Aug8,2009
ဒို့ ပြေ မှာလေ
အသက်တွေ ရှင်နေပေမဲ့  ဘဝတွေ သေနေကြရတာ ၊
အသက်တွေ ရှည်နေပေမဲ့ ဝေဒနာတွေ ဝေနေကြရတာ ၊
ပညာတွေ ရှာဖွေနေပေမဲ့  တွေးခေါ်ယူဆ လွဲမှားနေကြရတာ ၊
ဝီရိယတွေ ပိုသာပေမဲ့  ဝမ်းဟာတာ ပူဆာ ဖြစ်နေကြရတာ ၊
အမြင့်တက်ဖို့  ရုန်းကန်နေကြပေမဲ့  ဆင်းရဲတွင်းထဲ နစ်သထက် နစ်နေကြရတာ ၊
အရင်းစစ်တော့ အမြစ် မြေက တဲ့ ၊
စာရင်းစစ်တော့ အပြစ်ဘယ်က လည်း ၊
မခက်ခဲတဲ့  ပုစ္ဆာ အဖြေ၊
လူတကာ သိကြပေမဲ့  ။
သေသေချာချာ ဖြေရှင်းနိုင် ဖို့ ၊
သီအိုရီ ခပ်ပြင်းပြင်းလေး ၊ ပွင့်ပွင့်လင်းလင်း ထုတ်ကြရမယ် ၊
ဒင်းတို့ မှာ အာဏာ လက်နက်၊ အဖက်ဖက်က စုံပါ့ဗျား ၊
ဒါကိုတောင် ချောက်ချား ၊ ယောကျာင်္းများ မဟုတ်သလို
ဟိုဟို ဒီဒီ အပုတ်ချ ၊ ယုတ်တကာ့ ယုတ်လှတယ် ။
ပုတ်လို့ ပေါ် ၊ ဟုတ်လို့ ကျော် ခြင်း ၊
ကိုယ့်ပြည်သူရင် ကိုယ်ပြန်နင်း၊
သေတွင်း ၊ ထောင်တွင်း လုပ်ဇာတ်ခင်းခဲ့  ။
ခပ်ဖျင်းဖျင်း အရည်အချင်းနဲ့
အတင်းအုပ်ချုပ်တဲ့ 
မင်းပြုတ် စေ သား ။ ။ ။
(ကိကီ)
►Posted by
:kiki
:
at
8/08/2009 01:00:00 AM
Subscribe to:
Post Comments (Atom)
15 comments:
ဟုတ်တယ်ကိရေ
သီအိုရီပြင်းပြင်းလိုနေတယ်။
မအယ်
အစ်မကိရေ
ကိုယ်တိုင်ရေးလားဗျ
ခိုက်တယ်ဗျာ
ပုတ်လို့ပဲပေါ်တယ် ဟုတ်လို့ပဲကျော်တယ်
ကမ္ဘာကတောင်သိတယ်
သင်းတို့မို့အရှက်နည်းတယ်
ဆက်မပြောချင်တော့ဘူးဗျာ
လူ့ဘဝဆိုတာကံကောင်းလို့ရတာတဲ့
မြန်မာပြည်သူတွေအတွက်တော့ မဟုတ်လောက်ဘူးနော်
လူဖြစ်လျှက်နဲ့အဆုံးအရှုံးတွေသိပ်ကြီးခဲ့ကြတယ်
စိတ်ညစ်တယ်ဗျာ
ပြောဖို့မေ့သွားတယ်
iconsတွေကူးသွားတယ်နော်
ကျေးဇူးပဲအစ်မ
ဟုတ်တယ်ဗျ .. မအယ်ပြေသလိုပဲ သီအိုရီတွေ လိုအပ် နေတယ်.. unity တွေ လိုအပ်နေတယ် စစ်တပ်က ပြောသလိုပါပဲ မြန်မာပြည်အတွက်သင့်အားအလိုရှိသည် သို့သော စစ်တပ်အတွက် မဟုတ်ပါ ပြည်သူအတွက်ပါ မြန်မာပြည်သားများထံ ရှစ်လေးလုံး စိတ်ဓါတ်များ ပြည်လည်အသက်ဝင်လာပါစေလို့ ဆုတောင်းလိုက်ပါတယ်...
အဟီး မပြောလိုပါ အနော့ဘာမှမပြောလိုပါ ခင်ည
အမားကြိုက်သလိုသာေ၇းပါ နောက်ကလိုက်ပြီးသားပဲ
လိုရင်ခေါ်လိုက် အလိုက်သင့်ပါလာမယ်
ဟုတ်ပြီလား အမား
မမေ့တာတော့ ဘယ်တော့မှမေ့မယ်မထင်ပါဘူး
သွေးမြေကျတဲ့ နေ့  အာဏရူးတွေရဲ့ ရက်စက်မူ
တစ်နေ့ သူ့ တို့ အလှည့်ဆိုတာများရောက်အောင် ကြိုးပစ်ကျပါစို့ လား
ကောင်းလိုက်တဲ့ ကဗျာလေးဗျာ။
ဒင်းတို့ မှာ အာဏာ လက်နက်၊ အဖက်ဖက်က စုံပါ့ဗျား
ဒါကိုတောင် ချောက်ချား ၊ ယောကျာင်္းများ မဟုတ်သလို
ဟိုဟို ဒီဒီ အပုတ်ချ ၊ ယုတ်တကာ့ ယုတ်လှတယ် ။
ဟုတ်တယ်လေ...
ညမှောင်မှောင်ထဲမှာ လမ်းလျှောက်လာသူချင်း အတူတူ
ကြောက်တတ်တဲ့သူက တုတ်ကောက်ခဲ့တယ်...
အတင်း အုပ်ချုပ်တဲ့
မင်း ပြုတ် စေသား!!!!!!!!!!!!!!!!!!!
ကောင်းလိုက်တဲ့ ကဗျာ...
အသက်တွေ ရှင်နေပေမဲ့  ဘဝတွေ သေနေကြရတာ ၊
အသက်တွေ ရှည်နေပေမဲ့ ဝေဒနာတွေ ဝေနေကြရတာ ၊
ပညာတွေ ရှာဖွေနေပေမဲ့  တွေးခေါ်ယူဆ လွဲမှားနေကြရတာ ၊
ဝီရိယတွေ ပိုသာပေမဲ့  ဝမ်းဟာတာ ပူဆာ ဖြစ်နေကြရတာ ၊
အမြင့်တက်ဖို့  ရုန်းကန်နေကြပေမဲ့  ဆင်းရဲတွင်းထဲ နစ်သထက် နစ်နေကြရတာ ၊
အမှန်ဆုံးပါပဲ ကိရေ...
ဟုတ်ပကွယ်... ဒို့မြန်မာပြည်သူပြည်သားတွေ ရှင်လျှက်နဲ့ဘဝတွေ သေနေကြရတာ....
ကိရေ ကောင်းလိုက်တာ စပ်ထားတာလေးက အော်.... လို့သာ ပြောလိုက်ချင်ပါတယ် ကိရယ် ဖူးးးးးး လို့လဲ သက်ပြင်းအရှည်ကြီးချဖြစ်တယ် ကြားလားဟင် ငှက် ချတဲ့ သက်ပြင်းချသံ အဟီးးး
ဝေးး တို့ အစ်မကြီး တယ်ဟုတ်နေပါလား။ ကဗျာတွေ စာတွေ ညက်လို့ ။ အဟီးး
အစားလည်း ညက်အောင်ဝါးစားအုံး။း)
စစ်တပ်ကြီးပိုင် ပြီး
အမေစုကို ကြောက်
သေနတ်ကြီးကိုင်
ပြည်သူကိုကြောက်
ဗေဒင်တွေပိုင်
ငရဲကိုကြောက်
စကားထာ ဝှက်တာလေ
တော်လိုက်တဲ့စာသား........ရင်ထဲကပြောချင်တဲ့စကားတွေကို ထိထိမိမိပဲ ခံစားချက်အပြည့်ပါပဲ..............
Post a Comment