ဒီပုံကိုတွေ့ ရင် ဘယ်နိုင်ငံလဲဆိုတာ သိကြလိမ့်မယ်ထင်ပါတယ်
ဒါက ထိုင်ဝမ် . ထိုင်ပေမြို့  ၊ကျုံးဟို မြို့ နယ်၊ ဝှာရှင်း လမ်းမ တနေရာ ။ ရွှေမြန်မာတို့  တနင်္ဂနွေ တရက် ဆုံဆည်းရာ နေရာလေး ၊ အဲဒီ မြို့ နယ်လေးမှာ ရွှေမြန်မာတို့  အများဆုံးနေကြတယ်လေ ။ တသိန်းလောက်ရှိတယ် ပြောတာဘဲ ။ ဒီပတ်ဝန်းကျင်မှာ ရွှေတွေ ဘယ်လောက်များသလဲ ဆိုတော့  .အဲဒီပြည်ဖွား စီလုပ်ကြီးတွေတောင် ဒီရပ်ကွက်ထဲဈေးရောင်းရင်းနဲ့  ရွှေစကားတွေတောင်ပြောတတ်နေကြတယ် ။ ရောက်ခါစ ၊ သူတို့  စကားမတတ်တော့ စားစရာတမျိုးဝယ်ချင်တာ ပြောမထွက်တော့ စားချင်တာကို မနဲ ပြူးပြဲရှာပြီးလက်ညှိုးထိုးပြတော့ အဲဒီဆိုင်ရှင်က ဪ ဒီမကျီးသီးလားတဲ့  တထုပ် ၇၀ ကျပ်တဲ့  ဗမာလို ပြန်ပြောတော့ ရီချင်စိတ်ကို မနဲအောင့် ထားရတာ။ဒါနဲ့ သူ့ ကို ၁၀၀ တန်ထုတ်ပေးတော့ ရော့ ဒီမှာ၃၀ ပြန်ပေးမယ်တဲ့  ပြောတော့ အဲဒီအဖိုးကြီးကို စ ချင်တာနဲ့ ဟာ ၂၀ဘဲ ပြန်ပေးရမှာလေလို့ခပ်တည်တည် ပြောကြည့်တာ အဖိုးကြီးက ၁၀၀ ထဲက၇၀ နှုတ်ရင်ဘယ်လောက်ကျန်မှန်း ဒါလေးတောင် မသိဘူးလား ဆိုပြီးအော်ခံလိုက်ရသေးတယ်။ ကောင်းရော။
နေလာတာ အနှစ်၂၀ နီးပါး ရှိနေပြီ ဖြစ်ပေမဲ့  ဒီက တရုပ်စာတွေ..ဟင်းတွေ လုံးဝ မကြိုက်တော့ ..ကိုယ်တိုင်ကလဲ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မချက်တတ်တော့ ဗိုက်ပြသနာဖြေရှင်းဖို့ ဆိုင်ရှာရတော့တာပေါ့ ။တရုပ်ပြည်နေပြီးကုလားစာလာကြိုက်မိတဲ့ ဒီပါးစပ် ကလေးကို ရွှေချထားဖို့ ကောင်းနေပြီနော် ။အရင်၁၀ နှစ်လောက်ထိတော့ ကုလားစါကို ဒီအနီးပါတ်ဝန်းမှ ရှာလို့ မရသေးတော့ စိတ်ကူးနဲ့ ဘဲ စားနေရ တာလေ။ခုနောက်ပိုင်း ၅နှစ်လောက်မှတော့  ကုလား ဆိုင်လေးတွေ ဟိုတဆိုင် ဒီတဆိုင် ပေါ်လာလို့ တော်သေးတယ်။
နေလာတာ အနှစ်၂၀ နီးပါး ရှိနေပြီ ဖြစ်ပေမဲ့  ဒီက တရုပ်စာတွေ..ဟင်းတွေ လုံးဝ မကြိုက်တော့ ..ကိုယ်တိုင်ကလဲ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မချက်တတ်တော့ ဗိုက်ပြသနာဖြေရှင်းဖို့ ဆိုင်ရှာရတော့တာပေါ့ ။တရုပ်ပြည်နေပြီးကုလားစာလာကြိုက်မိတဲ့ ဒီပါးစပ် ကလေးကို ရွှေချထားဖို့ ကောင်းနေပြီနော် ။အရင်၁၀ နှစ်လောက်ထိတော့ ကုလားစါကို ဒီအနီးပါတ်ဝန်းမှ ရှာလို့ မရသေးတော့ စိတ်ကူးနဲ့ ဘဲ စားနေရ တာလေ။ခုနောက်ပိုင်း ၅နှစ်လောက်မှတော့  ကုလား ဆိုင်လေးတွေ ဟိုတဆိုင် ဒီတဆိုင် ပေါ်လာလို့ တော်သေးတယ်။
်ဒီဆိုင်လေးက အံမယ်ပေးထားတဲ့ အမည်လေးက ရွှေအရသာ ဆိုပါလား စားကြည့်တော့လဲ အရ သာ မဆိုးပါဘူး ။တကဲ့  ကုလားကြီးတွေ လက်ရာအတိုင်းပါလား ။ အဲဒီအချိန်က စပြီး ဒီဆိုင်မှာ၂ပါတ်၁ခါ ။ ၃ပါတ်တခါ ဓါတ်စာကျခဲ့ ရပါတော့တယ် ။ဈေး ကလဲ သင့်တင့်ပါတယ် . လုပ်ထားတာလဲ သန့်ပြန့် ပါတယ်
တရုပ်ပြည်က ကုလားစာဒီဆိုင်ကအရသာ တမျိုးထူးတာကအချဉ် စပ်ထားတာလေ .ပန်းသီး ရှောက်ချို သီး မုန်လာ ဥနီ ကြက်သွန်နီ ငြုပ်သီးအနီပွ ဂေါ်ဖီ ပါပါးလှီးပြီးရင် ရှာလကာရေ နဲနဲ .ဆားနဲနဲ .သကြားနဲနဲ ။ ပြီးတော့ သံပုရာသီးညှူစ် ဒီအချဉ် အတော်လေးစားကောင်းပါတယ် .တခါတလေ မရမ်းသီး သရက်သီး သနပ်တွေ ရတတ်တယ် ။ ပြီးတော့ ကုလားပဲအချဉ်ဟင်းရေ အရေကျဲလေး။
သူဟင်းနှစ် တွေလဲ ချိုပြီးမအီဘုးလေ..ဒီမှာတော့ မွေးမြူရေးကြက်တွေဘဲ ဆိုတော့ အသားက နဲနဲပွစိစိပေါ့လေ စားပြီးအီရင် ဒိန်ချဉ် သောက် ..ဗိုက်ကားတဲ့ ထိပေါ့ သူဟာနဲ့ သူ့ ဈေးလဲ သင့်ပါတယ် ဒါန်ပေါက်တပွဲ ၁၁၀ + ဒိန်ချဉ် ၅၀ = ၁၆၀ ဆို ဗိုက်တော်တော်ပြည့်ပါတယ် ။ အဟဲ တခန်းတနားပြင်ထားတဲ့ ဆိုင်ကြီးတွေမှာဆို ဒီလောက် တပွဲစာကို ၃၅၀ အထက်ပေးရတယ် ။ side dish များတဲ့ ဟော်တယ်မှာဆို ပိုဈေးကြီးတာပေါ့ ဘယ်ကိုက်မလဲနော် ။ exchange rate အခုဆို 1US# =33 NT$ ရှိတယ်လေ ။တခြားပြည်က ဈေးတွေနဲ့ နှိုင်းကြည့်လို့ ရအောင်ပါ ..
(တရုပ်ပြည် နေပြီး ကုလားစာ ကိုမှ ကြိုက်မိသူရဲ့ ရှာဖွေစားသောက် ရတဲ့ ဆိုင်လေးများ၊ နောက်ကြုံရင် နံပြားဖို ရှိတဲ့ ဆိုင် သွားပြီး ဖေါက်သည်ပြန်ချပါအုံးမယ်)
►Posted by
:kiki
:
at
11/30/2008 11:38:00 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment