ရင်ထဲက လမင်းငယ်
မျက်နှာငွေလ ရွှင်ပြပြကို မမြင်ရတာကြာလို့ 
ဘဝင်မကျစွာ ရင်ထဲမှာ ငို ။
ငယ်စဉ်တောင်ကျေး ကလေးလေးဘဝ
လပြည့်ည ငွေတန်ဆောင်မှာ ဆီမီးမြိုင်စွာ အပြိုင်ထွန်းခဲ့ကြ၊
ခုများတော့ ဝေးခဲ့ရပေါ့
ပြန်မရနိုင်တော့တဲ့ အတိတ်ဘဝလေးများကို ။
မွန်းကြပ်တဲ့ မြို့ ပြအရပ်မှာ
ကားသံ လူသံ ပူညံသံ စုံစွာနဲ့ 
ပုံမမှန် လူတန်းစားတွေကြားမှာ
စုန်ဆန်ကာ လှုပ်ရှားနေရသမို့ ၊
လပြည့်  လကွယ် ရက်လများတောင်
မှန်ကန်အောင် မခွဲခြားနိုင်တော့၊
ကိုယ့်ဘဝ အခြေမလှတာ
ဘယ်သူမှ သိနိုင်မယ် ထင်မိဘူး။
ဒီလို လပြည့် ညများ မှာ သာယာလှပ ဖိုးငွေလကို
တပါးသူများစွာ ကြည့် ကာလေ ပျော်ရွှင်ကြချိန်မှာပေါ့
ဖေါ်မဲ့တဲ့ ကိုယ့်မှာတယောက်ထဲမို့ 
မမြင်သာတဲ့  ဖိုးလမင်းကို
မှန်းဆကာ လွမ်းခြင်းများစွာနဲ့ 
တမ်းတမိပါရဲ့ 
ကိုယ့်ရင်ထဲက လမင်း ငယ် ...
(ဒီ တန်ဆောင်တိုင် မီးထွန်းပွဲတော် မှာ ပျော်ရွှင်နိုင်ကြသူများကို အားကျစွာဖြင့် အမှတ်တရ လွမ်းချင်းလေးတခု)
►Posted by
:kiki
:
at
11/13/2008 12:09:00 AM
Subscribe to:
Post Comments (Atom)
1 comments:
လပြည့်လကွယ်နေ့တွေ ကို ခွဲခြားသိချင်ရင်တော့ ပြက္ခတိန်ကြည့်ဗျာ
ဒါမှ သေချာသိရမှာလေ ဟုတ်ဘူးလား :P
ပျော်ရွှင်ပါစေဗျာ
သူခိုးကြီးနေ့မှာ အခိုးမခံရစေနဲ့ဦးနော်
ဟိဟိ :P
Post a Comment