............................................................................................................................... ဒီဘလောဂ်အိမ်လေးကို စောင့်ဖို့  စိန်မျောက်မျောက်တို့  မြေးအဘိုးကို ယာယီတာဝန်ပေး ထားခဲ့ပါသည် ။ အိမ်ပိုင်ရှင်ကတော့ မလှုပ်ရ ၊ငြိမ်ငြိမ်လေး အနားယူရမည်ဟု အမိန့် ပေးခြင်းခံထားရပါသဖြင့် ဒီပို့စ်လေးကို စကက်ဒျူးလေးနဲ့ တင်ထားခဲ့ ပါသည် ။ မကြာမီ ပြန်လာပါမည် ။ အားလုံး ကျန်းမာရွှင်လန်းကြပါစေ ။
တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဈေးရောင်းထွက်ခဲ့တယ်….။
ဦးထုပ်တွေကို ခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့လျှိုပြီးထမ်းလာတယ်…။
နေပူလို့ ဦးထုပ်တစ်လုံးကို သူဆောင်းထားတယ်…။ လမ်းတစ်ဝက်မှာညောင်ပင်ကြီးတစ်ပင်အောက်သူရောက်လာတယ်…။
ခြင်းတောင်းကြီးနှစ်တောင်းကို နေပူထဲမှာ ထမ်းလာရတော့ သူအလွန်မောနေပြီး…။
ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်..။ခေတ္တထိုင်နားချင်စိတ်ပေါက်သွားတယ်…။
သူ့ရင်ဘတ်မှာ ကပ်ထားတဲ့သူ့ဦးထုပ်ပဲကျန်တော့တယ်…။ ဦးထုပ်တွေ ဘယ်ပျောက်သွားသလဲလိုက်ရှာတော့
သူ့လက်ထဲက ဦးထုပ်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီး မျောက်တွေမြင်သာတဲ့နေရာကို ထွက်လိုက်တယ်…။
မျောက်တွေမြင်လောက်ပြီထင်တော့မှ ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်ပြတယ်…။
မျောက်တွေကလည်း သူ့ကို အတုခိုးပြီး ဦးထုပ်ချွတ်ခေါင်းကုတ်ကြတယ်…။
ဒါနဲ့ပူလွန်းလို့ ဦးထုပ်တောင်မကိုင်ချင်တဲ့ပုံစံနဲ့ သူက ဦးထုပ်ကို မြေကြီးပေါ်ကို ပစ်ချလိုက်တယ်…။ မျောက်တွေကလည်း သူလုပ်တာမြင်ပြီး သူတို့လက်ထဲက ဦးထုပ်တွေကို ပစ်ချလိုက်ကြတယ်…။
ဒီနည်းနဲ့ မျောက်တွေလက်ထဲက ဦးထုပ်အားလုံးကို သူပြန်ရလိုက်သတဲ့…။
နောင်နှစ်ပေါင်း (၂၀) ကြာတဲ့အခါ စောစောက ဦးထုပ်သည်ကြီးရဲ့ မြေးကလေးက ဦးထုပ်အရောင်း ထွက်သတဲ့…။
သူ့အဘိုးအိပ်စက်နားခဲ့တဲ့ညောင်ပင်ကြီးအောက်ရောက်တော့ ဦးထုပ်တောင်းကိုချပြီး အနားယူပြန်သတဲ့….။
အိပ်ရာက နိုးတော့ခြင်းထဲက ဦးထုပ်တွေမရှိတော့ဘူး…။ ညောင်ပင်ပေါ်က မျောက်တွေခေါင်းပေါ် ရောက်နေတယ်…။ ဒီတော့ သူ့အဘိုးပြောခဲ့ဖူးတာ အမှတ်ရပြီး သူ့အဘိုးနည်းအတိုင်း ဦးထုပ်တွေပြန်ရအောင် ကြိုးစားတယ်…။ သူကဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်တယ်..။ မျောက်တွေကလည်း သူ့လိုလိုက်လုပ်တယ်..။ သူက ဦးထုပ်တွေနဲ့ ယပ်ခတ်ပြပြန်တယ်…။မျောက်တွေကလည်း သူတို့ဦးထုပ်တွေနဲ့ ယပ်ခတ်ကြပြန်တယ်…။
နောက်ဆုံးမှာ သူကလက်ထဲက ဦးထုပ်ကိုလွှင့်ပစ်လိုက်တယ်…။ ပြီးတော့ သူ့လိုဦးထုပ်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကို မော့ကြည့်တယ်…။
ဘယ်မျောက်မှ ဦးထုပ်ကို ပစ်မချကြတော့ဘူး…။ လက်ထဲမှာအသေဆုပ်ကိုင်ထားကြတယ်…။သူလည်းအံ့သြငေးမောကြည့်နေတုန်း မျောက်တစ်ကောင်က သူပစ်ချလိုက်တဲ့ဦးထုပ်ကို ကောက်ပြီး သစ်ပင်ပေါ်တက်သွားသတဲ့…။
သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကိုစကားတစ်ခွန်းပြောသွားတယ်…။
´´မင်းမှာ အဘိုးရှိသလို တို့မှာလည်း အဘိုးရှိတယ်ဆိုတာ မမေ့နဲ့လေ´´ တဲ့…..။
အခက်အခဲတစ်ခုခု တွေ့ကြုံလို့ လုပ်နေကျ နည်းဟောင်းအတိုင်း ဖြေရှင်းဖို့ တွေးမိတဲ့အခါ ဒီပုံပြင်လေးကို အမှတ်ရပါစေ…။
ပုံပြင်လေးကတော့ဒါပါပဲ ကွယ်....
(အတွေးသစ်ဂျာနယ်- အတွဲ(၁၀)၊ အမှတ်စဉ်(၄၅၀)မှ ကူးယူ မျှဝေခြင်းဖြစ်ပါသည်)
23 comments:
ဝေးးးးးးးးးး တစ် ၊ နံပါတ်(၁) ရတယ်ကွ။
ခွေးကနေ မျောက်ဖြစ်ရပြန်ပြီလား။ ကောင်းလေစွ၊ ကောင်းလေစွ။
သူလည်း ဆားချက်ပြီပေါ့။း)
အမ်သုံးဟ အမား
မထူးပါဘူး လေးပါ ယူသွားတယ်
ငါးပါထပ်ဆွဲတယ်
ခြောက်ကွာ ကဲ ဒီလောက်ဖြစ်လှတာ
အဲ့ ခုနစ် ဗျ အမား
ကဲ ကဲ ကိုး ဗျာ ဒီခါတော့
ဟူးးးးးးးးအမားေ၇ နင့်မောင်မူးပြီးသောင်းကျန်းနေပြီ အဟတ်
တစ်ဆယ်နဲ့ တော်တော့မယ်
ဒီပိုစ့်က တောင်ပေါ်သားလည်းတင်ထားတယ် ဗျ
ဘယ်ကဟာက အမှန်လည်းမသိဘူး
အမားက ထပ်ဆင့်ဝေမျှတာဆိုတော့ 
တောင်ပေါ်သားက ဘယ်လိုလည်းမသိဘူးး
ကြည့်လုပ်ကြဦးဟေ့ မောင်နှမတွေ
ကဲ ကဲ မူးပြီးအိပ်တော့မယ် ဒါပဲ
ရှစ်ကျန်ခဲ့လို့  မူးမူးနဲ့ ရစ်နေတာ
ရှစ်ကျန်ခဲ့တယ်
ရှစ် ဗျာ
အော် ဖွားကိရယ် ရေးလဲ ရေးတတ်ပါ့ ဟားဟားးးးးးးးးးး ဖတ်သွားပါတယ် မျောက်ဇာတ်လမ်း ဘာလဲ ဖွားကိ တိရိစ္တာန်ရုံဖွင့်စားမလို့လား ဟင် နောက်ဘာအကောင်ရေးဦးမလဲဟင် ဦးနှောက်မရှိတဲ့ ဖြုတ် အကြောင်း ရေးဦးမလားဟင် ဟားဟားးးးးးးးးးးးးးးးးးးးးးး
ဖွားကိရေ ဥပဒေသ အသစ်တွေ ရပြန်ပါပကော.. ဟိုစိန်မျောက်မျောက်တို့ မြေးအဖိုးကို ဘာတာဝန်တွေ ပေးခဲ့လဲ? တော်ကြာ ဖွားကိ ဘလောဂ့်တခုလုံး အေးချမ်းမေ ဖြစ်နေအုံးမယ်နော်...
မှတ်သားစရာပါပဲဗျာ.....
ကောင်းလိုက်တဲ့ ပုံပြင်ပဲ ကိကီရေ...
သူတို့ဘိုးအေတွေက ပိုတော်သလိုတောင်ဖြစ်နေပြီ...
ကိုယ်တို့မှာ နောက်ဆုံးကျန်တဲ့ ဦးထုပ်ကိုတောင် လက်လွှတ်ရတော့မယ်...
အင်း... ခွေးပုံပြင်လိုပဲ မျောက်ပုံပြင်ကလည်း မှတ်သားစရာတွေနဲ့ပါလား...
းဝ)
မှတ်သားစရာပါပဲ အစ်မရေ.... ရှေးရိုးကြီးတိုင်း လိုက်နေတဲ့လူတွေအတွက်တော့ မှတ်သားစရာပေါ့..
မမကီေ၇.... ဒီမျောက်ပုံပြင်ကတော့  လှေနံဒါးထစ်
လုပ်တတ်တဲ့  သူတွေ နဲ့  ဆင်တူတယ်ထင်ပါတယ်နော်...။
အခုတစ်လော မျောက်အကြောင်းတော်တော်ရေးနေကြပါလား တတိယ ကမ္ဘာရောက်ပီထင်တယ်
ဟေ
မျောက်လူလည်ကြီးကိုးဟ
ဒို့ဆီကမျောက်လည်း အဘိုးပေးတဲ့အမွေ
အကုန်ရလိုက်မယ်ထင်ပါ့
ဆိုးပါလေပြီ
အင်း ပုံစံဟောင်းကြီး သွားသုံးမိတာကိုး..း)
ဟဟားးးးးးးးးးးး
မျောက် ဖြစ်ရပြန်ပေါ့။
လုပ်ဦး ကျန်တဲ့ တရိစ္ဆာန်တွေကော စုံစုံလင်လင်ဖတ်ရတာပေါ့ ကိကြီးရဲ့။။။။
အလွန်အလှုပ်သန်တဲ့စိန်မျောက်မျောက်ကိုရေးမိမှ တော့ အိမ်ပိုင်ရှင်ကိုမလှုပ်ရလို့ အမိန့်ပေးခံရတော့မှာပေါ့ နောက်ကိုဘလောက်မတင်ခင်ကတည်းက အရင်စဥ်းစား နော်...:P
ကိုတောင်ပေါ်သား ဘလော့မှာ ဖတ်ပြီးသွားပြီးဗျ ဒါပေမဲ့ အယူအဆတွေ ဘာများ ကွားခြားလဲလို့တော့ ဖတ်ရူသွားပါတယ်ဗျာ
မျောက်..မျောက်..မျောက်
Post a Comment