ချစ်စရာ ရွှေငါးလေးတွေ အလှမွေးကြတာ ကြည့် လို့ တော့ သိပ်လှတာဘဲ ။ တရုပ်လူမျိုး အများစု ဟာလည်း ရွှေငါးတွေ အစုံ ကို လာဒ်ရွှင်စေတယ်ဆိုတဲ့  အယူအဆ နဲ့  မွေးကြပါတယ် ။ ဈေးတွေကလည်း ခေါင်ခိုက်နေကြတာဘဲ ။ တချို့  ငါးလေးတွေများဆို ဒီက ပိုက်ဆံ သိန်းနဲ့ ချီပြီးတော့ တောင်ပေးကြရသတဲ့  ။ သူတို့ လေးတွေ ကိုမွေးရတာလည်း အလုပ်ရှုပ်သား ကလား ။အချိန်မှန် မှန် ရေလဲပေးရတယ် ။ သန့် ရှင်းရေး မှန်မှန် လုပ်ပေးရတယ် ။ အစာ မှန်မှန်ကျွေးပေးရတယ် ။ နေမကောင်းဘူးဆိုတာလည်း ကြည့်တတ်ရသေးတယ် ။
ကိုယ်လည်း ငယ်ငယ်တုံးက ရွှေငါးလေးမွေးချင်လို့  အမေ့ ကို ပူဆာဖူးတယ် ။ ဒါပေမဲ့  မွေးခွင့် မရခဲ့ဘူး ။ အဖေ နဲ့  အမေ တို့  နှစ်ယောက်စလုံး က အဲလို တိရစ္တာန် တွေ ( ငါးတို့ ၊ ငှက်တို့ ) ကို အလှောင် အဖွဲ့ နဲ့ မွေးရတာတွေ ကို မကြိုက်ကြဘူးလေ ။ ငါးဆိုတာ သူ့ ဟာသူ သဘာဝ အတိုင်း ရေကန်ကျယ် ၊ ရေအိုင်ကျယ်ထဲမှာ နေရမှာ တဲ့ ။ ငှက်ဆိုတာကလည်း သူ့ သဘာဝအတိုင်း ကောင်းကင်မှာ လွတ်လွတ်လပ်လပ် ပျံနေရ မှာ တဲ့  လေ ။ အိမ်မှာရှိတဲ့  ခွေးတွေတောင် လှောင်အိမ်ထဲ မထားဘူး ။ ( အရမ်းဆိုးတဲ့  ခွေးတကောင်တုံး ကတော့ လှောင်ထားတာ မှတ်မိသေးတယ် ။ မြင်သမျှလူကို လိုက်ကိုက်တတ်လို့  လေ ။ နောက်တော့လည်း အိမ်က ခွေးသိပ်ချစ်တဲ့  ညီမအလတ် တယောက် ထရိန်နင်ပေးလိုက်တာ ဒီခွေးဆိုးကြီးလည်း ခွေးပေါကြီး ဖြစ်သွား ပါလေရော .... ကြုံ လို့  အိမ်က လူတွေ အကြောင်း ဖွလိုက်တာပါ .. :) )
ဒီလိုပုံလေးတွေ ဆွဲဖို့ စိတ်ကူးရတဲ့ ပန်းချီဆရာ နဲ့  သူ့ လက်ရာ ကို မြင်တာနဲ့  သဘောကျလို့  မျှဝေပေးလိုက်ပါတယ် ။ နောက်ပြီး လူ ပေါ်မှာဆွဲရတာတင် အားမရလို့ လား မသိပါ ။ သနားစရာ ငါးသတ္တဝါလေးတွေ ပေါ်မှာ ပါ စာလုံးတွေ tatoo ထို့းပြီး စီးပွားရေးသောင်းကျန်းလိုက်ကြသေးတယ် ။ Dragon, Luck , Health , Love , Rich အစရှိတဲ့ တရုပ် စာလုံးတွေပေါ့လေ ။ တရုပ်လုမျိုး တွေကတော့ စံပါဘဲ ။ ပိုက်ဆံ ရဖို့ ဆို အကုန်လုပ်ကြတယ် နော် ။
ဒီအပေါ်ပုံတွေကတော့ ပန်းချီပညာနဲ့  လက်စွမ်းပြပြီး လူတွေကို မျက်စိလှည့်စားလိုက်တာ ပါ။ အနုပညာ တွေပေါ့။
(ဟိုမွှေ ဒီမွှေလုပ်ရင်း ရလာတဲ့ ပုံလေးတွေ .. လင့်ယူဖို့ တောင်မေ့လာခဲ့ တယ် .. ခွင့်လွှတ်ကြပါအုံး )...
(ဤနေရာ တွင် မြင်းများ သိက္ခာကျမည် စိုး၍ မျင်း ဟု သုံးစွဲထားပါသည် ... ဤကား စကားချပ်)
အပေါ်ယံ အရေခွံ ချွတ်လဲ လိုက်ရုံ နဲ့ တင် ပြီးသွားတယ် ။ အထဲက ဥပုတ်ကြီးကတော့ ဘယ်ထိ ဆက်ပုတ်နေမယ် မသိပါဘူး ။ဪ မချစ်သော်လည်း အောင့်ကာနမ်းကြရဦးမည် ထင်ပါတယ် ။
ဒါလည်းသူတို့ ရဲ့  အံ့သြဘွယ်ရာ ကဝေပြင်ညာ တခုပါဘဲ ။ တော်ရုံ တန်ရုံလူ မတတ်နိုင်တဲ့  အရည်အချင်း တခု မို့ လို့  တကမ္ဘာလုံးက သြချရလောက်ပါပေတယ် ။။ သူကမှ တကဲ့ အိုဘားမား ကြီးပါ ကွယ် ။ အို= old
( ဒီချစ်စဖွယ် ပုံလေး ကိုတော့ ပန်းချီကျော် ကိုဟန်လေး က ရေးဆွဲထားပြီး google search မှ ယူသုံးထားပါတယ် ။)
ချစ်စဖွယ် လက်ရာလေးတွေ ကြည့် ပြီး ခံစားမိတဲ့  ရသလေး ကတော့ ကွာမယ်ထင်ပါတယ် ။
အသင်ရော ဘယ်လို ခံစားမိပါသလည်း ။
►Posted by
:kiki
:
at
8/25/2009 02:00:00 AM
Subscribe to:
Post Comments (Atom)
16 comments:
ပထမ ဟဲ ဟဲ
ဘာတတ်နိုင်သေးသနည်း? :P
ဒုတိယ ဟဲ ဟဲ
ဘာတတ်နိုင်သေးသနည်း? :P
ငါးဆိုပြီးအတိတ်တွေ ချဲနံပါတ်တွေပေးတဲ့
ငါးတွေရှိတယ်လို့တောင်ယုံကြတယ်ဗျာ
ဒီကတရုတ်တွေကတော့ စံပဲ
ဟဲဟဲ မျင်းလည်းသိက္ခာကျတယ်
ဘွတ်အဲလည်းသိက္ခာကျတယ်
ရွှေပြည်တော်မျှော်လေတိုင်းဝေးကို
ရင်ခုန်စောင့်စားလျှက်..... :P
ထိုင်းဘုရင်မွေးနေ့မှာ တကမ္ဘာလုံးက ဘုရင်တွေ မိဖုရားတွေကို ဖိတ်ထားတော့... တို့ပြည်က ဘဝရှင်မင်းတရားကြီးကလဲ မျှော်တော်မူသတဲ့လေ...
(စကားမစပ်.. ဖွားကိက ဘယ်တုန်းက နှစ်ပါးသွား ကခဲ့တာတုန်း...း) ပြောတော့ အပြိုကြီးဆို...း))
းဝ)
ဖွားကီ နှစ်ပါးသွားကတာ သိပ်မကြာသေးဘူး ကိုလူထွင်းရ အဟေးဟေးးး (ကြုံတုန်း ၀င်ပြောသွားတာ)
လေးစားလျက်
တောင်ပေါ်သား
ဟုတ်ပါ့ ကတောင်ပေါ်ပြောသွားတာ နှစ်ပါးသွားတောင်ကဲလိုက်သေးတယ် အမား မကြီးမငယ်နဲ့ ချော်ကျနေဦးမယ်
ခုလည်း မျင်းသားမျင်းသမီးမှာ မျင်းသမီးနေရာကမလား ဟဟ
ဘာမှမပြောချင်တော့ဘူးဆိုတာပဲ ပြောသွားတယ်...
အင်း.........
အင်း..
မျှော်ရပါကြောင်း နွေမိုးဆောင်းပါ
ငါးတွေက တက်တူးထိုးထားတာလား သိပါဘူး၊ဗျာ သူ့ဟာသူပေါ်တာဆိုပြီး ပြောကြလို့ ထင်တော့ထင်သား မဖြစ်နိုင်မှန်းတော့။
ရွှေပြည်တော်မျှော်တိုင်းဝေး အကြောင်းတောင် ရေးထားသေးတယ် အဟီးဟီး ဆိုင်မဆိုင်တော့ မပြောတတ်ဘူးဗျ ခေါင်းစဉ်တော့ တူတယ်။ အငြိမ့်မှာ ကပြသွားသလို လူကြီးတွေရဲ့ စေတနာနဲ့ မေတ္တာကို မစော်ကားနဲ့နော် စော်ကားရင်... သိတယ်မဟုတ်လား.. ဟဲဟဲဟဲ။
ဖွားကိ ဖတ်သွားပါ ၏
ဦးလူထွေးပြောသလို အပြိုကြီးရေ ခိခိ ကတာ လှတယ် ဇော်နဲ့တွဲကတာ တကယ် လဒလေး ပျံနေသလိုပဲ အဟက်
ကိရေ
နှစ်ပါးခွင်က မင်းသမီးလေးကိ...
ဇော်နဲ့ နှစ်ပါးသွားနေတာလား....
သတိထားနော် မိဇော်ကို...
နှင်း
ပုံလေးတွေ ကြည့်လို့ကောင်းတယ်ဗျ။ အောက်က မျင်းသားနဲ့ မျင်းသမီးတော့ ကြည့်ရင်းနဲ့ ဟားမိပါတယ်(ရင်မောစွာ) အော် ရွှေပြည်တော်ရယ်...
ဒီမျင်းသား၊ မျင်းသမီးကလည်း နေရာတကာပဲတော်...
စိတ်ကုန်တယ်။ ပြန်ပြီ။
သြော် သားကြီးဆိုတာကလည်း ဘယ်အချိန်ထထပြီး နေရာဦးတယ်မသိပါဘူး။ ၃၊ ၄ နေရာလောက်ကသူချည်း
ပဲ။ နောက်ဆိုရုပ်ရှင်လက်မှတ်သူ့ ဝယ်ခိုင်းရမယ်း)
ဟီလာရီ ကလင်တန်ကြီး ကို တီဇင်အေ ဘလော့မှာတွေ့လိုက်ပါကြောင်းး.... ခိခိ....
ဟောကြည့် သားကြီးးးးး
ဘာမှမပြောတော့ဘူး။
သမီးကြီး ဒေါပွနေတယ်။ သဘောပေါက်ပါဒါပဲ။ ဟွန်းးးး
ဒေါ်ကြီးကိ... အကုန်ကြိုက်တယ်။
မျင်းသားနဲ့ မျင်းသမိးပုံ အကြိုက်ဆုံးပဲ။
စီးရီးထုတ်ရင် သရုပ်ဆောင်ခိုင်းရမယ်။
ငါ လူလိမ်ကြီးပါ။ ငါလူသတ်သမားပါ။
ငါဟာ လူ့ ဘီလူးကြီးပေါ့ ဆိုတဲ့ အပုဒ်ကိုလေ။
တော်တော် မိုက်စ်မယ်ဟဟားးးးးးးးးးးး
ရွှေပြည်တော်မျှော်တိုင်းဝေးဆို
သေပြီနော်အော်ခိုင်းသလေး မဟုတ်ပါလား မင်းသမီးရဲ့
(အရှိန်မကုန်သေးလို့)
ပြောကို မပြောချင်တော့ပါဘူး ဆိုတဲ့ ရှေးခေတ် ဓါတ်ရှင် မင်းသမီးရဲ့ စကားတောင် ပြေးမြင်မိတယ်။
Post a Comment