အရိပ်
အတိတ်က အရိပ်များစွာ မေ့မရသေးတဲ့ငါ
စိုးထိတ်စွာ အထီးကျန်ဆန် နေစဉ်မှာ
ကံကြမ္မာငင်လာတဲ့တနေ့ 
ချိုသာခင်မင် ပျူငှာခြင်းများစွာနဲ့ 
မပီတပြင် ပြုံးရိပ် ထူးကို မြင်မြင်ချင်း ရူးမိသမို့ ၊
မသိစိတ်နဲ့  အချစ်ရိပ် နောက်မှာ
ထပ်ချပ်မခွာ လျှောက်ခဲ့ မိပါရဲ့ ။
ဒါပေမဲ့  လိုက်လေ ဝေးလေ ဆွေးမပြေဘူး
တွေးမိပါမှ တခါတရံ ကြင်နာဟန်ပြပြီး
ကိုယ့်ဘဝ နာကျင်အောင် မင်းလုပ်ရက်တယ်
ပကာသနဟန်နဲ့ မာနမာန် တွေ ပြွတ်သိပ်နေတဲ့ မင်းအရိပ်ကို
တံလျှပ်ရေထင် ရွှေသမင် အလိုက်မှားပါပေါ့
ပိုးဖလံမျိုး မီးကိုတိုးတော့
ငါ့ဘဝတခုလုံး သုံးမရအောင် ပျက်သုဉ်းလောင်ကြွမ်းခဲ့ ရပြီ။
ချစ်အရိပ်ရဲ့ နောက်ကွယ်မှ မောဟတောနဲ့  အတ္တဇောတွေက
ကိုယ့်ဘဝအမောကို ချွေးမသိပ်စေဘူး
သောကရိပ်ဟာ ပူပင်စိတ်များစွာမို့ 
အေးရိပ်မှာ နားခိုပါရစေကြောင်း
တွေးကြိတ်ခါသာ ဆုခြွေ တောင်း။
(သံသရာတကြော လူတောထဲမှာ နေ့ စဉ်ကြုံတွေ့ နေရတဲ့  အရောင်ပေါင်းစုံ အရိပ်ပေါင်းစုံ တို့ နဲ့ ဝေးဝေးတနေရာ အေးဆေးတဲ့ ကမ္ဘာလေးသို့  ရည်ညွှန်း၍ )
►Posted by
:kiki
:
at
11/26/2008 02:27:00 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment