တံတားတွေပြို ၊ မြေပြို ၊ အိမ်ပြို ။ရေကြီး နဲ့ ဒီနေ့ ၁၀ ရက်နေ့ ထုတ်ပြန်တဲ့သတင်းအရ သေဆုံးသူ ၇ ဦး ၊ ပျောက်ဆုံးသူ ဒါဇင် အနည်းငယ် ရှိပါပြီ ။တံတား တွေ ကျိုးကျတဲ့အချိန်မှာ အတူ ပါသွားတဲ့ ကား ၇ စီး ပေါ်က လူ ပေါင်း ၁၂ ယောက် ထဲမှ တဦးရဲ့  အလောင်းကိုတော့ ဒီမနက်ပိုင်းမှာ ရှာလို့ တွေ့ပါပြီ ။ ထိုင်ဝမ်ဟာ ကျွန်းနိုင်ငံလေးဖြစ်တာကြောင့် ချောင်းတွေ ၊ မြစ်တွေလည်း များပါတယ် ။ ကျိုးကျ ပျက်စီးသွားတဲ့ တံတား ပေါင်း ၂၀ခု ရှိတာမို့  ၊ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က လူ ၃၀၀၀ ကျော်သေဆုံးခဲ့ရတဲ့ မြေငလျင်ဒါဏ်ကြောင့် ပျက်စီးခဲ့ရတာထက် အပျက်အစီး အဆပေါင်းများစွာ ပိုတယ် လို့ ကြေငြာ ပါတယ် ။ စာရင်းအတိအကျကိုတော့ သေချာ တွက်လို့ မရသေးပါဘူး တဲ့ ။ ခန့် မှန်းခြေအားဖြင့် ဒေါ်လာ သန်းထောင် နဲ့ချီလိမ့်မယ် လို့ ပြော ပါတယ် ။
ရေဘေးဒုက္ခသည်တွေ ဆီသို့ ထိုင်ဝမ်သမ္မတ မာရင်းကျို ( 總統馬英九 ) ကိုယ်တိုင်သွားရောက်တွေ့ ဆုံ အားပေးပြီး လိုအပ်တာတွေကို ကူညီဖို့ လုပ်ဆောင်နေကြပါပြီ ။ တီဗွီ သတင်းတွေ ကြည့်ရင်း ငိုကြွေး ပူဆွေးနေသူတွေ မြင်ရတာ စိတ်မသက်သာ လှပါဘူး။ ရဲ ၊ မီးသတ်၊ စစ်သားများ ကလည်း အားကြိုးမန်တက် အလုပ်လုပ်နေတာတွေ့ ရတော့ ဘာ ကို ယှဉ်မိလည်းဆိုတာ သိကြမှာပါ ။ ဒီလို ဒုက္ခသည်ကို ရေထဲ မှာ ကယ်တင်နေတုံး စစ်သား ၂ ဦး ရေစီးထဲ မျောပါသွားတယ်လို့  ကြားလိုက်မိတော့ အတော်လေး အံ့သြမိသေးတယ် ။ တကယ့် ကယ်ဆယ်ရေး ပါလား လို့  .... သူတို့  ၂ ဦး အစအန ကိုတော့ ခုထိ ရှာ မတွေ့ သေးပါဘူး တဲ့ ။
ဒုက္ခသည်တွေကို လောလောဆယ် လက်ခံ ပြုစုရေး ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အတွက် အရေးပေါ် စည်းဝေးပြီး ပန့် ပိုး ပေးနေကြပါပြီ ။ စေတနာ ရှင်များကလည်း မီဒီယာ အမျိုးစုံမှ တတပ်တအား အလှူငွေ နဲ့  အသုံးအဆောင် ၊ စားနပ်ရိက္ခာများ ၊ များကို လှူဒါန်းလျှက်ရှိကြပါတယ်။
'ဒီပုံ လေးကတော့ ထိုင်ဝမ် အရှေ့ ပိုင်း ထိုင်တုံး ၊ (台東) မြို့ ၊ ထိုက်မာလီ ရွာ( 太麻里鄉 ) မှာရှိတဲ့ golden lion hotel (金帥飯店) ဟာ ၂ ရက်လုံးလုံး မိုးသည်းထန်လို့ ရေတိုက်စားခံ ရပြီး ပြိုကျသွား တဲ့ ၉.၈.၀၉ နေ့လည် ၁ နာရီကျော် အချိန်မှာ ရိုက်ယူထားတာ ဖြစ်ပါတယ် ။ ကံကောင်းတာ တခုကတော့ မုန်တိုင်းရှိတယ် လို့  အစိုးရက တပါတ်လောက် အချိန် ကတည်းက ကြိုတင် ပြီး တရားဝင် အသိပေး ကြော်ငြာထားတဲ့  အပြင် ၊ အချိန်နီးကပ်လာတာနဲ့ အမျှ ရုပ်မြင်သံကြား သတင်းလိုင်းပေါင်းစုံမှ အဆက်မပြတ်ထုတ်လွှင့်ပြီး အန္တရာယ် ရှိနိုင်တဲ့ ဒေသကလူတွေ ကို အချိန်မီ ပြောင်းရွှေ့  ပေးထားနိုင်ခဲ့လို့  ။ အဲဒီ ဟိုတယ် ပြိုကျ ချိန်မှာ လူ တဦးတယောက်မျှ အသက်အန္တရာယ် မဖြစ်ခဲ့ပါဘူး ။
မုန်တိုင်း ကြီးမယ်ဆိုရင် အဲဒီအရပ်က လူတွေ အလုပ်ပိတ် ၊ ရုံးပိတ် ၊ ကျောင်းပိတ် ပေးကြတယ်။ အသံလွှင့်ဌာနတွေမှ အချိန်တိုင်းမှာ မုန်တိုင်းသတင်းတွေ ထုတ်လွှင့်ပေးတဲ့အတွက် ကိုယ်အလုပ်တက်ရမယ် ၊ မတက်ရဘူးဆိုတာ သိနိုင်ပါတယ် ။
၈.၈.၀၉ ရက်နေ့ က ထိုင်ဝမ်း တနိုင်ငံလုံး ရှိသမျှ ရုံး ။အလုပ်ရုံ ၊ စက်ရုံ ၊ စာသင်ကျောင်းတွေ အားလုံး ပိတ်ပေးပါတယ် ။( လခ အပြည့် နဲ့ အိမ်မှာ ဇိမ်ကျ လို့ ဒီလို သတင်းကို လူတိုင်း မျှော်နေကြစမြဲ ပါ ။ ဒါပေမဲ့ ဝမ်းနည်းစရာ ကတော့ ဆေးရုံ နဲ့ မုန်တိုင်းကယ်ဆယ်ရေး တာဝန်ရှိတဲ့သူများ ၊ မီးသတ်၊ ရဲ ၊ အစ ရှိသည်တို့  အတွက် အကျုံး မဝင်ပါ ...ဒါကြောင့်  မုန်တိုင်း ဘယ်လောက် လာလာ ကိုယ်ကတော့ မပျော်နိုင်ပါဘူး ... ဤကား စကားချပ် ။)
သဘာဝဘေးအန္တရာယ် ဆိုတာ ရှောင်လွှဲ လို့  မရစကောင်းပါဘူး ။ ဒါပေမဲ့  ဖြစ်လာမဲ့ အန္တရာယ် ကို ကြိုတင် တွက်ချက် သိနိုင်မယ် ဆို ရင်တော့ ကျရောက်လာနိုင်တဲ့  ဆုံးရှုံး မှု တွေ ကို တတ်နိုင်သလောက် အနည်းဆုံး ဖြစ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ် ။ မနှစ်က ၂၀၀၈ ခု မေလ ၂ ရက်နေ့  မှာ ရွှေပြည်ကြီး က နာဂစ် ကြောင့် ဖြစ်ပေါ်ရတဲ့ နောက်ဆက်တွဲ ကျေကွဲ စရာ များ ကို ပြန်တွေး မိတိုင်း ....... .... သက်ပြင်းတွေသာ ချနေမိပြန်ပါတယ် လေ .....
သတ္တဝါ အပေါင်း ကျန်းမာကြပါစေ ။ အန္တရာယ်ကင်း ဘေးရှင်းကြပါစေ ။
►Posted by
:kiki
:
at
8/10/2009 11:30:00 PM
Subscribe to:
Post Comments (Atom)
13 comments:
ကိရေ ခုထိ ဝမ်းနည်းနေတုန်းပဲ.... သူတို့အဆင်ပြေကြရဲ့လား မသိဘူးနော်...
ဟိုတယ်ကြီး ပြိုကျသွားတာကိုတော့ တီဗွီကနေ တွေ့လိုက်တယ်....
အခုဆို အလုပ်တော်တော်ရှုပ်နေမှာပေါ့....
လွန်ခဲ့တဲ့ ၂၁နှစ်တုန်းကလဲ မြန်မာပြည်က ဆရာဝန်တွေ ဆေးရုံဝန်ထမ်းတွေ အလုပ်ရှုပ်သွားခဲ့ဖူးတယ်...
အဲဒီတုန်းကတော့ သဘာဝဘေးအန္တရယ် ထက် ဆိုးတယ်လေ...
ဖွားရေ ကြောက်စရာ သဘာဝဘေးဒဏ်ကြီးပါလား။ သနားပါတယ်။
အိုးးးးးးးးး စိတ်မကောင်းစရာပဲ။
ကြောက်ဖို့ ကောင်းလိုက်တာ။
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ။
အင်းးး
သဘာဝဘေးး ဆိုးကျိုးတွေပေမဲ့..
ကြိုတင်ကာကွယ်မှုတွေ ရှိခဲ့တော့လဲ
အများစုသေမဲ့ ဘေးကနေတော့ ကာကွယ်နိုင်ပါတယ်လေ..
ဟူးးးး
သက်ပြင်းချရင်းေ၇ွှပြည်ကြီးက နာဂစ် ကိုပဲ မြင်ယောင်မိပါတယ်...
အခုလဲ သဘာဝဘေးထက်ဆိုးတဲံ နူကလီယားတဲ့..
ကိုင်းဘယ်လိုလုပ်ကြမတုန်းးးး
ကိုယ်တို့ ပြည်သူတွေရဲ့ အသက် ပုရွက်ဆိတ်လောက်တောင် တန်ဖိုးမဲ့ နေကြပီလားးးး
အမား င့ါမပြောလိုပါ ဘာမှကိုမပြောလိုပါ
အတင်းလည်းမပြောလိုပါ အဖျင်းလည်းမပြောလိုပါ
ထိုင်ခုံမှာထိုင်နေတာဇိမ်တော့ကျသားဟ
အောက်ကိုမဆင်းချင်တော့ဘူး
ဘယ်သူ့ တွေဘာဖြစ်ဖြစ် င့ါနေရာမြဲနေရင်ပီးေ၇ာ
မုန်တိုင်းကိုလာကြည့်သွားပါတယ်...။
ထိုင်ဝမ်က ဘလော့ဂ်ဂါအားလုံး အန္တရာယ်ကင်း
ဝေးပါစေလို့ လာရောက်ဆုတောင်းပေးသွားပါတယ်.....။
ဟုတ်တယ် မမရေ
ဟိုတယ်ကြီး ပြိုကျတာရော
သမ္မတ က လူတွေကို စကားလိုက်ပြောနေတာရော
သတင်းကနေတွေ့လိုက်ပါတယ်
သတင်းကြည့်နေရင်းနဲ့တောင် စိတ်ထဲတွေးမိသေး
သူတို့ သမ္မတက မကြောက်တတ်ဘူးနော် လို့
လူတွေကြားသွားရဲတယ်လို့
ဘေးကအခြုံအရံ တပုံတပင်မပါဘဲနဲ့လေ
လူတွေကို တကယ်စေတနာစိတ်ရင်းနဲ့ နှစ်သိမ့်နေတာတွေ့တော့
ဟင်းးးးးးးးးးးး လို့ဘဲ သက်ပျင်းချမိပါတယ်
ဒုက္ခသည်ချင်း အတူတူ သူတို့က ကံကောင်းပါသေးတယ်နော်။
သဘာဝ အန္တရယ်တွေကကြောက်စရာဘဲ၊ အခုလည်း ရန်ကုန်မှာ ငလျင်လှုပ်သွားတော့ စိတ်ပူနေရပြန်တယ်၊
ကျွန်တော်တို့ဆီမှာလည်း တိုနာဒိုး လေဆင်နှာမောင်းတွေအတော်ကြောက်ရတယ်၊
အဲဒီမုန်တိုင်းကသူတို့ ပျဉ်းမနားမှာကွက်ဖြစ်သင့် တယ်
အခုလဲမတည်တော့ တည်ဆဲဥပဒေအ၇တဲ့ အမေစုကို
ငါးနှစ်ချလိုက်ပြန်မကီရေ့ ။အိုဘားမားကြီးကလဲတက်
လာကတဲကဆလံမလေးကွန်းနဲ့ ဆိုတော့ .. ကျွန်တော်
တို့ ရဲ့ ရွှေပြည်တော်ကတော့ မျှော်စရာတောင်ရှိပါအုံး
တော့ မလားလို့ ။မကယ်နိုင်ကြတော့ ဘူးထင်တယ်။
အန်အယ်လ်ဒီကိုလဲဆွမ်းလောင်းအသင်းလောက်ပဲဖြစ်
အောင်လုပ်ထားကြပြီ။အမှန်တရားကတော့ ပန်းကန်ပြား
တစ်ချပ်လိုပဲပြားချပ်ချပ်ကြီးဖြစ်သွားပြီမကီရေ.....။
အစ်မကိရေ ၂၀၁၂မှာကမ္ဘာပျက်မယ်လို့ဟိုးလေး
တကြော်ဖြစ်နေတယ်ဗျ ဒါပဏာမအစပဲလားမသိဘူး
သူ့နိုင်ငံသူ့အစိုးရနဲ့တော့ သူ့လူတွေကိုကြိုကြိုတင်တင်ကာကွယ်ခိုင်းထားတာ
ကြောင့် လူအသေအပျောက်နည်းနေတာပေါ့နော်
ကျနော်တို့ရွှေပြည်ကြီးမှာသာ...
ဘာတွေက ဘယ်လိုဖြစ်လာမလဲလို့ ဘယ်သူမှ ကြိုမသိဘူးလေ... ကြိုသိနိုင်တဲ့ ဒို့ မြတ်စွာဘုရားတောင် ကျော်နိုင်တာမှမဟုတ်ပဲ..
ဝဋ်ရှိရင်ခံရစမြဲမျိုး.. ကြိုသိလဲ မထူးသလိုရှိပါတယ်... မိမိရဲ့ လက်ရှိရလဒ်တွေက မိမိရဲ့ အတိတ်ကလုပ်ရက်တွေလို့သိကြရင် ကောင်းမှာပဲနော်
ဒါမှ မိမိလုပ်ရက်တွေကို ကောင်းအောင်လုပ်ကြမှာ...
ဒီမြင်ကွင်းတွေမြင်တော့ စိတ်မကောင်းလဲမဖြစ်ဘူး ၀မ်းသာတဲ့အဖြစ်မျိုးလဲမဖြစ်ဘူး... ဘာဖြစ်သလဲဆိုရင် သူကိုကြည့်ပြီး မိမိလဲ ဒီလိုမဖြစ်အောင် စိတ်ထားလေး ကောင်းကောင်းထားပြီး ကောင်းတဲ့အလုပ်ကိုပဲ ကြိုးစားလုပ်ရမယ့်အ သိလေးရပါတယ်
အဒီအသိလေး ရဖို့ ဒီပို့စ်လေးတင်တဲ့ အစ်မကြီးကိုလဲ ကျေးဇူးမေတ္တာပို့သလျက်ပါ
အဆင်ပြေမှာပါ သူတို့တွေကတော့ ငါတို့နိုင်ငံ နာဂစ် ဝင်မွှေသွားတုံးကသာ ပြည်သူတွေ သနားစရာကောင်းတာ အထက်ကလဲ လှူသမျှကို မလှူနိုင်အောင် ပိတ်ပင် နဲ့ တော်တော်သနားဖို့ကောင်းတဲ့ ငါတို့ပြည်သူတွေ သူတို့တွေတော့ သူတို့ အစိုးရ မနေပါဘူး ကယ်မှာပါ
Post a Comment