ခုတလော ကိုယ် နဲ့  ကိုယ့်ပါတ်ဝန်းကျင် မှာ အဆင်မပြေတာလေးတွေ ဖြစ်နေရတာ များလာတာ နဲ့ အမျှ
ကိုယ့် ဘဝ ကိုယ် မကျေမနပ် ဖြစ်တတ်လာတာတွေ ဟာ ရင်ထဲမှာ အစိုင်အခဲ တခု အနေနဲ့  အချိန်နဲ့  အမျှ ကြီးသထက် ကြီး လာ ရပါတယ် ..ဒီတော့  ဘာဖြစ်လို့  ငါ ဒီဘဝ ကို ရနေ . ရောက်နေရတာလဲ ဆိုတဲ့  အတွေး ပေါက်လာရလို့ အနားမှာ ရှိနေတဲ့  စာအုပ်လေး တအုပ် ကို အဲဒီတော့ မှ ဖတ်ကြည့် ဖြစ်ပါတော့ တယ် ..
သေခြင်းကောင်းသော ဘဝ ၊ လားရာကောင်းသော ဂတိ ။။ ဒေါ်အေးမြင့်  (မဟာဝိဇ္ဇာ) ရေးတဲ့  စာအုပ် ငယ်လေး တအုပ်ပါ ..
ဒီစာအုပ် လက်ထဲရောက်နေတာ ကာလအားဖြင့် တွက်ကြည့်ရင် ၃နှစ် နီးပါး ကြာရှိနေပေမဲ့  စာဖတ်ပျင်းတဲ့  အကျင့်ဆိုး ကြောင့် မဖတ်ဖြစ်တာပါ ။ ပထမ ဦးဆုံး စာမျက်နှာကို လှန်မိလိုက်တဲ့ အချိန်မှာ မျက်ရည်တွေ ဘယ်လိုက ဘယ်လို ကျလ်ာမှန်း မသိလိုက်ပါဘူး .. သတိရလို့  ကိုယ့်ကို ကိုယ်ပြန်ကြည့်  မိတဲ့ အချိန်မှာ ငါငိုနေပါလားလို့  သိလိုက်မိပါတယ် .. မိတ်ဆွေတို့  ထင်ချင်တဲ့ သူတွေ ထင်ကြမှာပေါ့ ..ဒီကောင်အတော်မျက်ရည်လွယ်ပါလားလို့ လေ ။ ဝမ်းနည်းလို့ ကျ ဖြစ်သွားတဲ့  မျက်ရည်တွေပါ ..ဘာလို့လဲဆိုတာ အကြောင်းတော့ ရှိရမှာပေါ့လေ ..
ညီမလေးအတွက် အမှတ်တရ .... တဲ့ 
လွန်ခဲ့ တဲ့  တနှစ်ကျော်လေး က အမှတ်မထင် ကွယ်လွန်သွားခဲ့ ရတဲ့  အချစ်ဆုံးအမ အလတ် ပေးထားတဲ့  စာအုပ်လေးရဲ့ ပထမစာမျက်နှာ ပေါ်မှာ သူရေးထားပေးတဲ့  စာကြောင်းတို ရိုးရိုးလေး တကြောင်းပါဘဲ လေ.. အဲဒီစာတိုလေးကို သူရေးပေးနေချိန်မှာလဲ နောက်တနှစ်ကျော်ကြာတဲ့  အခါ ငါလဲ သေရမှာပါလားဆို တဲ့ အတွေးမျိုး သူ့ ဆီမှာ ရှိနေမှာ မဟုတ်ဘူးဆို တာ သေချာ ပြောရဲ ပါတယ်...ကိုယ်တိုင်ကလဲ လက်ထဲရောက်နေတာ ၃နှစ်လောက် ရှိနေတဲ့  စာအုပ် ငယ်လေး တအုပ်ကိုတောင် မှ အဖြစ်ရှိအောင် မဖတ်ခဲ့လို့  စောစော သိသင့် တဲ့  သေခြင်းတရားကို ခုမှ နားလည်အောင် လုပ်နေရတာ နောက်တောင်ကျနေပြီလား လို့  ဆိုပြီး ရုတ်တရက် ခံစားလိုက်ရလို့ ပါ ...
ဒီတော့ ဘဝ ။ သေဆုံးခြင်း နဲ့  ဂတိ ဆို တာ တွေကို အလွယ်ဆုံးနည်းနဲ့  နားလည်အောင် ကြိုးစားပြီး မှတ်သားမိရပါတယ် ..
ရှေးရှေးဘဝ တုန်းက ပြုအပ်ခဲ့သော ကံ ကြောင့်ဖြစ်ရသော ရုပ် နာမ်(ခန္ဓာ) ကို ဘဝ လို့ ခေါ်တယ် ။
ဘဝကို ဂတိ နဲ့ တွဲ ပြီး သုံးလေ့ရှိတယ် ။
သေဆုံးပြီးနောက် ရောက်ရမည့် ဒုတိယ ဘဝ( ဂတိ ) ကို ငရဲ၊ တိရစ္ဆာန် ၊ ပြိတ္တာ ၊ လူ ၊ နတ်ဗြဟ္မာ လို့  ၅ မျိုး ပြတယ် ။
သေဆုံးခြင်း မှာ အကြောင်းအားဖြင့်  ၄ မျိုး ရှိတယ် ။
၁၊ သက်တမ်းကုန်ခြင်း ( ဆီကုန်ခမ်းခြင်း)
၂၊ ကံအစွမ်းကုန်ခြင်း (မီးစာကုန်ခြင်း)
၃၊ သက်တမ်းနှင့် ကံအစွမ်း ၂မျိုးလုံး ကုန်ခြင်း (ဆီ နှင့် မီးစာ ၂မျိုးလုံး ကုန်ခမ်းခြင်း)
၎၊ ဥပစ္ဆေဒက - ကံ ကသတ်ခြင်း ( ဆီ နှင့် မီးစာ ရှိပါသော်လည်း ၊ လေပြင်းတိုက်ခတ်ခြင်း ၊
တမင်ငြိမ်းသတ်ခြင်း )
လူသာမဟုတ် ၊ မည်သည့် သတ္တဝါမဆို သေဆုံးခါနီးတွင် နိမိတ် ၃ပါးထင်ပြီးမှ သေဆုံးကြပါပေသည်။
၁၊ ကံ နိမိတ် =အသက်ရှင်နေခိုက် မိမိတို့ ပြုလုပ်ခဲ့သော ကုသိုလ်ကံ နှင့် အကုသိုလ်ကံ (စေတနာ) ဖြစ်သည်
၂၊ ကမ္မနိမိတ် = ထို ကုသိုလ် နှင့် အကုသိုလ် ပြုစဉ်က တွေ့ ကြုံ သုံးစွဲခဲ့ရသော အရာဝတ္ထု များဖြစ်သည်
၃၊ ဂတိ နိမိတ် =သေဆုံးပြီးနောက် ရောက်ရမည့် ဂတိ( ဒုတိယ ဘဝ ) တွင် မိမိတို့  ရောက်သွားကြရမည့်  ၊ကောင်းသော ဘုံဘဝ ၊ မကောင်းသော ဘုံ ဘဝ ဟူသော ဖြစ်ရာ ဌာနများဖြစ်သည် ။
နိမိတ် ၃ မျိုးတွင် တမျိုးမျိုး ထင်လာတတ်ကြ ပေသည် ။
နိမိတ် အမျိုးမျိုးထင်ရပုံများ အကြောင်း ကိုတော့  နောက်မှ အလျဉ်းသင့် သလို လက်ဆင့်ကမ်းတင်ပြပါအုံးမယ်။
လိုအပ်နေတာလေးတွေရှိနေရင် .. ကွက်လပ်ပေါင်းများစွာ ဖြည့် ပေးကြပါ ။။။
►Posted by
:kiki
:
at
10/31/2008 08:01:00 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment