ဒီပုံရိုက်သူ တွတ်ပီ ..မော်တော်ဘုတ်လေး စီးရင်း သက်စွန့် ဆံဖျားရိုက်ထားရတာ ဖြစ်ပါတယ်။
ဒီနေ့  ဒီဇင်ဘာ ၃၁ ...၂၀၀၈ရဲ့ နောက်ဆုံးတရက် ။မနက်စောစောထဖြစ်ပါရဲ့ ။အဟဲ စောစောထတယ်လို့တောင်ပြောလို့ မရပါဘူး။ညကအိပ်မှမအိပ်ဖြစ်သေးတာလေ ။ သံယောဇဉ်လေးနဲ့ တွေ့ လိုတွေ့ ငြား စောင့်နေရင်း ညလုံးပေါက်သွားတာပါ။တယောက်တနေရာစီဝေးနေရတော့လဲ ဒီလိုဘဲပေါ့။ အချိန်ချင်းကလည်း ၅နာရီလောက် ကွာခြားနေတော့ ဒီမှာ သူများတတွေ Happy New Year အော်နေကြချိန်မှာသူ့ ဆီဖုံးဆက်ပြီး ယား လိုက်မိရင် သူကဘာကြောင်တာလဲလို့  ပြောတာခံရအုံးမယ် ။သူ့ ဆီမှာ ညနေပိုင်းအချိန်ဘဲရှိနေအုံးမှာလေ ၊ ဒါကြောင့် တမြေစီဝေးကွာနေရတဲ့  ဒုက္ခတွေထဲမှာ ဒါလဲ တဒုက္ခပေါ့ နော် ။ ဘယ်လို wish လုပ်ရမယ်မှန်းတောင် မသိတော့ပါဘူး။
ဒီတပါတ်ကစပြီး ဒီတိုင်းပြည်မှာ Sydney NYE 08 ဆိုတဲ့  အလံတွေ နေရာ အနှံ့ ထူထားပြီး မနေ့ ကစလို့ Circular Quay, Opera House ,Harbour Bridge နေရာတွေမှာ နယူးယားကြိုဖို့  မီးရှုးမီးပန်းတွေ အစွမ်းကုန် လွတ်ဖို့ ပြင်ဆင်နေကြလေရဲ့ ။ညနေ ၃နာရီ အချိန်က စပြီး ဒီပါတ်ဝန်းကျင်တခုလုံး ကားအသွားအလာပိတ်ပြီး လူတွေအားလုံးလမ်းလျှောက်ကြပေါ့။ လူတွေကလည်းစည်းကမ်းရှိကြတော့  ပျော်စရာကောင်းပါတယ် ။အစိုးရဆန်တဲ့ 
သူတို့  အစိုးရကလည်း သူ့ တိုင်းသူပြည်သားတွေအတွက် အဖက်ဖက်က လိုလေသေးမရှိရလေအောင် စီစဉ်ပေးထားတာကိုး ။လူ့ ကံ ၊ ၀ကံ တွေကလည်း မတူကြဘူးလေနော် ။ဘ၀ အကျိုးပေးတာခြင်း ကွာကြတယ်ပေါ့  ။ကိုယ့်  မြန်မာပြည်ကြီးလဲ ဘယ်တော့ များမှ ဒီလိုအခြေ အနေမျိုး ရောက်မှာလဲ ။စေတနာမှန်သော အစိုးရကြီးရဲ့ အောက်မှာ စည်းကမ်းရှိစွာ ပျော်ကြရမဲ့  အချိန်လေး အမြန်ဆုံး ရောက်ရှိနိုင်ပါစေ လို့  မျှော်လင့်ရင်း ၂၀၀၈ လဲ တနှစ်ကုန်ရပြန်ပြီပေါ့  ။
အဟဲ ကြီးကြီးကျယ်ကျယ်စကားလုံးတွေတော့  အာလူးဖုတ်လို့ ပြီးပြီ ။ မိမိကိုယ်မိမိ ဆန်းစစ်ကြည့် ဖို့ ဘဲ လိုတော့ တယ်။
ဒီတနှစ်အတွင်း ကိုယ် ဘာတွေကောင်းတာလုပ်ခဲ့သလဲ ။ အဟဲ လက်တဖက်ထဲနဲ့ တောင်ချိုးပြီးရေလို့ ရမယ် ၊ လက်ချောင်းလေး ၅ချောင်းစလုံးတောင်ချိုးဖြစ်မှာမဟုတ်လို့ လက်သန်းကလေးက စိတ်ဆိုးပြီး ကျန်နေခဲ့ မယ် ။တော်ပြီ မရေ တော့ပါဘူး ။ မကောင်းတာတွေ ၊ သူတပါး ထိခိုက်ပြီးဒုက္ခရောက်စေတာတွေ မလုပ်မိရင် ပြီးတာဘဲ မဟုတ်လား ။ကိုယ်တိုင်က လဲ ၅ပါးသီလထဲက တပါးကို အမြဲ ချိုးဖေါက်နေတတ်တော့ လူကောင်းတယောက်တော့  မဟုတ်ဘူးဆိုတာ ၀န်ခံပါတယ် ။ ဒီတော့  သူများတတွေကိုလဲ ဆရာကြီးလုပ်မနေချင်ပါဘူး ။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတဲ့  နိယာမလေးကိုတော့  လူတိုင်းလိုလို သိနေကြတာဘဲလေ .
။ဒါပေမဲ့  အသိခေါက်ခက် အ၀င်နက်နော် ၊ သိပြီးတော့ လိုက်လုပ်ကြဖို့  ၀န်လေးနေကြတယ်။လူတိုင်း ဒီစိတ်လေးတွေကို ဒီဖက်နှစ်မှာ ထားခဲ့ ကြပြီး လာမဲ့  နှစ်သစ်ကို ကူးကြမယ်ဆိုရင် ပျော်စရာ နှစ်သစ်လေး ရောက်ကြရမှာပါ ။
မနက်ဖန်မနက်အစောကြီး လေယာဉ်စီးရမှာမို့  ခုတလော ကံသိပ်မကောင်းတဲ့  တွတ် ပီ အား လေယာဉ်နောက်တကြီမ် မလွတ် သွားရလေစေရန် အော်ပရာဟောက်စ်မှာ နယူးယားသွားမအော်ဖို့  ဟောက်စ်ဆာဂျင်မလေးငယ်က အမိန့် တော်ချမှတ်ထားတဲ့  အတွက် ဒီတနှစ်လဲ မအော်ဖြစ်တော့ ပါ ..
ကိုယ်မအော်ပေမဲ့ လည်း ပျော်စရာ ၂၀၀၉ ခုနှစ်ဟာ အချိန်တန်ရင် သူ့ ဟာသူ ရောက်လာမှာဘဲ မဟုတ်လားနော် ...
အကျင့်ပါနေလို့  နဲနဲတော့  အော်ပါရစေနော် ။
HAPPY NEW YEAR 2009 !!!!
►Posted by
:kiki
:
at
12/31/2008 09:04:00 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment