ဒီနေ့ တော့ ပုံပြင်လေး တပုံ ပြောပြမယ် ၊
ဟိုရှေးရှေးတုန်းက အာဏာစက် မရောက်နိုင်တဲ့ နေရာ မှာလူဆိုးသူခိုးတေလေဂျပိုးတွေ နေတဲ့ အလွန့် အလွန်ကို ကြီးမားတဲ့ နေရာ တခုရှိသတဲ့။
အဲ့ဒီနေရာမှာ ဘုရင်မရှိတဲ့အခါကျတော့ ခုသူခိုး ဂျပိုးတွေ အားလုံးပေါင်းပြီး ဘုရင်တယောက်ကို ရွေးလိုက်ကြတော့တာပေါ့။
အဲ့ဒီလို နဲ့ အမိုက်ဆုံး နဲ့ ဥာဏ်ပညာမရှိဆုံး တကောင်က ဘုရင်ဖြစ်လာပါလေရော့လား.....
သူလည်း ဘုရင်ဖြစ်ရော ၊ ရွှေဥာဏ်တော် စူးရောက်စွာ နဲ့ တတိုင်းပြည်လုံးမှာ ရှိတဲ့ ပစ္စည်းမှန်သမျှကို ငါးမူးနဲ့ ပဲ ရောင်းခိုင်းတော့တယ်။
သူ့ ဟာသူ အပြင်မှာ ဘယ်လောက်ပဲ ဈေးများများ အဲဒီ နိုင်ငံမှာတော့ ငါးမူးပဲ. ။တပွဲ ကို ၈၀၀ကျပ် လောက်ဈေးရှိတဲ့ ထမင်းကလဲငါးမူး ပဲပေးရတယ်။ ရွှေတပိသာလဲ ငါးမူးပဲ ။ ရေတခွက်လဲ ငါးမူးပဲ ပေါ့ ။
တနေ့ မှာတော့ ဒေသန္တရ ဗဟုသုတ ရှာဖို့ ထွက် လာတဲ့ တက္ကသီလ က ဆရာနဲ့သူ့ ရဲ့ အထူးချွန်ဆုံး တပည့် လည်ရင်းပတ်ရင်းနဲ့  အဲ့ဒီနိုင်ငံ ရောက်လာကြတယ် တဲ့  ။
အမျှော်အမြင်ကြီးတဲ့ ဆရာက တော့အဲ့ဒီဒေသ ကို သိပ်သဘောမတွေ့ ဘူးပေါ့။ သူ့ တပည့် က တော့ မတရား သဘောကျတယ်.
အရာအားလုံး ငါးမူးပဲ ကိုး ။
တပည့်  လုပ်သူမှာ က ပိုက်ဆံ ၈သိန်းတောင်ပါလာတာဆိုတော့ တသက်လုံး နေလို့ ရတယ် လို့ တွက်တာပေါ့။
ပြန်မယ့် အချိန်လည်းရောက်ရော တပည့်ဖြစ်တဲ့သူ ကမပြန်ချင်တော့ဘူး။

ဆရာက ပြောတယ်
ဒီမှာ ငါ့တပည့် စဉ်းစားဥာဏ် မရှိတဲ့သူ အုပ်ချူပ်တဲ့ တိုင်းပြည်မှာ မနေ သင့်ဘူး ။ မင်းတနေ့ ကျ ဒုက္ခရောက်မယ် လို့ ပေါ့လေ ။
တပည့် က နားမဝင်ဘူး ၊ .. အနော် ကဒီနေရာမှာနေရင် တသက်လုံး ထိုင်စားနေလို့ ရတယ် ဆရာကြီးရေ။ ပညာသင်တာ က အဲ့ သလို နေ ဖို့ ပဲလေ တို့ ဘာတို့ ပြော ပြီးတော့။ သူ ဒီနေရာမှာ နေချင်ကြောင်းကို ထိုင်ပြောနေတော့ ဆရာ ဖြစ်သူ လက်လျှော့ ရတာပေါ့ ။
ဆရာပြန်ခါနီး သူ့  တပည့်ကို ဂါထာတပုဒ် သင်ပေးလိုက်တယ် တဲ့ ။ တပည့်ကြီးရေ တကယ်လို့ ဆင်းရဲ ဒုက္ခတွေ့ နေ ရရင် ဒီဂါထာ ကို တခါရွက်လိုက် ၊ ဆရာရောက်လာမယ် လို့ ပြော ပြီးတော့ ပြန်သွားပါလေရော ကွယ် ။
တပည့် က လည်း ဟုတ်ကဲ့ခင်ဗျား လို့ ပြော ပြီး အဲ့ဒီ နိုင်ငံမှာ နေခဲ့တော့တာပေါ့ ။ ပြီးတော့ ငါးမူးတန် အစားအစာ တွေ စားရင်နဲ့ မတရား ကြီး ကို ၀လာတယ်. ၀တာမှ တကယ် ကို အကြီးအကျယ် ၀လာတာ. တဲ့ လေ ။
တရက်မှာ အဲ့ ဒီနိုင်ငံမှာ သူခိုးတယောက် သေဆုံးသွားတယ် ။ဘာ လို့ လည်း ဆို တော့အမတ်ချူပ်ကြီးရဲ့ နေ အိမ်ကို အုတ်တံတိုင်း
အပြင်ဘက်ကနေ ပြီးတော့ မြောင်းဖောက်ပြီး ၀င်တာ ၊ အုတ်တံတိုင်း ပြို ကျလို့ ခေါင်းပြားပြီး သေသွားတယ် ။အဲဒါကိုသူခိုးမိန်းမက မကျေနပ်ဘူး ။ ဘုရင် ကြီးကို သွားတိုင်တယ်
းးးးးးးအိုဘယ့် ရေရှင် မြေရှင် ခြံစည်းရိုးပိုင်ရှင် ဘ၀ရှင်၊ အမိုက်တကာထိပ်ခေါင် ကိုယ်တော်မြတ်ကြီးဘုရား
အကျွန် မျိုး ချစ်လင် မတော်မတရား သေဆုံးခြင်းကို တရားသဖြင့် ဆုံးဖြတ် ပေးတော်မူပါ ၊သူ့ ခမျာ ၊ မယားကျွေးရန် စီးပွားရှာ ခြင်းသာ ဖြစ် ပါ သည်.မရှိသောကြောင့်  ခိုး မိခြင်း ကို အ ပြစ် ဟု မဆို သင့်ပါအရှင်မင်းကြီးဘုရား ...
ဒီဘုရင် ကလည်း တရားမျှတမှုဆိုတာကြီး ကို မြတ်နိုးတတ်သလို လို ဖြစ် လာ တယ်။ အဲ့ဒါနဲ့  အမတ်ချူပ် ကြီးကို သေဒဏ် ပေးလိုက်တယ်။ သေဒဏ်ဆိုတာ က ကြိုးပေးသတ်စေ ပေါ့ ။
အမတ်ချုပ်ကြီးကအယူခံဝင်တယ် ။
အရှင်မင်းကြီး ထိုအခြင်းအရာမှာ ပန်းရံဆရာနှင့်သာ သက်ဆိုင်ပါသည်။
ဒါနဲ့  ၊ ပန်းရံဆရာ ကို ကြိုးပေးစေ တဲ့
ပန်းရံ ကလည်း လျှောက်ပြန်တယ် ၊
မှန်လှပါဘုရား အကျွန်နှင့် လားလားမျှသက်ဆိုင်ခြင်းမရှိပါ ။ ဘိလပ်မြေရောစပ်သူ အလုပ်သမား အသုံးမကျမှုကြောင့် ဖြစ်ပါသည်.၊
ဘိလပ်မြေရောစပ်သူ ထိုအလုပ်သမားအားယခုချက်ချင်းပင် သေဒဏ်ပေး၍ ၊ တရားမျှတမှုကို တည်ဆောက်အံ့
မောင်အလုပ်သမားကလည်းလျှောက်တင်ပြန်တယ် ၊
ဘ၀ရှင်မင်းတရားကြီးခင်ဗျား ၊ ရေထမ်းသမား ရေပို ဖြည့်ထားသောကြောင့်ဖြစ်ပါသည်၊။
ရေထမ်းသမားအားသေဒဏ် ပေးစေ ။
ရေထမ်းသူလည်းမခေပါဘူး ၊ လျှောက်လိုက်တာကတော့
အရှင်မင်းကြီး အကျွန်ရေဖြည့်ခြင်းမှာ ပုံမှန်သာဖြစ်ပါသည်၊ အိုးကြီးနေပါသောကြောင့် ရေပို ထည့်မိခြင်းဖြစ်ပါသည် ၊
အိုးထိန်းသည် အားသေဒဏ်ပေးစေ ။
အိုးသည် ကထပ်လျှောက်တင်ပြန်တယ် ။ ကျွန်တော်မျိုး လက်က ပုံမှန်လက်ပါခင်ဗျာ ။

ပုံမှန်အတိုင်းဆိုရင် ရေအိုးကြီးစရာ အကြောင်းမရှိပါဘူး ။
ဒါပေမယ့် အဲ့ဒီနေ့ က အိုးလုပ်နေတုန်း အင်မတန်တောင့်ဖြောင့်တဲ့ အမျိုးသမီး ၊အကျွန်ရှေ့က ခဏခဏ ဖြတ်သွားဖြတ် လာလုပ်ပါတယ်
ထိုအမျိုးသမီးအား ငေးကြည့်မိသောကြောင့် အိုးကြီးရ ခြင်းဖြစ်ပါသည် ။
ဒီတော့ လွယ်ပါတယ် ၊ ဖြတ်လျှောက်သော တောင့်ဖြောင့်တဲ့ အမျိုးသမီး အား သေဒဏ်
အမျိုးသမီးက ထပ်လျှောက် ပြန်တယ် ။ မှန်လှပါ ကရုဏာ ကြီးမားလွန်းပြီး ၊အစွန်းရောက်မိုက်ခြင်းတရားဖြင့် နိုင်ငံတော်ကို သာယာဝပြော လှစေသူ ဘ၀ရှင်မင်းတရားကြီးရှင် ၊အကျွန်မျိုးမ ဖြတ်လျှောက်ခြင်းမှာ ဒိုဘီအား အ၀တ်အပ်ထား၍ လျှော်ပြီးမပြီး သွားရောက်စစ်ဆေး ခြင်းသာ ဖြစ်ပါ သည် ။မပြီးသောကြောင့် အကြိမ်ကြိမ် သွားမေးရခြင်း ဖြစ်ပါ သည် ၊
ဒီလို နဲ့ ပဲ ဒိုဘီ သမား ကို လှမ်းခေါ်လိုက်တယ် ။
ဘုရင်ကြီး မိန့်တော်မုပုံ က
မောင်မင်း .အသင်အ၀တ်အစား ကို အချိန်မှီ မလျှော်ဖွပ်နိုင်သောကြောင့် ထို မိန်းမ အကြိမ်ကြိမ်ဖြတ်ရလေသည်
ငေးမိသော အိုးထိန်းသည် ကြောင့် ထိုအိုးသည် နဂိုအရွယ်အစားထက် ကြီးမားလာတော့သည် ။
ရေ ဖြည့်သော လုလင်က ရေ ပို ဖြည့်မိလေရာ
ဘိလပ်မြေရောစပ်သူ က ရေများများ လောင်း၍ အင်္ဂ့တေ ပျော့သွားသည်
ထို့ ကြောင့် ပင် ပန်းရံဆရာ တည်ဆောင်သော အမတ်ချူပ်ကြီး နေအိမ် အုတ်တံတိုင်း ပြို ကျ၍ သူခိုး သေဆုံးရလေသည်.
ငါကိုယ်တော်မြတ်၏ သေချာတိကျသော ဆက်ဆပ်တွေးခေါ်မှုကြောင့် အသင်တရားခံ၊ ပြေးမလွှတ်တော့ချေ၊
အသင်၏ထင်ရှား ကြီးမားလွန်းလှသော ပြစ်ချက်အတွက် သေဒဏ် ကျစေ ။
ကံဆိုးချင်တော့ ကြိုးကွင်းက အသေကြီး တဲ့ ။ အလျှော့အတင်းလုပ်လို့ မရ ဘူး
ဒိုဘီက အရမ်းပိန်လွန်းတဲ့အခါ ကြတော့ ဘယ်လို မှ စွပ်လို့ မရဘူး
ဘုရင်ကြီးက အသိညဏ် ကြီးမားစွာနဲ့ မိန့် တော်မူတယ်

ဒီကောင့်ခေါင်းက မတော်ဘူး ။ တော်တဲ့ ကောင်ကို ရအောင်ရှာ ပြီး ကြိုးပေးစေ။
ဒီလို နဲ့ မင်းချင်းတို့ ရှာလိုက်ကြတော့ ခုနက တပည့်ကလေး ကို သွားတွေ့ တယ် တဲ့ ။
သူက အရမ်းဝနေတော့ ကြိုးကွင်းနဲ့ ကွက်တိဖြစ်နေ တာ ကိုး။ ဒါနဲ့ သူ့ ကို သေဒဏ် ချလိုက်ရော။
တပည့်က ဆရာပေးတဲ့ ဂါထာကို မန်းမုတ်လိုက်တယ်ဆိုရင်ပဲ ဆရာ ချက်ချင်းရောက်လာတယ် ။ဆရာ တပည့် နှစ် ယောက်က တယောက် ကို တယောက် အချက် ပြ ပြီး ၊ ကြိုးကွင်းထဲ သူဝင်မယ် ငါဝင်မယ် လို့  လုနေလိုက်ကြတာမှ မသတ်ရုံ တမယ် ပဲ လို့ ကို ထင် ရတယ်
ဘုရင်ကြီးအံ့သြ တာပေါ့ ။ ဘယ့်နှယ် သူများတွေ က သေဖို့ ကြောက်နေတဲ့ အ ချိန်မှာ ဒီနှစ်ကောင် ကြိုးကွင်းကို ပြိုင်လုနေရတာတုန်း
ဘုရင်ကြီးက မေးလိုက်တာပေါ့ ။ ဘာ လို့ လည်းပေါ့နော်
ဆရာက ဖြေတယ်
မှန်လှပါ တရားသဖြင့်လောကပါလနတ်မင်းအား အစဉ် ပြုံးရွှင်စေတော်မူသော အိုဘယ့်သမာ သမတ် အရှင်မင်းကြီးခင်ဗျား
အကျွန်က တက္ကသီလ မှ ဆရာတည်း ၊ ဗေဒင်သုံးပုံ ကို အရည်ကျို သောက်ခဲ့သူ လည်း ဖြစ် ချေတော့သည်တမုံ
ယနေ့ နက္ခတ် ၊ဂြိုလ် ၊တို့ ၏ တည်နေရာအား သေချာတိုင်းတာ၍ စစ်ဆေးကြည့်ရာ ယနေ့ သေသောသူ သည် သည် မလွှဲဧက မုချအမှန် စကြ၀တေးမင်း ဖြစ်လတ္တံ့။ သို့ဖြစ်ပါ၍ ကြိုးကွင်းလုနေခြင်း ဖြစ်ပါသည်။
ဘုရင်က အံကြိတ်ပြီး ရှေ့တိုးလာတယ်။
သယ်............ငါ ကိုယ်တော်မြတ်ရှိရက်နဲ့ သည်ငမိုက်သားတွေ စကြ၀တေးမင်း ဆုကို ယူစရာ
အကြောင်းမရှိ ။ နင်တို့ ဖယ်ကြကွယ်ရို့ ........ဟူသတည်း...........။
ရယ်စရာပါမက တွေးစရာပညာရစရာတွေပါ ရှိပါတယ်။ အားလုံးပျော်ရွှင်ကြပါစေ။
ရယ်စရာပါမက တွေးစရာပညာရစရာတွေပါ ရှိပါတယ်။ အားလုံးပျော်ရွှင်ကြပါစေ။
(သူငယ်ချင်းတယောက်ဆီမှ ရသော forward mail ကို ပြန်လည် မျှဝေ ပါတယ် ။မူရင်းရေးသားသူ အမည် မပါလာလို့  ဒီမှာပြန်လည်ဖေါ်ပြပေးခြင်း မလုပ်နိုင်တာပါ ။ သိသူများရှိရင် ပြောပြပေးစေ လို ပါတယ်။ ဒီလို တိုင်း ပြည်ကြီးမှာ နေရတာဆိုရင် လည်း စိတ်ပိန်ပါတယ် )
►Posted by
:kiki
:
at
8/13/2009 02:00:00 AM
Subscribe to:
Post Comments (Atom)
19 comments:
အားးးးးးးးးးးး
ဒီမှာလဲ တစ် ရတာပဲနော်။ ဟိဟိ
မမကိရေ
ရယ်ရတယ်ဗြဲ
ကျနော်တို့ရဲ့ရေမြေ့အရှင်ကြီးကိုလည်း ဒီလိုလုပ်ပြမှနဲ့တူတယ်
အခုသေတဲ့လူ နတ်သမီးအပါးတစ်ထောင်နဲ့
နေ့ချင်းပျော်စံရမယ်ဆိုရင် အဟိ
ချက်ချင်းပဲ လိုက်dieမလားမသိဘူး
စကားဆိုတာကလည်းဆင်ခြင်ရသေးတယ်ဗျာ
မနေ့ကပဲ ကျနော့်cboxကိုတစ်ယောက်ဝင်ခြောက်သွားပြီ
ကြည့်လိုက်တော့ ရုရှားကဖြစ်နေပါပေါ့ ဟဟ
သမီးကြီးကိုမကျေနပ်ဘူးဗျိုးးးးးးးးး
သူချည်းတစ်လိုက်ယူနေတယ်
နေဦး.... အိပ်တော့မယ်ဆိုမှ သူ့အိမ်ရှေ့အသံပြဲ
ကြီးနဲ့သီချင်းသွားဆိုရဦးမယ်
မှတ်ရော့လဟယ် :P
ပေါက်ပင်က အသက်ကြီးလို့ကိုင်းတာနေမှာပေါ့အေ..... ဟန်.... ဟုတ်လားမသိ............
သံကွင်းစွပ်တရားတော်နဲ့တူနေသလိုဘဲနော်။
ခုခေတ်ကြီးလဲ အဲဒီလိုများဖြစ်နေပြီလားမသိ။
ဖွားကိရေ သူတို့ရှေ့မှာ အဲလိုသွားပြောရင် ဖယ် ဖယ် ငါအရင် သူအရင် ဆိုပြီး ဦးသန်းရွှေနဲ့ ဦးမောင်အေး လုနေမလား မသိဘူးနော် (အဟီးးး နံမည်တူရင် ခွင့်လွှတ်နော် မီးပြောချင်တာ မီးတို့ အရပ်ထဲက လူနှစ်ယောက်ကို ဆိုလိုတာပါ ) ဟားးးးးးးးးးဟားးးးးးးးးးးး ငါတော့ ခေါင်းကြိမ်းတယ် ဟင့်
ရီရတယ်....
ကောင်းတယ်ဗျို့
သားသားတော့ စကြာဝတေးမင်း မဖြစ်ချင်ဘူးနော်...
သားသားက လောကီကို စိတ်ကုန်လို့
နိဗာန်သွားရာလမ်းကြောင်းကိုပဲရှာမှာလေ...
အဲလမ်းကြောင်းပေါ်မှာ ကောင်မလေးတွေ....
ဘယ်နှယောက်များ ပါမလဲဆိုတာပဲ ကြည့်နေတာလေ...
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ငှက်ရေ ကြောက်ဘူးလားအေ့။
နာ့တော့ကြောက်ဒယ်။
ရွှေရွှေနဲ့ အေးအေး လုမှာပါအေ့။
တကယ်ရီရတယ်နော်..... တရားခံရှာတာများ မိုက်မှ မိုက်ပဲ ဟရို့..... နည်းသစ်....
မပြောလိုပါ မနေလိုပါ လုံးဝကို မနေလို ပါ အမား
စားလည်းမစားလိုပါ မသောက်လိုပါ
နဂို အရက်လေးသောက်နေရရင်ကိုပဲကျေနပ်လှပါပြီဗျ အမားရ
အဲ့လို နေရာမှာတော့မပို့ ပါနဲ့ နော် :D
ဟဟ နောက်ဆုံးတော့သူကိုယ်တိုင်သေရပါလားဟေ။။
ဟိး၂
ခဏခဏလာလည်တာကျေးဇူးတင်ပါ၏ အချိန်ရောင်းစားတာများသွားလို့ နောက်မှလာခဲ့ပါရစေ
ပြုံးသွားပါတယ် မူလီတွေတော့မဟုတ်ဘူး
အတွေးမျိုးမျိုးတွေကြမယ် ပို့စ်လေးပါ ... ဘယ်သူတွေဘယ်လိုတွေးကြမလဲ ငါကရောဘယ်လိုတွေးလိုက်ရမလဲ..
မတွေးတတ်တော့ဘူး
အစ်မရေရောက်တယ်နော် အစ်မဘလော့ လင့်သီချင်းလေးကနားထောင်ကောင်းတယ်နော် ကျေးဇူးပါအစ်မရေ အစ်မဂျီမေးလ် လိပ်စာလေး ပေးပါလား
ဟီးဟီး ဒီလောက် ဉာဏ်ပြေးတဲ့ ဘုရင်ကြီး တေတာကောင်းတယ်။
ကိေ၇..အဲဒီဘုရင်ရွေးပွဲပုံပြင်လေး..ကျနော်လဲကြားဘူးတယ်...ဒီလိုတဲ့ ..သူတို့ ရွေးမဲ့ ဘုရင်.အလွန်မင်းမိုက် မဲသူဇြစ်ရမယ်ဆိုတော့ ...အမိုက်ပြိုင်ပွဲ..ကျင်းပသတဲ့ ...သူ့ ထက်ငါအမိုက်ပြိုင်ပြတာပေါ့ လေ...တချို့ ကစီးခြင်းပြိုင်ထိုးဝန့် တဲ့ အကြောင်းပြောတော့ ဝိုင်း.ပြီးတော့ ရီကြသတဲ့ ..ဒါလေးများဆိုတဲ့ သဘောပေါ့ .....တချို့ ကြတော့ လဲ...ဒမြတိုက်ရဲတယ်ပေါ့ ...ဒါကိုလဲ..မင်းလောင်းရွေးချယ်ရေးအဖွဲ့ကအသိမှတ်မပြုပြန်ဘူးတဲ့ .တချို့ ကလဲမိန်းမပျိုလေးတွေ..အဓမ္မပြုရဲတယ်ပေါ့ ဒါဟာလဲသူတို့ အတွက်အသေးဖွဲဖြစ်နေပြန်တယ်လေ.....ဒီအချိန်မှာလူတယောက်ကပြောပြန်တယ်.သူကတော့ လူတောင်သတ်ရဲတယ်တဲ့ ခုသတ်ရမလားဆိုပြီးဘေးကလူတယောက်ကိုသတ်လိုက်တော့ တာပေါ့ ..မင်းလောင်းရွေးနေတဲ့ လူအုပ်ကြီးတောင်ထိတ်လန့် သွားတယ်ဆိုဘဲ...အဲဒီလိုတွေရှုပ်ရှုပ်ထွေးထွေးဖြစ်နေတုံး...ဗြုန်းကနဲဆို.....အဲဒီလူသတ်သမားရဲ့ ဘေးနားကို..ခွေးဘီလူးရုပ်နဲ့ လူကြီးတယောက်ရောက်လာပြီး...အဲဒီလူသတ်သမားခေါင်းကိုသူ့ ရဲ့ သန်လျှက်ဒါးနဲ့ တိကနဲ.မပြောမဆိုဖြတ်ချလိုက်ပြီးမှ...ပြောလိုက်ပုံက..(အိညောင်အိညောင်သံနဲ့ ...သိတယ်နော်)ငါကတော့ ..လူသတ်သမားကိုသတ်ရဲရုံမျှမက..ဘုရားသားတော်ဖြစ်တဲ ့...သံဃာတော်တွေကိုတောင်သတ်ရဲတယ်ကွ..လို့ ပြောပြီး..တိုင်းပြည်ကိုအုပ်ချုပ်ဘို့ သူရောက်လာတာဖြစ်တယ်ဆိုပြီး....ပလင်ပေါ်ကိုတတ်ထိုင်လိုက်တော့ တာဘဲတဲ့ ..ကြားဘူးတဲ့ ပုံပြင်လေးကတော့ ဒါပါဘဲကွယ်...ကမ္ဘာပေါ်ရှိလူသားအားလုံးကိုယ်စိတ်နှစ်ဖြာကျမ္မာချမ်းသာတော်မူနိုင်ကြပါစေခင်ဗျာ....အားလုံးကိုခင်တဲ့ သုဒြေ္န
တယ်ဥာဏ်ရှိတဲ့ ဘုရင်ပဲ...
တို့တိုင်းပြည်က ဘဝရှင် မင်းတြားကြီးက အဲဒီလောက် ဥာဏ်မရှိသေးဘူး...
ငှဲငှဲငှဲ... ဝူးထွားဟားဟား... ဗြဲ
းဝ)
ရယ်ရတယ်ပုံပြင်က။ မိုက်တယ်။
စကြ၀တေးမင်း ဆိုတော့ ကျွန်းကြီးလေးကျွန်း ၊ ကျွန်းငယ်နှစ်ထောင်တောင်ပိုင်ရမယ်ဆိုတော့ ကြိုးကွင်း စွပ်မိမှာကိုမတွေးမိတော့ဘူးကိုးးးး
အို. အသင် လောက....
Post a Comment