Sep1,2009
ကျောက်ခေတ်ဦးက စူးစမ်းရင်းနဲ့ 
့အမှတ်တမဲ့ တွေ့ ရှိခဲ့ရ
့ပြိုးပြက်လင်းလက် ပူပြင်းချက်က
တောက်လောင်မငြီး ဒီဟာ မီး။
မီးမရှိခင် ဒီလူတွေ ဘယ်လိုရှင်သန်နေကြတုန်း
ကျောက်တုံးချင်းခတ် ဒီမီးဖြတ်ကို သုံးတတ်လာတော့ အိုကေပေါ့
ဖုတ်ကာ ကင်ကာ စားတတ်လာသည် ရသာစုံဖို့  ချက်ကာပြုတ်
သို့ ပေမဲ့ လည်း သစ်ပင်ချင်းခတ် လေကဟပ်တော့
လောင်ပေါ့ တောမီး ဒုက္ခကြီး ။
ရေကြည်တပေါက် သောက်ဖို့ ရောက်အောင်
ရှာကြ ဖွေကြ ကန္တာရမှာ ဒေသဇစ်မြစ် အိုအေစစ်
ဟို ဒီ လူတွေ နယ်မြေလုကြ ရေဒုက္ခ
ဤရေအသက် တမနက်မို့  ကြည်ရာ ရှာသောက် ရေတပေါက် ။
သို့ ပေသော်လည်း ဒီရေအစဉ် လျှင်မြန်သည်တွင်
ဆူနာမီလှိုင်း ရေရိုင်းလုံးကြောင့်
ပျက်ပြုန်းကျေမွ အသက်ဆုံးရ ဒါလည်း တဒုက္ခ ။
ထိုနည်းတူစွာ လေမပါလျှင် သတ္တဝါများစွာ
ဤကမ္ဘာ ဘယ်မှာ ရှင်သန်ပေမည်နည်း ။
သိပ္ပံပညာ ပြောကြရာမှာ အိုတူး (O2) ဆိုတာ အောက်စီဂျင်ပါ ၊
နေရာတကာ သူမပါ မပြီးပေဘူး ၊
ရေဓါတ်ထူးမှာ ဝင်ရောတာက H2O တဲ့ ဗျ ။
သို့ ပေမဲ့ လည်း လေပြင်းထန်စွာ တိုက်ခတ်ပါတိုင်း
ထိုင်ဖုန်း၊ ဆိုင်ကလုံး နာဂစ် ၊အခါခါရစ်လို့ 
ဟာရီကိန်း ၊တိုနန်ဒို ၊ထို လေ မျိုးမျိုး မုန်တိုင်းဆိုးကြောင့်
အိုးအိမ်စည်းစိမ် ဝိဇိန်ချွေတာ ဒီလေပါဘဲ ဒုက္ခဝဲ ။
ဒီဖေကိုယ်တို့ မှီတင်းနေရာ ဤကမ္ဘာမှာ မဟာပထဝီ ဒီ မြေ ကြီး မို့ ၊
သူ့ အပေါ် တိုက်ဆောက် အိမ်ဆောက် ခြံယာပေါက်လို့ 
နေလည်း နေကြ ၊ တူးကာဆွ ၍ ရှာဖွေလေကြ သယံဇာတ ၊
တလက်မ မြေ၊ ဤပြေ အတွက် ၊ တုတ်ဆွဲ ဓါးဆွဲ သေနတ်ဆွဲ
အပွဲပွဲမိုက် တိုက်ကြ ခိုက်ကြ ဝေမျှကြ ၊ အရေးကြီးလှ ဒီမြေက ။
သဘာဝဘေး ရှောင်ပြေးမလွတ် ၊ လေပြေတလှည့် ထန်တလှည့်
ရေများတလှည့် ရှားတလှည့် ၊ မိုးကြီး လေကြီး ဒီတောင်ကြီးပြို
ရှောင်ပြေး မလွတ် ရွာလုံးကျွတ်မှာ ရွှံ့ မြေဖုံးလွှမ်း သေရာမြန်း ။
ခုခေတ် ခုခါ ခုချိန်မှာလေ ဒီကမ္ဘာကြီး ကျဉ်းကာသွားရဲ့ 
အရှေ့ အနောက် ၊တောင်နဲ့  မြောက်ကို လေလှိုင်းကြားက ဆက်သွယ်ကြတဲ့ 
ကြိုးမဲ့ စနစ်၊ ဂြိုလ်တုခေတ် ကွဲ့  ၊ ကွန်ပြူတာ အင်တာနက် နဲ့ 
အွန်လိုင်းပေါ်တက် ဟိုချက် ဒီချက် ၊
အီးခေတ်ကြီး မှာ ၊ အီးမပါလျှင် ၊
တဝမ်းလုံးမကောင်း ၊ခေါင်းလည်း ခဲရ ၊
စွဲစွဲ မြဲမြဲ အသည်းထဲ အူထဲ၊ အိပ်မက်ထဲတောင် အမြဲကြောင်၍
သန်းခေါင် သန်းလွဲ ၊ ဇွဲနဘဲ ၊ ထူးကဲလွန်လှ ဝီရိယ
ပထဝီ တေဇော အာပေါ ဝါယော ဓါတ်ကြီး လေးပါး လိုအပ်ငြားလည်း
ခုခေတ်လူသား များအပြားရဲ့  ၊ မရှိမဖြစ် လိုအပ်ချက်အသစ် တဲ့
အီလက်ထရောနစ် အီးခေတ်ဖြစ် ပဟဲ့ ၊
မရှိမကောင်း ရှိတော့ညောင်းရဲ့ 
မရှိ လိုချင်၊ ရှိငိုချင်တော့ ၊ အီးဆိုတာလည်း ဒုက္ခဘဲ ။
ပြီးခဲ့ တဲ့  တပါတ်က မလှုပ်မရှားရ ငြိမ်ငြိမ်နေပါ ဆိုတဲ့ ဆရာဝန်ရဲ့  အမိန့် ဆန်ဆန် စကား ခါးခါးကြီး ကို ကိုယ်တိုင်ခံစားကြည့်ပြီးမှ ဝဋ္ဋ်လည်တယ် ဆိုတာကို သဘောပေါက် မိတယ် ရီးဆပ်စ် မျောက်သွေး အပိုပါတဲ့ သူ တယောက် ရဲ့  အိမ်သာနတ်ကြီးနဲ့ ကင်းဝေးပြီး အုတ်လိုင်းပေါ် မတက်ရတဲ့  ခံစားချက်အသစ်လေးကို ချရေးမိတယ် ။ ဟုတ် မဟုတ် ကိုတော့ ကိုယ်တွေ့ ကြုံမှ ယုံနိုင်ကြမလား မသိပါ ။ နောက်ထပ် ဒါမျိုး နစ်လုံးသားလမ်းကြောင်းကျွန်းခံ တဲ့  အဖြစ်မျိုး မကြုံချင်တော့ပါ ။း(
အားလုံး ကျန်းမာ ရွှင်လန်းကြပါစေ ....
►Posted by
:kiki
:
at
9/01/2009 09:00:00 AM
Subscribe to:
Post Comments (Atom)
26 comments:
ဟုတ်ပါ့။ ညီမလည်းဆေးရုံတက်ရတုန်းက အောက်ထပ်ဆင်းပြီးအွန်လိုင်းသုံးရတယ်။ မသုံးရတဲ့ရက် စိတ်ပိန်လိုက်တာ။
အဟားဟား အမားရေ လက်လန်တယ်
ရေးသွားတာ အမှားတစ်ခုမှမပါဘူး :D
တတ်လည်းတတ်နိုင်တယ်
င့ါအမားလို့ မပြောရဘူး
အော်...
မရှိလိုချင် ရှိငိုချင်တဲ့...
သေချာတယ်ဗျို့... ကိုယ်တိုင်ထိမှ သိလိုက်မယ်...
မkiki ရေ..
အပြည့်အ၀ကို ထောက်ခံပါကြောင်း....
ပုံ
ပြည့်စုံ (ဝေါသားလေး)
မရှိမကောင်း ရှိတော့ညောင်းတာ
အမှန်ပါ ကိ.. ရေ့..း)
ကဗျာစပ်ဖို့ စကားလုံးရှာတာ တော်ပါပေ့ဗျာ။ အကြောင်းအရာလည်း ကောင်းတယ်။ မဂ္ဂဇင်းတွေကို ပို့ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။
အောင်မလေး တော်လိုက်တာ ကြီးတော်ရယ်........ ချီးကျူးပါတယ် တကယ်ပြောတာ မှန်လိုက်တာမှ .. ဟဟ
အမလေး ဖွားကိရယ် မှန်တာပေါ့ ညီမလေ တခါက အင်တာနက် မရတာနော် ဖွားကိလို မသုံးခိုင်းတာ ဟုတ်ဘူးရယ် လူလဲ တော်တော်လေး ငိုချင်သွားတယ် ဟဲဟဲ တော်ပါသေးရဲ့ ညနေကျတော့ ပြန်ရလို့ ပျော်လိုက်တာနော် ဟိဟိ
စာနာပါတယ် ကိကိရေ
ဟားဟားဟား.... အဲလိုရယ်ဖို့တောင် မရယ်နိုင်တော့ဘူး...။ အကောင်းနဲ့အဆိုး အကြောင်းနဲ့ အကြိုးဒွန်တွဲထားတော့ ပြောစရာ အပြစ်တောင် ဘယ်နားရှာရမှန်းမသိ ဖြစ်သွားတယ်။
မရှိမကောင်း ရှိတော့ညောင်းရဲ့ 
မရှိ လိုချင်၊ ရှိငိုချင်တော့ ၊ အီးဆိုတာလည်း ဒုက္ခဘဲ ။
ဟိဟိ.. ဒီစာကြောင်းလေးကို အကြိုက်ဆုံးဗျိုးးးးးးးးးးးးးးးးးး
မရှိမဖြစ်တဲ့အရာတွေအားလုံးဟာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတာပါဘဲ
ဟုတ်ပါ့ နက်မရတဲ့နေ့ ဆို
အောက်ထပ်ဆင်းလိုက်
အပေါ်တက်လိုက်
လူတွေနဲ့စကားများလိုက်
အဟီးတွေ့ တွေ့ သမျှ အပြစ်တွေကြီးပဲမြင်တယ်သိလား
ချစ်တဲ့
ရုံလေး
P.S ဟီဟီး ရှိ တယ် မမရဲ့
မကိရေ....
အီလက်ထရောနစ် အီးခေတ်
အိပ်ရေးလည်းပျက်
(မျက်မှန်)ဒီဂရီတွေတက်ပြီးရင်းတက်း)
ဖွားကီရ ကြာတော့လဲ စပရင်တွေလိုပဲ ညောင်းလာမှာပေါ့ ကြာကြာထိုင် မညောင်းတာဆိုလို့ အဟေးဟေးးးးးးးးး) ပြောတော့ဘူးး)
လေးစားလျက်
တောင်ပေါ်သား
နေကောင်းပါစေ ကိကိရေ၊ ညောင်းချင်လဲ ညောင်းပစေတော့၊
မရှိမဖြစ် အီးခေတ်တောင်ရောက်ပေသကိုး..... ဓါတ်ဘူးကြီးလေးလုံးကနေ ၅လုံးတိုးသွားပြီးလား မသိဘူး
မရှိမဖြစ်ကို ဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့ ကော်နက်ရှင်လေးနဲ့ ၀င်ဖတ်သွားပါတယ် ဖတ်ရတာ ချို့ချိုတဲ့တဲ့နိုင်လိုက်တာ
ဒါပေမယ့် ဖတ်ရတဲ့ အရသာကတော့ တပိုင်တနိုင်ကြီးဗျာ..း)))
အမရေ မီး၊ ရေ၊ လေ၊ မြေ အားလုံးဟာ မရှိကောင်း ရှိကောင်းတွေပါပဲ.... အီးခေတ်ကတော့ လွန်ဆန်လို့ မရတော့ပါဘူး
ဟီးဟီး... ကိလေးကတော်ချက်.....
ရီလိုက်ရတာ... ဂယ်ပဲ....
မီး၊ရေ၊လေ၊မြေကို စီပြီးဖွဲ့သီပြသွားတာ
ကိုယ့်အစ်မကိကိမို့လို့ပဲတတ်နိုင်တော့တယ်
အစအဆုံးဖတ်ပြီး ဘာမန့်ရမယ်မှန်းတောင်မသိတော့ဘူး
အမှန်အကန်ပေါက်ကွဲထားတယ် ထင်တယ်
အီးဒုက္ခကတော့ တကယ်ပဲ ထိုင်ရမလို ထရမလို လှဲအိပ်ရမလိုနဲ့
ထိုင်တော့လည်းညောင်းတယ် မှောက်ရက်chatပြန်လည်း တံတောင်ပွန်းတယ်
ကောင်းကိုမကောင်းပါဘူးဗျာ
မြေ
ရေ
လေ
မီး
ဓာတ်ကြီးလေးပါးမှာ
အီးကိုပါ ထည့်သွင်းဖို့ အဆိုပြုတဲ့ ကိကီရဲ့ အဆိုကို
"ထောက်ခံပါတယ်" "ကန့်ကွက်ပါတယ်"
းဝ)
ဓာတ်ကြီးလေးပါးနဲ့ဖွဲ့စည်းထားတဲ့ ဒီခန္ဓာနဲ့ နေမကောင်းဖြစ်လိုက်မှ အီးရဲ့မရှိမဖြစ်ကို သိလာတယ်ပေါ့လေ။ :)) အမြန်ဆုံးနေကောင်းပါစေ။ လွမ်းလှပြီ။
ကိုယ့်ဒုက္ခ ကိုယ်ရှာမိကြသူချင်း တလုံး ပို မရှုတော့ပါဘူးလေ...
“ဘိန်း” ကို ပြောနေတာနော်... “E” မဟုတ်ဘူး...း)
မမရေ.... ရေး လဲ ရေးတတ်လိုက်တာ... အမှန်တွေပဲ..။း))
သူ့ကိုမှချစ်မိနေပါပြီ ဆိုတဲ့သီချင်းစာသားလေး သတိရမိ တယ်..။မကီဘလော့က ရေးလိုက်ရင် အမှန်တွေ ချည်းပဲ
ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော ဓါတ်ကြီးလေးပါး မြွေကြီးလေးကောင်တဲ့း) ဖွားဖွားပြန်ပြောပြတဲ့ ဆရာတော်တစ်ပါးရဲ့ တရားထဲကလေ။
အင်း...သတ္တ၀ါတွေအကြောင်းပြီးတော့၊ တောတောင်ရေ
မြေလေ တွေပါလာပြီနော်။
အို. အသင်လောက.....
စာနာမိပါတယ်ဗျာ၊အိမ်သာနက်မတက်ဖြစ်တဲ့ ၊
မတက်ရတဲ့ ဒုက္ခကို၊ နေကာင်းရဲ့ နဲ့ နောက်ကျနေတာ
ခွင့် လွှတ်ပါဗျာ။ နေမကောင်းရဲ့ နဲ့ လာလည်ပေး
လို့ အားနာစွာနဲ့ ပဲကျေးဇူးကမ္ဘာပါ မမကီရေ...။
နေမကောင်းရဲ့ နဲ့  ရေးနေနိုင်တဲ့ မမကီကိုလေးစား
ရင်းလေးစားရင်းပါပဲဗျာ။ဘာကြေင့် ရေးနေနိုင်လဲ
ဘာကြောင့် ရေးရေးနေလဲဆိုတာကျွန်တော်သိတယ်။
ဝါသနာရယ်၊စေတနာရယ်ကြောင့် လို့ ။ဘာရေးရေး
ကျန်အောင်ရေးတယ်။ကျွန်တော်ကတော့ ကျန်ကျန်
မကျန်ကျန်ရေးခြင်တာစွတ်ရေးနေတာလေ...။
Post a Comment