ယူလဲ၊
ကိုယ့်ရင်ထဲမှာ အစဉ်အမြဲ ခွင့်လွှတ်ထားပါတယ်
အတူဆုံမဲ့  အချိန်လေးတွေ ပျော်ရွှင်စွာနဲ့  ကုန်ဆုံးပါရစေနော်။
သို့ ပေမဲ့ အချိန်တန် အိမ်ပြန်ရဖို့ အရေး၊
တွေးမိတော့ စိတ်မှာလေးကာ အနာဂတ်ကို မလိုချင်တော့ပါဘူး။
သူ့ အနားရှိတဲ့  ပစ္စုပ္ပန်ကာလလေးမှာ တသက်တာနေရလိုပါ၏၊
မဖြစ်နိုင်သည့် ဆုတွေချွေမိလို့  ဘေးလူတွေလှောင်ပြောင်ကြရင်လဲ၊
ကြောင်တောင်တောင် လူတကောင်ပေမို့  ၊
နာပါဘူး ကိုယ့် စိတ်အစဉ် လိုချင်တာ တခုထဲပါလို့ 
ဒီဆုတောင်းလေးပြည့်ရပါစေသား။
(မဖြစ်နိုင်တာကို တမ်းတခြင်းတွေထဲက တခု)
►Posted by
:kiki
:
at
11/16/2008 12:51:00 AM
Subscribe to:
Post Comments (Atom)
1 comments:
ကဲ..ဆုတောင်းလေးတွေ ပြည့်စေဗျာ... :P
မိုက်တယ် ဗျာ ကဗျာလေးက ပေးထားတဲ့နာမည်ရော ရေးထားတာတွေရော
အားပေးလျက်ပါ အဆင်ပြေပါစေ
Post a Comment