ခုတလော ပုံတွေပဲ ပြောပြချင်နေမိတယ် ။ ကြားဖူးနားဝရှိတာလေးတွေရော မကြားဖူးပဲနားရည်ဝနေ တာတွေရော remix လုပ်ပြီး အခွေထုတ်မလို့ လေ ..
ဒီလိုကွဲ့  ... တနေ့ မှာ တိုင်းပြည်တခုမှ ဘုရင် မင်းတရားရူးကြီးက သူ့ ရဲ့ မိဖျားခေါင်ကြီးရယ်၊ ဘယ်လက်ရုန်း ခွက်ပုန်းရယ် ၊ညာလက်သီး ဂေါင်းကြီးရယ် ။ အကုန်ရမ်းတဲ့ ငမန်းရယ် ။သာမီးတော် မြေးတော်တွေ တသိုက် ကိုခေါ်ပြီး ဝေဟင်ကနေ တိုင်းခန်းလှည့်ထွက်တော် မူသတဲ့ ။ သူ့ ရဲ့ စီးတော်ယာဉ်ကြီးကတော့ ဆွေမျိုးပေါက်ဖေါ်ရယ် ၊တွင်းတူးတော်တဲ့  မြောက်ကိုကြွက်ယားရယ် ၊ဗေါ့ဒ်ဂါကြိုက်တဲ့  ဘိုးတော်ရှားရယ် ၃ယောက်ပေါင်းလောင်းကျော် ဖက်စပ်တီထွင်ထားတဲ့ နောက်ဆုံးပေါ် တိုက်လေယာဉ်ကြီးပေါ့ကွယ် ။ အမြင့်တက်ပြီး အပေါ်စီးကနေ ကြည့်မှ အားလုံးကို မြင်ရမှာဆိုတော့ မြင်ကွင်းဝါးလည်း ကိစ္စမရှိ ၊ မြင့်နိင်သလောက် မြင့်အောင်တက်ဖို့  လေယာဉ်မောင်းသူ မောင်ပိုင်းလော့ ကို အမိန့် ပေးထားသတဲ့  ။
မောင်ပိုင်းလော့ လည်း အကြိုက်ပေါ့ ။ လေယာဉ်ကြီးကို ဝေါကနဲ ဆွဲပြီး တက်တော့တာပေါ့ ။သူက တာဝန်အရ သူ့  ဝမ်းရေး အတွက် မောင်းရတာဆိုပေမဲ့  သနားကြင်နာစိတ်လေးတော့ရှိသေးသတဲ့ ။ဒီလိုနဲ့  အမြင့်တနေရာရောက်တော့ မင်းတရားကြီးက သူ့ အောက်ကို ငုံ့ ကြည့်တယ်တဲ့ ( ဝေဟင်ပေါ်မှ မြေပြင်ပေါ်ကို ငုံ့ ကြည့်တာကို ဆိုလိုတာနော် .. တလွဲ မတွေးကြစေလိုပါ )
အလိုလေး ငါ့တိုင်းပြည်ကြီး ဘယ်လိုဖြစ်တာပါလိမ့် ။ လူတွေလည်း ပိန်ခြောက်ကပ်နေကြပါလား ။
မှန်လှပါဖျား ။ လူတွေ စားစရာ ဆန်မရှိလို့  ငတ်ပြတ်နေကြပါတယ် ဖျား ။
အိမ်း ၊ ဒီလိုဆို မဖြစ်ချေဘူး ။ စားစရာ ဆန် မရှိလို့ အော်နေကြတာ ငါကိုယ်တော်မြတ် ကြားရတာ နားဝ မသက်သာလှပေဘူး ။ ကဲ .. ကြဲ ပေးလိုက်ကြစမ်းကွယ် ။
ကျည်ဆန်တွေ ကြဲချပေးလိုက်သတဲ့  ။အရူးရယ် ၊ အမူးရယ် ၊ အရမ်းရယ် ဆိုတော့ ပြောချင်ရာ ပြောတာ ကြားချင်ရာကြားပြီး လုပ်ချင်ရာ လုပ်ပေးလိုက်တာ ပေါ့ကွယ် ။
ဒီလိုနဲ့  တနေရာရောက်ပြန်ရော ။ လူတွေကြည့်တော့လည်း မွဲပြီးရင်းမွဲနေကြတာတွေ့ ရတယ်ပေါ့ ။မောင်မင်းတို့  ငါ့ပြည်သူတွေ အစာရေစာ မငတ်ကြရအောင် ဆန် ဆိုလို့လည်း ပေးခဲ့ ပြီးပြီ ။ကျည်ဆန်တွေ ။ ဘာလို့ မွဲခြောက် နေကြသေးပါလိမ့် ။
မှန်လှပါဖျား ။ ရွှေတွေ စိန်တွေ လိုအပ် နေသေးလို့ပါဖျား ။
ဟေ ။ ဒါတွေများ ပေါမှပေါပဲဟ ။ ငါ့နာမယ်မှာတောင် ရွှေ တလုံး ပါသေး ၊ ညာလက်သီးခေါင်းကြီးမှာလည်း စိန်တွေ သိန်းလိုက်ရှိနေတာ ။ နာမယ်တောင်ကြည့် ပါလား ။သိန်းရယ် စိန်ရယ် စီနေတာ ။ ဒီလူတွေလည်း တယ်ခက်ကြသကိုးကွယ် ၊ နာမယ်မှရွေးပြီး မမှည့်တတ်ကြဘူးလား ။ ကဲ ပြောနေကြာပါတယ် ။စိန် မိုး ရွှေမိုးကြီး ရွာချ စေသတည်း ။
အဲ့ဒါနဲ့  သူ့ တိုင်းပြည်ကြီးမှာ ရွာချပေးလိုက်ပါရောကွယ် ။ ဒါပေမဲ့  စိန်တွေ ၊ရွှေတွေ က ပြုတ်ကျန်ခဲ့ ပြန်တော့ မိုးကြီးတွေ ရွာလိုက်သမှ နာဂစ် မုန်တိုင်းကတောင် အရှုံးပေးရလောက်အောင်ပေါ့။
ဒါကြောင့် တိုင်းသူပြည်သားတွေလည်း ခံရပြန်ပေသပေါ့ ။မိုးဒါဏ် ၊ လေဒါဏ် ။ဘုရင်ကြီးကတော့ ကျေနပ်နေတယ်တဲ့ ။ သူ့ ဟာသူတောင်မဲပေးပြီး ထောက်ခံလိုက်သေးသတဲ့ ကွယ် ၊ ငါလုပ်တာ မှန်တယ်ပေါ့ ။ဘေးက မိဖုရားခေါင်ကြီး ကလည်း သီချင်းလေးနဲ့  အားပေးရှာတယ် ကြိုင် ခိုင် မြိုင်လုံးရယ် ။ ကြိုင်လုံးရယ် ကြိုင်လုံးရယ် မွှေးး ။ သမီးတော် နဲ့မြေးတော် တို့ ကလည်း အားကျမခံ လူတွေအတွက် တခုခုတော့လုပ်ပေးမှ ဘဲဆိုပြီး ဆက်သွယ်ရေး အဆင်ပြေအောင် SIM ကဒ် တခုကို ၂၀ ထဲနဲ့ရောင်းပေးတယ် ။ လူတွေ အပန်းပြေအောင် ဘောလုံးပွဲတွေ လုပ်ပေးသတဲ့ကွယ် ။လူတွေလည်း လောင်းကြ ၊စားကြ ၊ လျှော်ကြ၊ပြေးကြ နဲ့ ပေါ့ ။
အဲဒါနဲ့  တိုင်းခန်းလှည့်ဝေဟင်ခရီးဆက်ကြတယ် ။ လူတွေကတော့ ငတ်တုံး ပြတ်တုံး ။ရောဂါတွေ ပွထ ၊ ဟို နာ ဒီနာ ။ နာ နေကြတုံး ဘဲ ။ အဲဒီတော့ သနားကြင်နာတတ်တဲ့  ဘုရင်ကြီးက လူတွေ စားဖို့  သောက်ဖို့ ပေးစေ သတည်း အမိန့် တော့မြွက်လိုက်တာ နဲ့  မကြာပါဘုး ။ စားဖို့  ကြက်ဥ အတုတွေရယ် ။ ဟိုနာ ဒီနာရင်သောက်ဖို့  အကိုက်အခဲပျောက်ဆေး MFP တံဆိပ် နဲ့ အနာဂျက်ဆင် ဆေးတုတွေ ရယ် လှိမ့် ပြီး ဝင်လာ လိုက်ကြတာရယ်လေ ။ လူတွေလည်း မူးကြ ၊ အန်ကြ ။ အစာအိမ် သွေးထွက် ။ ရိုးတွင်းချဉ်ဆီတွေ ခမ်းခြောက်လာကြနဲ့  ပေါ့ ။
ဘုရင်ကြီးက ကြည့်ပြန်တယ် ။ တိုင်းပြည်ကြီးလည်း မတိုးတက်သေးပါကလား လို့  ။
တိုင်းသူပြည်သားတွေ အလုပ်လက်မဲ့  ဖြစ်နေကြလို့ ပါဖျား ။
အိမ်း ။ ဟုတ်ပေသားဘဲ မင်းတို့ ပြောတော့ ငါ့တိုင်းပြည်က GDP နှစ်စဉ်တက်နေတာ ဘယ်နှစ် ရာနှုန်းတောင် ရှိနေတယ်ဆိုကွာ ။ဘယ်နှာကြောင့် အလုက်လက်မဲ့တွေများတယ်ပြောရတာတုံး ။ သံတော်ဦးတင်စေဗျား။
ခေါင်းကြီးက ဖြီးရပြန်ပြီပေါ့ ။ မှန်ပါဖျား မီးအတက်အကျ မမှန်တာ နဲ့ ကွန်ပူတာကြီးလည်း တွက်တာချက်တာ အနည်းငယ်မျှ လွဲချော်သွားခြင်း ဖြစ်နိုင်ကြောင်းပါဖျား ။
ကဲ ။ ဒါဆို ငါ့ တိုင်းသူ ပြည်သားများ အလုပ်ရစေ ။
ဒါနဲ့ ပဲ ရွှေနိုင်ငံသားများ ဟာ စလုံး တို့  ။ယပက်လက်တို့  ။ ဖဦးထုပ်တို့  ။ မလေး တို့၊ ဒူးဘိုင်း ပေါင်ဘိုင်းတို့ မှာ အလုပ်တွေ ဖေါဖေါသီသီ သွားပြေးလုပ်လို့  ရသွားကြသတဲ့ ကွယ် ။ဒီိ လိုနဲ့  အေ အကိုက်ခံရတဲ့  အပိုဆု ပေါက်သူတွေ တောင် ရှိကြတယ် ဆိုဘဲ ။
ဆက်လှည့် တယ် တိုင်းပြည်ကြီးကို ။
လူတွေ ကျီးလန့် စာ စားနေကြရပါလား မင်းကြီးများ ရဲ့ 
။ဘေးက မူးမတ်ကြီးကပြောတယ် ။မူးလိုက် မတ်လိုက် နဲ့ လူကြီးပေါ့ ။
အဲဒါ ဘုရင်ကြီးတိုင်းပြည်ထဲမှာ သူခိုးတွေ သောင်းကျန်းနေလို့ပါ ဖျား ။
ဟေ ။ဒီလိုဆိုရင် သူခိုးရော ။ ဝင်ခိုးချင်အောင် မြှူဆွယ်တဲ့  အိမ်ရှင်ရော ထောင်ချ လိုက် ။ဒါဆို နောက် ဘာခိုးမှုမှ ဖြစ်စရာ အကြောင်းမရှိတော့ ပေဘူး ။
မှန်လှပါဖျား ။ ကဲ ခိုးသူ ၇ နှစ် ။ အိမ်ရှင် ၃ နှစ် ကျစေ ။နောက်စိတ်ပြောင်းရင် ပြင်ပေးမယ် ။သိပ်မကြာပါဘူး ။ဘဝရှင် မင်းတြားကြီး စိတ် က ရှုံ့ ချည် ပွချည် နဲ့  ၁နှစ်ခွဲ ပြင်စေ ။ အဲ နေအုံး ဆိုင်းငံ့ ဆိုတာလေးလည်း ထဲ့ ပေးစေ ။
တိုင်းခန်းလှည့် ခရီးစဉ်ကြီး ဆက်ကြပြန်ရော ကွယ် ။ ဒါပေမဲ့ သူ့ တိုင်းသူ ပြည်သားများ ဟာတနေ့ တခြား ဖွတ်က တောင် အဘ ခေါ်ရလောက်အောင်ကို ဖွတ်တက်ပြီးမွဲ နေ ၊ ငတ်နေကြသေးသတဲ့  ။ဘေးက အမတ် ညာလက်ရုံးက အကြံပေးပေါ့ ။ ငွေစက္ကူတွေ စုတ်ပြတ် နံစော်နေကြတာ ဟိုကပြော ဒီကပြော နဲ့ အတော်လေး အပုတ်နံ့  ထွက်နေပါပြီ ဖျား ။
အိမ်း ဟုတ်ပေသဗျား ။ ကဲ ၁၀ တန်၊ ၂၀ ကျပ်တန်တွေ လူတဦးကို ၁၀ ရွက်နှုန်းနဲ့ ပြန်လဲပေးစေ ။
ဘုရင်ကြီးလည်း သူ့ ပြည်သားတွေ အတွက် လိုအပ်တာတွေကို အကောင်းဆုံးလုပ်ပေးလိုက်ပြီ ဆိုပြီး ကျေနပ် နေသတဲ့ကွယ် ။
ဒီလို နဲ့  အချိန်တွေ အတော်ကြာအောင် လှည့်  နေလိုက်တာ လေ ။ လှည့်လိုက် ။ လုပ်လိုက် ။ စုတ်လိုက် နဲ့  ဘယ်လိုမှ ကောင်းမလာဘူးတဲ့ကွယ် ။
ဘေးက အကြံပေး မူးကြီးမတ်ရာ ဆွေတော်မျိုးတော် တသိုက်လည်း ကြံရာ မရပေါ့နော် ။သူတို့လည်း စိတ်ကောင်း စေတနာကောင်းတွေနဲ့ ဒီလောက်တောင် လုပ်ပေးနေရဲ့ သားနဲ့  ဒီတိုင်းပြည်ကြီး ဘာလို့  မကောင်းစားသေးတာ ပါလိမ့် လို့  လေယာဉ်ကြီးပေါ်မှာခေါင်းချင်းရိုက် စည်းဝေးနေကြတာပေါ့ကွယ် ။
ဒီတော့ ဘေးက မောင်ပိုင်းလော့က မနေနိုင် တော့လို့ ဝင်ပြီး အကြံပေးလိုက်ပါသတဲ့ကွယ် ။
တင်ပါ့ ၊ မင်းတရားကြီးဖျား ။ ဘာတွေ ဘယ်လောက်လုပ်ပေးပေး ထူးခြားမှာမဟုတ်ပါဘူးဖျား ။ အကောင်းဆုံး နဲ့  နောက်ဆုံး တခုဘဲ လုပ်ဖို့  ကျန်ပါတော့တယ်ဖျား ၊ ဒီလေယာဉ်ကြီးပေါ်မှာ ရှိနေတဲ့ သူအားလုံး ဒီ အမြင့်ကနေ ခုန်ချလိုက် ဖို့ ပါဘဲဖျား ။
ကဲ ..ပုံပြင်လေးကတော့ ဒါပါဘဲကွယ် ။ ပုံပြင်ဆိုတော့ ပုံပြင်ဘဲပေါ့နော် ။မယုံရင် ပုံပြင်လို့သာ မှတ်ကြတာ ပေါ့ကွယ် ။
►Posted by
:kiki
:
at
8/15/2009 05:00:00 PM
Subscribe to:
Post Comments (Atom)
10 comments:
ဟီဟီ
မီးပထမ ပြန်လာမယ်
အားဖူးနော်းးးးးးးးမမ
ပထမရချင်လို့ လာတာသိလာ
ချစ်တဲ့
ရုံလေး
ဟောဗျာ.. မကိကိတို့တော့ လက်စွမ်းပြလိုက်ပြီ။ အဟီး.. ဖတ်လို့ကောင်းတယ်.. ဘာဖြစ်မလဲ ဘာဖြစ်မလဲနဲ့ ဖတ်လာလိုက်တာ ခုန်ချမှပဲ ပြီးတော့တယ်။ နည်းတောင် နည်းသေးတယ်...
yu ya
ခြေသားလုံး အိမ်တိုင် မို့ ဒီအိမ်မှာနေပါရစေ
ဟို တယောက် တစ် တော်တော်လိုခြင်လား
ဘယ်သူမှမမန့်သေးတဲ့ blog တွေလိုက်ပြမယ်
ပြန်လာဖတ်မယ်တဲ့ ဖွားကိ မယုံနဲ့ညာတာ
ဖွားကိကိုပုံပြန်ပြောသွားတာ အဲဒါ
ဒေါ်ကိရယ် ဖတ်ရင်း ရယ်လိုက်ရတာ ဟားဟားးးးးးးးးးးးးးးးးးး
ကိ..ရှေ့ကနေပုံပြင်တွေရေးလိုက်....စာဖတ်သူတွေက... ၀ိုင်းပြီမန့် ပေးလိုက်နဲ့ ပျော်စရာကြီးနော်...ကျနော်တော့ နောက်မှဘဲမန့် ပေးတော့ မယ်..အဟိဟိ...................ပုံပြန်ပြောသွားသည်....ခင်တဲ့ သုဒြေ္န
အိုး...........သိပ်ကောင်းတဲ့ ပုံပြင်တစ်ပုဒ်ကိုဖတ်လိုက်ရတယ်.... ပိုင်းလော့လေး တော်ချက်ကွယ်.... ။ ဘုရင်ကြီးနဲ့အပေါင်းအပါ တစ်သိုက်ကို ဘယ်လို လုပ်သင့်လဲ အမှန်ဆုံး ပြောနိုင်တယ်..။
မယုံရင်ပုံပြင်လို့မမှတ်ဘူး
မယုံရင်မမကိလို့ပဲမှတ်လိုက်မယ် ဟဲဟဲ
ထိမိတဲ့သရော်စာလေးတစ်ပုဒ်ပါပဲ
ငနဲတွေတော့စွေ့စွေ့ခုန်နေကြဦးမယ်
ဘာပြောရမှန်းမသိပါဘူး
ပုံပြင်ဆိုတာ ကလေးအကြိုက်မို့ ကလေးတွေ ဖြစ်တဲ့ကျွန်တော်တို့လဲ ကြိုက်ပါတယ်
ဘာတွေရေးရေး အမြဲလာဖတ်နေပါ့မယ်... ဒါပေမယ့် ပုံပြင်ဆုံးရင် အိပ်မပျော်သွားတဲ့ ကလေးအဖြစ် မရှိစေချင်ပါဘူး... အလိုက်တသိပျော်အောင် အိပ်လိုက်ပါ့မယ်...
ပုံပြင်လေးဖတ်သွားပါတယ်... ပုံပြင်ထဲမှာတောင် ခုန်ချမယ်မထင်ပေါင်
မရေ.............
ရုံလေးလာဖတ်တယ်သိလား
အဲ့ကြယ်စုတ်ကလေးကလေ
ရုံလေးကိုမနာလိုနေတာသိလား
သူ၁ မရတိုင်း ခြေသလုံးအိမ်တိုင်တဲ့လား
ကောင်းတယ် အဲ့ထက်လှတဲ့နာမည်ပေးသိလားသူ့ ကို
ကြည့်မရဖူးးးးးးးးးးးးးးးးးးးးးဟွန့်  သူများကိုပဲလာပြေားတယ်
ချစ်တဲ့
ရုံလေး
Post a Comment