Aug3,2009
လေးစားရသော တိုင်းရင်းသားတယောက် ...ဟိုပြောင် ဒီတိုက် ဘလောဂ်ဂါကြီး ဗိုလ်ချုပ် ဦးကို လူထွေး ၏ ဝါးလုံးသိမ်းကြုံးရိုက်ချက်တက်ဂ် တိုက်ပွဲကြီး အတွက် မအားမလပ်အောင် ဘလောဂ်လည်ရင်းတာဝန် တဖက်ဖြင့် အားကြိုး မာန်တက် ရေးချင်ပေမဲ့ အားပြတ်နေတဲ့ အတွက် ဦးဆုံးသတိရမိသူက လက်လှမ်းမှီရာ တိုင်းရင်းသား လူနာများစွာအတွက် ကိုယ်ကျိုးမဖက် ပဲ ကြိုးစားပြီး ကျန်းမာရေး လူမှူရေး အခန်းကဏ္ဍမှာ ရှေ့တန်းမှ ပါဝင်နေသော ဒေါက်တာ စင်သီယာမောင်။။။
အရှေ့တောင်အာရှ လူ့ အခွင့်အရေးနှင်ငြိမ်းချမ်းရေးဆုရှင် ဒေါက်တာစင်သီယာမောင်(မယ်တော်ဆေးခန်း)
သူမ ဟာ မျိုးချစ်စိတ် ရှိသော ကရင်တိုင်းရင်းသူတယောက် ။ သူမ တတ်ကျွမ်းထားသော အသက်ကယ် ဆေးပညာ ဖြင့် တဦးတယောက် ချမ်းသာရေးအတွက် မြို့ ကြီးပြကြီးမှာ တွယ်ကပ် ပြီး စီးပွားရေးဆန်သော ဆေးခန်း၊ဆေးရုံကြီးများ မဖွင့် ၊မလုပ်ခဲ့  ။ ဝေးလံခေါင်ဖျား နယ်စပ်ဒေသတွင် အခြေအနေ အရ ခိုလှုံ နေထိုင်ကြရသော တိုင်းရင်းသား ဒုက္ခသည်များ အတွက် လိုအပ်သော ကျန်းမာရေး ၊ လူမှုရေး ၊ ပညာရေး အစရှိသဖြင့် ကြိုးပမ်း စောင့်ရှောက်ပေးနေခဲ့သည် မှာ အနှစ် ၂၀ ကျော်ခဲ့ ပြီ ဖြစ်သည် ။
သူမသည် လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့ သော ခေါင်းဆောင်ကြီးတဦးတော့ မဟုတ်ခဲ့ ။ အချုပ်နှောင်လည်း မခံခဲ့ရဖူး ပေမဲ့ သူမထံမှာ အားကျဖွယ် ၊ အတုယူဖွယ်ရာ အရည်အချင်းနှင့် စိတ်ဓါတ် မျိုး ရှိနေခဲ့သည် ။ ဒါကြောင့် သူမ ကိုလည်း လေးစားရသော တိုင်းရင်းသား တယောက်အဖြစ် မှတ်တမ်းတင်သင့်ပါသည် ။
သူမရဲ့ ဘဝအကြောင်း အကျဉ်းချုပ်ပြောရမည်ဆိုလျှင် သူမအား မိဘနှစ်ပါး ဖြစ်သည့် (ဦး) မန်းငြိမ်းမောင် နှင့် (ဒေါ်) နမ့်လှကြည် တို့ မှ ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ (၆) ရက်နေ့ တွင် ရန်ကုန်တိုင်း အင်းစိန် မြို့ နယ် ဆေးရုံမှာ မွေးဖွားခဲ့ ပါသည် ။ မွေးချင်း ၇ ယောက်တွင် တတိယမြောက် ဖြစ်ပြီး ခရစ်ယာန်ဘာသာ ကို ကိုးကွယ် ပါသည် ။ ဖခင်ဖြစ်သူမှာ ကျန်းမာရေးမှူးတယောက်ဖြစ် ၍ တာဝန်ကျရာ အရပ်များသို့ ပြောင်းရွှေ့ နေထိုင်ရင်း ၃-၄ နှစ်သမီး အရွယ်တွင် မော်လမြိုင်မြို့ မှာ အခြေစိုက် နေထိုင်ခဲ့ကြသည်။
အထက်တန်းအောင်မြင် အပြီး ၁၉၈၀ခုနှစ်မှာ ဆေးကျောင်းတက်ပြီး အလုပ်သင်ဆရာဝန် အဖြစ် မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးတွင်တာဝန်ထမ်းဆောင်ခဲ့ သည်။
ကျောင်းသူဘဝ တလျှောက်လုံးကို သာမန် အတိုင်းသာ ဖြတ်သန်းခဲ့ သည် ။ မည်သည့်နိုင်ငံရေးကိုမှ စိတ်ပါဝင်စား လုပ်ဆောင်ခဲ့ ခြင်းမရှိပါ ။အလုပ်သင်ဆရာဝန်ဘဝ မှာတွေ့  မြင်ခဲ့ ရသော လူနာများအတွက် ဆေးမရှိ ခြင်း ၊ ဆရာဝန် ၊ ဆရာမများ ရတဲ့ လခဖြင့်စားမလောက်၍ အပြင်ဆေးခန်းများတွင် သွားရောက်လုပ်ကိုင်ရခြင်းကြောင့် ဆေးရုံမှာ ဆရာဝန် မရှိခြင်း အစရှိသည် တို့ ကို တွေ့ မြင် သိရှိလာရသည် ။
ဤအချိန်တွင် မဆလ အစိုးရမှ ငွေစက္ကူ တချို့ ကို တရားမဝင် ကြေငြာခဲ့ ၍ ကျောင်းသားလှုပ်ရှားမှုများ တက္ကသိုလ် အသီးသီင်္းတွင် ပေါ်ပေါက်လာပြီး တိုင်းပြည် မငြိမ် မသက်ဖြစ်လာခဲ့သည် ။ထို အချိန်တွင် မိခင်ဆုံးပါးခဲ့သည် ။ ထို့ နောက် ၈၈၈၈ လူထု ဒီမိုကရေစီ အရေးတော်ပုံပေါ်ပေါက်လာစဉ် အချိန်မှာ သူမသည် ကရင်ပြည်နယ် အိန္ဒုကျေးရွာ တွင် ဆေးခန်းဖွင့်နေချိန် ဖြစ်သည် ။
၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီအရေးတော်ပုံအား စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းပြီး အာဏာသိမ်းလိုက်သည့် နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသူများထဲတွင် သူမလည်း အပါအဝင်ဖြစ်ပြီး ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့  မှာ လက်ရှိမယ်တော်ဆေးခန်းအား စတင်တည်ထောင်ခဲ့သည်။ လူ (၆) ဦးဖြင့် စခဲ့သည့် မယ်တော်ဆေးခန်းသည် ယခုအခါ အထူးသဖြင့် ထိုင်းနိုင်ငံတွင်း အလုပ်လာလုပ်ကြသည့် မြန်မာအလုပ်သမားများနှင့် ဒေသအတွင်းရောက် မြန်မာဒုက္ခသည်များအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ရာ လက်ရှိတွင် နေ့စဉ်လူနာ (၃၀၀) ခန့်အား ဆေးဝါးကုသပေးလျက်ရှိသည်။
ယခုအခါဆေးခန်းတွင် ဖျားနာဆောင်၊ ခွဲစိတ်ဆောင်၊ သားဖွားခန်း၊ သွေးလှူဌာန၊ မျက်စိဌာနနှင့် ခြေတုလက်တု တပ်ဆင်ရေးဌာနများဖွင့်လှစ်ထားပြီး နေ့စဉ် ကျန်းမာရေး ဝန်ဆောင်မှုပေးလျက်ရှိသည်။
အထူးသဖြင့် မြန်မာစစ်အစိုးရ၏ ဖိနှိပ်ညှဉ်းပန်းမှုအမျိုးမျိုးကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့ကြသည့် ဒုက္ခသည်များ၊ စားဝတ်နေရေး အဆင်မပြေမှုများကြောင့် ထိုင်းနိုင်ငံနယ်စပ်များတွင် လာရောက်အလုပ်လုပ် ကိုင်ကြသည့် မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ ကျန်းမာရေးအတွက် မယ်တော်ဆေးခန်းကို အဓိကအား ကိုးအားထား ပြု နေကြရသည်။
ထိုင်းနိုင်ငံ Nation Media Group မှ ကမကထပြု၍ လူထုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ခဲ့သူများအား အမိမြေကိုယ်စားအလုပ်လုပ်သူများဆုကို ချီးမြှင့်ရာ တာ့ခ်ခရိုင်အတွက် ဆုရှင်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင် မှာ ၂၀၀၈ ဒီဇင်ဘာ လ(၁၁) ရက်နေ့ က ဆုချီးမြှင့်ခြင်းခံ ခဲ့ရသည်။
ထိုင်းဘုရင်မင်းမြတ် မိန့်ကြားခဲ့သည့်မိန့်ခွန်းတွင် “လူတိုင်းလူတိုင်း ကောင်းတာတွေ လုပ်ကြဖို့၊ လူတယောက် ကောင်းမယ်ဆိုရင် လူမှုအသိုင်းအဝိုင်းတခုလုံးကို အများကြီး အကျိုးရှိစေတယ်” ဟု မိန့်ကြားခဲ့သည်ကို လေး စားဂုဏ်ပြုသောအားဖြင့် နိုင်ငံအတွက် လူတော်လူကောင်းများ ထပ်မံပေါ်ပေါက်လာစေရေး ရည်ရွယ်ချက် ဖြင့် ယခုဆုအား ချီးမြှင့်ပေးအပ်ရခြင်းဖြစ်ကြောင်း Nation Media Group ၏ကြေညာချက်တွင် ဖော်ပြထား သည်။
ဒေါက်တာစင်သီယာမောင်သည် အာရှနိုဘယ်လ်ဆုဟု ခေါ်သည့် ရေမွန်မက်ဆေးဆေးဆု အပါအ၀င် နိုင်ငံတကာမှ ပေးအပ်ထားသည့် ဆုပေါင်း (၁၅) ဆု ရရှိထားပြီးဖြစ်ပါသည်။
သူဟာ နိုင်ငံရေးသမား တဦး မဟုတ်ခဲ့ပါ ။ ဘဝ ကို ရိုးရိုးစင်းစင်း ဖြတ်ကျော် လာခဲ့ပြီး သူ လုပ်သင့် လုပ်ထိုက်တာများကို ကိုယ်ကျိုး မဖက် အားတက်သရော လုပ်ဆောင်ခဲ့တာဖြစ်ပါသည် ။ ဒုက္ခ ရောက်နေကြသော မြန်မာနိုင်ငံသားများ အတွက် စိတ်ထားဖြူစင်စွာဖြင့် သူတတ် ကျွမ်းထားသော အသက်ကယ်ပညာဖြင့် သူ့ ဘဝ ကို ပေးဆပ်နေသူတဦး ဖြစ်ပါသည် ။အခက်အခဲများစွာ တွေ့ ခဲ့ရပေမဲ့ ဇွဲမလျှော့ ခဲ့ပါ ။
သူ့ လောက်သတ္တိ မရှိသော ကျွန်ုပ် မှာတော့ ကိုယ့်ဘဝ လေးတခုတည်း ကောင်းစားဖို့ အတွက်နဲ့  စီးပွားဥစ္စာ သာရှာဖွေ နေပြီး လက်ရှိ စံစားနေရခြင်းများကို မစွန့် လွှတ် နိုင်ပါသေးသဖြင့် လူအများအတွက်မစွန့် စားနိုင်ပါသေးသဖြင့် ကိုယ့်ကိုယ်ကို ရှက်စဖွယ် လို့ မှတ်ယူနေမိပါသည် ။
ယခု ဤစာဖတ်နေသူ အသင် ရော ။ ဒီလို ပေးဆပ်ရဲပါ့မလား ။
ကိုးကား စာရင်း
http://www.khitpyaingnews.org/news/july09/210709b.php
http://parsethan.wordpress.com/2008/
►Posted by
:kiki
:
at
8/03/2009 01:20:00 AM
Subscribe to:
Post Comments (Atom)
18 comments:
ချီးစ်ကျူးစ်စ်ပါတယ်စ်စ်စ်စ်စ်စ်
ဆရာမကြီးအကြောင်းကို ပထမဦးဆုံး စကြားမိကတည်းက လေးစားခဲ့မိတာပါ ကိကိရေ...
အတ္တသမားအချို့ ကိုယ်ကျိုးရှာပြီး တိုင်းပြည်ကို ပြာပုံဘဝ ပြောင်းလဲနေချိန်မှာ...
အဲဒီပြာပုံထဲက ကုန်းရုန်းထပြီး ဘဝတူ ပြည်သူပြည်သားတွေကို တတ်နိုင်သမျှ ဖေးမကူညီ စောင့်ရှောက်ပေးနေတဲ့ ဆရာမကြီး စင်သီယာမောင်ဟာ တကယ့်ကို မော်ကွန်းထိုး မှတ်တမ်းတင် လေးစားထိုက်သူ ဖြစ်ပါတယ်...
ကိုယ်ကျိုးစွန့်တယ်ဆိုတာ နာမည်သာလှတာ အင်မတန် ပင်ပမ်းဆင်းရဲပါတယ်...
ဒါကို ဘဝနဲ့ သက်သေပြနေတဲ့ ဆရာမကြီးအကြောင်း ရေးပြပေးတဲ့ ကိကီကို လေးစားခင်မင်လျှက်ပါ...
းဝ)
ကိရေ
မအယ်လည်း ရှက်တယ်။ ဒေါ်စင်သီယာမောင် မျက်နာကို ဓါတ်ပုံထဲမှာတောင် စေ့စေ့မကြည့်ရဲဘူး။
ဘာစကားကြီး စကားကျယ်တွေ မဆိုပဲ သူ့ ကိုသူလည်း စွန့် လွတ်နေပါတယ် မပြောတတ်တဲ့
သူ့ ရဲ့ စိတ်ကို မလေးစားပဲ နေနိုင်မဲ့သူ ရှိမယ်မထင်ဘူး။
အပြောရိုးရိုး အနေရိုးရိုးနဲ့ လုပ်စရာရှိတာရိုးရိုးလေးပဲလုပ်တဲ့ သူ့ ရဲ့ ကြီးမားတဲ့ မေတ္တာက အံ့မခန်း ကြီးမား လှပါတယ်။
ကိုယ့်ကိုကိုယ် ရှက်ရကောင်းမှန်း သိရက် နဲ့ ဒီလိုပဲ ဆက်နေရင်တော့ သိရက်နဲ့ ပစ်မှု့ ကျူးလွန်သလို ဖြစ်နေတယ်လို့ အမြဲတွေးမိတယ် ကိရယ်။
ကိရေးထားက လည်း ရိုးရိုးလေးနဲ့ ကို ရင်ထဲရောက်တယ်။
မအယ်
စကြားဖူး ကတည်းက လေးစားရတဲ့ ပုဂ္ဂိုလ်ပါ၊ ကျွန်တော် လေးစားရတဲ့ ဆရာဝန်သူရဲကောင်း တစ်ဦး အကြောင်းကို ပြည့်စုံစုံ ဖေါ်ပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ။
တော်လိုက်တာ ကိကိ က ၊ ဆရာမအကြောင်းခုမှ ပြည့်ပြည့်စုံစုံ ဖတ်ဖူးတယ်
မမကိကီ
ရုံလေးလဲ ဆရာမကို အရမ်းလေးစားပါတယ်
US ကို မနှစ်ကရောက်လာသေးတယ်
လူတွေ ကမမိုက်ပါဘူး
အဆင်ပြေလာကြတော့ သွားတောင် မတွေ့ ကြဘူးလေ
မြန်မာတွေ ရဲ့ စိတ်ဓါတ် က ဒီမို နှစ် ၅၀ မှာရရင်တောင်
စာရိတ္ထပြုပြင်ဖို့  နှစ် ၁၀၀ ကြာသွားလိမ့်မယ်
ကျေးဇူးပါ
ချစ်တဲ့
မြူးလေး
ဒေါက်တာစင်သီယာမောင်ကို လေးစားတယ်ဆိုတဲ့စကားထက်ပိုတဲ့ စကားလုံးပေါင်းများစွာနဲ့ ရင်ထဲကလှိုက်လှိုက်လှဲလှဲ ပြောခဲ့ပါရစေဗျာ-လူခြင်းလည်းတွေ့ ချင်တယ် တချိန်ချိန်တော့တွေ့ခွင့်ရအောင်ကျိုးစားပါမယ်-
ဆရာမ အကြောင်းကို ကြားနေတာ ကြာပါပြီး။ အများအတွက် လုပ်ပေးနေတဲ့ ဆရာမ ကို လေးစားတယ်။ အခုလို ရေးပေးထားတဲ့ မကိကိ ကြောင့် ဖတ်ရတာ ကျေးဇူးတင်တယ်။
သူ့ကိုတကယ်လေးစားပါတယ်... သာမန်လူတယောက်မလုပ်နိုင်တဲ့အလုပ်မျိုးကို သူလုပ်နေတာပါ ကိုယ်ကျိုးစွန့်အနစ်နာခံပြီးသူ့ဘဝတခုလုံးကို ပေးဆပ်ထားတဲ့ဆရာမကိုတကယ်ဘဲလေးစားမိပါတယ်
မမရေ....တော်လိုက်တာ...ခုမှ သိတယ်...တကယ်လေးစားမိပါတယ်... နောင့် တို့လို ဗဟုသုတ ချို့ယွင်း တွေသူ အဖို့ ဒီလို စာမျိုးလေးတွေ ဖတ်ရတာ... တကယ့်ကို လေးစားစရာပါရှင်...။
ကိရေ...
ဆရာမကိုနာမည် ကြားဖူးနေတာကြာပါပြီ။
သူ့အကြောင်းသိပ်မသိပါဘူး။
ခုလိုသိအောင်ရေးပေးတဲ့မကိကိုလည်းကျေးဇူးတင်ပါတယ်.
မကိပြောသလိုဘဲ သူများတွေတိုင်းပြည်အတွက်စွန့်လွှတ်နေတာတွေကို ဖတ်ရင်းတကယ့်ကိုရှက်စိတ်မွှန်မိပါတယ်။
တကယ်ပါ။
ဒို့တွေလည်း သူတို့ရဲ့ခြေရာနင်းနိုင်အောင် တထောင့်တစ်နေရာ ကတော့ ကြိုးစားရမှာဘဲ။
လေးစားလျှက်
ကိကိရေ... အလေးစားအကြည်ညိုဆုံး ပုဂ္ဂိုလ်တွေထဲမှာ ဆရာမလဲထိပ်ဆုံးကပါပါတယ် ..
ရေးပါအုန်း ရေးပါအုန်း
ယူအက်စ်ရောက် ဆရာဝန်တွေ
ယူကေရောက် ဆရာဝန်တွေ
ပြည့်သူ့ အခွန်ငွေစား ပညာတော်သင် ဆရာဝန်တွေ
နိုင်ငံတကာ ထောက်ပံ့ကြေး ၀ိုင်းခိုးစားတဲ့ ဆရာဝန်တွေ
အရေးခင် ဗန်းပြ ခိုလုံခွင့်ယူတဲ့ ဆရာဝန်တွေ
နိုင်ငံတကာ ထောက်ပံ့ကြေး ပညာတော်သင်ကြေးတွေ မလိမ့်တပတ် တောင်းစားတဲ့ ဆရာဝန်တွေ
နိုင်ငံရေး နားမလည်ပါဘူး နိုင်ငံရေး သမားနဲ့ မပတ်ချင်ပါဘူးဆိုတဲ့ ကိုကို မမဒေါက်တာတွေ
ဒေါ်စင်သီယာ .......စားကြ။
တစ်ယောက်ကတော့သောင်းကျန်းသွားပြီဗျ
မဟုတ်မှလွဲရော....???? အင်း...?? ထားပါတော့
ဒေါက်တာစင်သီယာမောင်အကြောင်းကြားဖူးတာကြာပြီဗျ
ခုမှပြည့်ပြည့်စုံစုံဖတ်ခွင့်ရတယ်
ကျေးဇူးပါပဲ
ဘာပဲပြောပြော လူ့အသက်ကယ်တဲ့လူတစ်ယောက်ဟာ
လူ့အသက်သတ်တဲ့လူတွေထက်အတိုင်းအဆများစွာ
သာလွန်မွန်မြတ်ပါတယ်
အမကိရေ....ခုလက်ရှိအချိန်အခါမှာတော့သူ့လောက်မပြောနဲ့ ပေးဆပ်နိုင်ဖို့ကိုဘယ်လိုမှလုပ်မရအောင် ကိုယ့်ခြေထောက်တောင် ဘယ်လိုရပ်ရမလဲလို့အား သွန်းနေရတဲ့အချိန်ဆိုတော့ ...အဖြေကတော့ နိုးနေတုန်းပါပဲ............
ကိုယ်မလုပ်နိုင်တဲ့အရာကိုသူများလုပ်နိုင်တာကိုမြင်ရ ကြားရတွေ့ရရင်တော့အရမ်းပီတိဖြစ်မိတယ်..
အဲ့လိုစာမျိုးတွေဖတ်ရတော့လည်းကိုယ်လျှောက်နေတဲ့အချိန်ကာလတွေမှာ အားဆေးတခွက်ဖြစ်စေတယ် .....ကျေးဇူးပါပဲအစ်မကိ့ရေ.....
လူသားအသက်ကို ကိုယ်ကျိုးမဖက်ပဲ စေတနာထား ဆောင်ရွက်ပေးတဲ့ ဆရာမအကြောင်းလေးကို ဖတ်ပြီး လေးစားမိပါတယ်။
ဒေါက်တာစင်သီတာမောင်နဲ့ ဒေါ်အောင်ဆန်းဆုကြည်က ဇင် ရဲ့hero ပေါ့ သူတို့ကို အရမ်းချစ်တယ် ထိုင်းမှာနေကတည်းကဇင်ကတော့ လမ်းကြုံရင်တော့ ပေးဆပ်လိုက်မယ် အခုက ကိုယ်ခြေထောက်ပေါ်တောင်မရပ်နိုင်သေးလို့ ကြီးလာရင်တော့ အဲလိုမျူိးလုပ်ချင်တယ် volunteer ဆိုအရင်ကအမြဲလုပ်တယ် အခုက အချိန်မပေးနိုင်လို့မလုပ်ဖြစ်ဘူး ဘာဘဲဖြစ်ဖြစ်သူလို့ဖြစ်ချင်တာတော့အမှန်ဘဲ တနေ့ကြရင် သူလို့မဖြစ်ရင်တောင် ပေးဆပ်မဲ့သူတော့ဖြစ်အောင်လို့တော့ ကြိုးစားမယ် လို့ ခံယူထားတယ်
မကီရေ တကယ်လေးစားဖို့ကောင်းတဲ့ ဆရာမကြီးပါဗျာ
ကိုယ့်အလုပ်ကို ကိုယ်လုပ်သွားပြီး ကြွားဝါတဲ့စကား
ဂုဏ်ယူတဲ့စကားမျိုးလည်း တခါမှကို မကြားခဲ့ရတဲ့ မွန်မြတ်တဲ့ စေတနာရှင်ပါပဲ....။
နိင်ငံအတွက် ဒီလို မျိုးချစ်စေတနာရှင်တွေ အများကြီး လိုအပ်နေပါသေးတယ်...။
သူဟာအေးအေးဆေးဆေးနေတတ်သူပါ...................စကားပြောရင်ခပ်ပြံုးပြုံးလေနဲ့ .................................တွေ့ တဲ့ သူနဲ့ ခင်မင်ရင်းနှီးအေင်နေတတ်ပါတယ်.........သူ့ ၇ဲ့ လုပ်ရပ်တွေကလေးစားစရာကောင်းလှပါတယ်.....အဲဒီသူဆိုတာ...ဒေါက်တာစင်သီယာမောင်................ကိုပြောတာပါ.....
Post a Comment