Aug19,2009
ရွှေ နိုင်ငံ သားသတ်လုပ်ငန်းအဖွဲ့ ချုပ် ရုံးချုပ်တွင် ရွှေနောက်လိုက်ရှာဖွေခြင်း အမျိုးအစား ခွေးပြိုင်ပွဲ
အား ပထမဆုံးအကြိမ်အဖြစ် အပြည်ပြည်ဆိုင်ရာ နောက်သို့  ကုပ္မဏီ လိမိတက်မှ ဦးစီင်္းပြီး ၂၀၁၀ ခုနှစ်မေလတွင်
ကျင်းပမည်ဖြစ်သည်။
ပျြိင်ပွဲအား ရွှေနိုင်ငံ သားသတ် အသင်း နှင့် ပူးပေါင်း၍ ပထမဆုံးအကြိမ် အဖြစ် မရဏလမ်းနှင့် အသောက ဆေးဝါးစက်ရုံလမ်း ထောင့်ရှိ ရွှေနိုင်ငံ သားသတ်အသင်း အဖွဲ့ချုပ်၌ ကျင်းပမည်ဖြစ်ကြောင်းအပြည်ပြည်ဆိုင်ရာ နောက်သို့  ကုပ္မဏီ မှ ပြောဆိုခြင်း ဖြစ်သည်။
“ခွေးကတော့ ရွှေနောက်လိုက်ရှာဖွေခြင်း အမျိုးအစား ခွေး တမျိုးတည်းကိုသာ ပြိုင်ပွဲဝင်ခွင့် သတ်မှတ်ထားတာပါ။ ဆုအမျိုးအစားက ၆ ခုပါ ချင်။ လောလောဆယ် ၆ ခု ရည်ရွယ်ထားပါတယ်။ ခွေးထီးအတွက် ၂ ဆု၊ ခွေးမအတွက် ၂ ဆု၊ ပါပီအတွက် (၇၅ နှစ်အထက်နှင့် ၇၅နှစ် အောက်) ၂ဆု။ ပထမ၊(ရွှေ) ။ ဒုတိယ(အေး) နှစ်ဆုပဲ ချီးမြှင့်မှာပါချင်” ဟု တာဝန်ရှိသူ ဒေါက်ချ ကဝေကြိုင် ပြောသည်။
အပြည်ပြည်ဆိုင်ရာ နောက်သို့  ကုပ္မဏီ လိမိတက်မှ. ၎င်းတို့ တဦးတည်း ကိုယ်စားလှယ်ရယူထားသော ပြင်သစ်အခြေစိုက် Total အမှတ်တံဆိပ် ခွေးအစာအတွက် ကြော်ငြာသဘောမျိုး ကျင်းပရခြင်းလည်းဖြစ်ပြီး Total မှ ကျွမ်းကျင်သူများလည်း ပြိုင်ပွဲသို့ တက်ရောက်ကြမည်ဖြစ်သည်။
ပြိုင်ပွဲအတွက် ဝင်ကြေးပေးသွင်းရန်မလိုဘဲ ပြိုင်ပွဲလျှောက်လွှာများကို နီးစပ်ရာ သားသတ်ခန်းများနှင့် ရွှေနိုင်ငံ သားသတ်ရေး အဖွဲ့ချုပ်တွင် ဒီလ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရယူနိုင်မည်ဖြစ်သည်။
ခွေးပြိုင်ပွဲကျင်းပပြီး မေလ၏ နောက်တရက် ရက်နေ့တွင် Total မှ လူညာရှင်များအပါအဝင် ခွေးအထူးကုချာ ဝန်များ စုပေါင်း၍ အားလုံးညာရေးပိုင်းဆိုင်ရာ ဆွေးနွေးပွဲများကို စီတိုးပွားဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း ဒေါက်ချ ကဝေကြိုင် က ပြောသည်။
[္ပ္ကုဤပွဲသို့ တက်ရောက်ကြမည့် သူများအား လင်ဆာ ၊ ဗလာဒို ဘရင်းနယူး အသစ်ချပ်ချွတ် ကားတစီး အား မဲနှိုက် စေပြီး ၊ အသင်းဥက္ကဌကြီး၏ရွှေ မြေးတော်သူ နှစ်သက်သော မော်ဒယ်ဂဲလ်လေး အား ချီးမြှင့်မည် ဖြစ်ပါကြောင်း သတင်း အပို တချပ် ရရှိပါသည်] ... ငှဲ ငှဲ ..နားရှုပ်သွား ပြီ လား ။
ဂလင် ဂလင် ဂလင်....
အာ ... ဘယ်သူပါလိမ့် အနှောက် အယှက် က.. ဇာတ်ရှိန်တက်ပြီဆို လာဖျက်ပြန်ပြီင်္း ။။ ဟင်း ... ( နာရီ အချက်ပေး ခေါင်းလောင်းသံကို လှမ်းပိတ် ရင်း အိပ်ချင်မူးတူး နဲ့ ဆက်နှပ်မယ်လို့ ကြံစည်နေတုံး အတွေးတမျှင် ဆွဲကြည့် မိလိုက်တော့ ...)
ဟိုက် ....အား ရှားလဘတ် စ် ... တေပါဘီ။ တေပါဘီ။ ဒီနေ့ ဆီမီနာ ရှိပါတယ် ဆိုမှ ။အိပ်ယာထ နောက်ကျပြန်ဘီ ။ သူဌေး အဆူတော့ ခံရအုံးမှာဘဲ ။
ဝုန်းဒိုင်းကျဲ ၍ အိပ်ယာမှ ထပြီးသကာ လ .. အလုပ်တက်ဖို့  အပြေးအလွှ့ား လုပ်နေရ သည့် ဖွားကိ ကို ဘယ်သူမှ မမြင်လိုက်တာ တော်ပါသေးရဲ့  ဟု စဉ်းစားမိလိုက်သည်။
ဖွားကိတယောက် ထုံးစံအတိုင်း ဟိုဟို ဒီဒီ စပ်စပ်စုစု သတင်းများဖတ်ရင်း အောက်မှ သတင်းတပုဒ်ဖတ်မိကာ မှောက်ရက် အိပ်ပျော်သွားပါ၍ ဂယောက် ဂယက် အိပ်မက်များ မက်ရပြန်ပါပြီ ။
ခွေးလွှတ်တော်မူပေးကြပါ ကုန်...
မူလ အော်ရီဂျင်နယ် သတင်းလေးက ဒီမှာ ပါနော် ။။
အိုကွယ် ကလစ်နေရတာ ကြာပါတယ် ။ ဒီအောက်မှာ ဆက်ဖတ်ကြည့်နိုင်ပါတယ် ။။ ထူးထူးဆန်းဆန်း ။။ လူတွေတောင် ပြိုင်လို့  မနိုင်တာ ခွေးတွေပါ ပြိုင်ကြအုံးမတဲ့  ကွယ် ....
ရန်ကုန်တွင် ခွေးပြိုင်ပွဲ ကျင်းပမည် | ![]() |


တနင်္လာနေ့၊ သြဂုတ်လ 17 ရက် 2009 ခုနှစ် 18 နာရီ 11 မိနစ် |
ချင်းမိုင်။ ။ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ရုံးချုပ်တွင် Golden Retrievers အမျိုးအစား ခွေးပြိုင်ပွဲအား ပထမဆုံး အကြိမ်အဖြစ် ရန်ကုန်ရှိ Fortune International Ltd. က ဦးစီးပြီး ယခုလ ၂၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။ ပြိုင်ပွဲအား မြန်မာနိုင်ငံ အိမ်မွေးတိရစ္ဆာန် မွေးမြူရေးအသင်းနှင့်ပူးပေါင်း၍ ပထမဆုံးအကြိမ်အဖြစ် ဘုရင့်နောင်လမ်းနှင့် ကြို့ကုန်းစက်မှုဆေးဝါး လမ်းထောင့်ရှိ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၌ ကျင်းပမည်ဖြစ်ကြောင်း Fortune International Ltd. မှ ပြောဆိုခြင်း ဖြစ်သည်။ “ခွေးကတော့ Golden Retrievers တမျိုးတည်းကိုသာ ပြိုင်ပွဲဝင်ခွင့် သတ်မှတ်ထားတာပါ။ ဆုအမျိုးအစားက ၆ ခုပါ ခင်ဗျာ။ လောလောဆယ် ၆ ခု ရည်ရွယ်ထားပါတယ်။ ခွေးထီးအတွက် ၂ ဆု၊ ခွေးမအတွက် ၂ ဆု၊ ပါပီအတွက် (၆ လနှင့် ၆ လအောက်) ၂ဆု။ ပထမ၊ ဒုတိယ နှစ်ဆုပဲ ချီးမြှင့်မှာပါခင်ဗျာ” ဟု တာဝန်ရှိသူ ဒေါက်တာဝင်းကြည်က မဇ္ဈိမကို ပြောသည်။ Fortune International Ltd. က ၎င်းတို့ တဦးတည်း ကိုယ်စားလှယ်ရယူထားသော ပြင်သစ်အခြေစိုက် Royal Canin အမှတ်တံဆိပ် ခွေးအစာအတွက် ကြော်ငြာသဘောမျိုး ကျင်းပရခြင်းလည်းဖြစ်ပြီး Royal Canin မှ ကျွမ်းကျင်သူများလည်း ပြိုင်ပွဲသို့ တက်ရောက်ကြမည်ဖြစ်သည်။ ပြိုင်ပွဲအတွက် ဝင်ကြေးပေးသွင်းရန်မလိုဘဲ ပြိုင်ပွဲလျှောက်လွှာများကို နီးစပ်ရာ တိရိစ္ဆာန်ဆေးခန်းများနှင့် မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ်တွင် သြဂုတ်လ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရယူနိုင်မည်ဖြစ်သည်။ ခွေးပြိုင်ပွဲကျင်းပပြီး နောက်တရက် ၂၉ ရက်နေ့တွင် Royal Canin မှ ပညာရှင်များအပါအဝင် တိရစ္ဆာန် ဆေးကုဆရာဝန်များ စုပေါင်း၍ ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲများကို ဆီဒိုးနားဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း ဒေါက်တာဝင်းကြည်က ပြောသည်။ ဤတွင် ပြီးပါပြီ ။ တိန် တိန် မြည်အောင် ခေါင်းခေါက်သွားကြပါ ။။ ( ကိုယ့်ခေါင်းကိုယ်ခေါက်ပြီးမှ ပြန်ကြပါရန် ) |
►Posted by
:kiki
:
at
8/19/2009 12:26:00 PM
Subscribe to:
Post Comments (Atom)
14 comments:
တိန် တိန် မြည်အောင် ခေါင်းခေါက်သွားပါတယ်း) ဒါပေမဲ့ အသံ သည်လိုဏ်ခေါင်းသံမြည်လာပါတယ်။ အဘယ်ကြောင့်ဆိုသော ခေါက်လိုက်တော့ ခေါင်းမှာ အထဲတွင် ဦးနှောက်မရှိလို့ပါ အယ် သွားပြီ ကျနော်လဲ အလုပ်နောက်ကျနေပြီ ဖွားကီရ မနေ့က ဦးနှောက်မပါတဲ့ အဖိုးကြီးတွေ လူသတ်တဲ့ဇာတ်ကား ကြည့်မိတာ ရောသွားတယ် အဟီးးးး
လေးစားလျက်
တောင်ပေါ်သား
အော် ပထမဆုက ရွှေ ဒုတိယ ဆုက အေးတဲ့လား ဟဟ ဘာတဲ့ ကဝေကြိုင်က ပြောသွားတယ်တဲ့လား ဟိဟိ ဖွားကိရယ် ရေးလဲ ရေးတတ်ပါ
ကဲ ကဲ ရယ်လို့လဲ အားရပြီ လိမ့်ပြီဗျိုးးးးးး ဒုန်းးးးးး ဒုန်းးးးးးးးး
အော် ဒါနဲ့ ဖွားကိ ကြိုက်သလိုခေါ်နော် သိလား ရတယ် ဝက်ကလေး လဲ နားထောင်လို့ကောင်းတာပဲ ဟိဟိ ဘိုင် တာ့တာ
အဟောင်နိုင်ဆုံးဆုကို ကျော်ဆန်းနဲ့ အကိုက်နိုင်ဆုံးဆုကို ခင်ရီက ရရှိသွားပါကြောင်း ဖြောင်းဖြောင်းဖြောင်း
ဗြောင်း အမငီး..
လျှောမချနဲ့လေ ပြောချင်တာပြောပြီး အိမ်မက်တဲ့
အဲလိုပြိုင်မျိုးတကယ်ရှိနိင်တယ် ကြိတ်ပြီးလုပ်ကြမှာ မြင်ယောင်သေးတယ်...။
ပြိုင်ကြပြိုင်ကြ။ အကိုက်လည်းပြိုင်ကြ၊ အကိုက်နိုင်ဆုံး အကောင်က အနိုင်ရမယ်။ ဝေးးဟေးဟေးးးးးးးးးးးး
ကောင်းတယ်။ ပထမရွှေ ဒုတိယအေး သူတို့တွေလည်း ၀င်ပြိုင်ခိုင်းလိုက်။
ဟောဗျာ..ဖွားကိတို့ကတော့ လုပ်ချလိုက်ပြန်ပြီ။
yu ya
ခွေးတွေ အုပ်ချုပ်နေတဲ့ တိုင်းပြည်က ခွေးပြိုင်ပွဲ
လုပ်လာတာမဆန်းပါဘူးမကီရာ....
နောက်တိရဆာန်ပြိုင်ပွဲပေါင်း များစွာပေါ်
လာနိုင်ပါတယ်၊
မသွားဖြစ်သေးလို့ တစ်ပုဒ်တင်ဖြစ်သေးတယ်ဗျို့ ...
ကိုယ့်ခေါင်းကိုယ်မခေါက်တော့ဘူးဗျာ
ဒေါက်ချကဝေကြိုင်ကလည်း တတ်ပဲတတ်နိုင်
လွန်းတယ်
၇၅အထက်နဲ့အောက်တောင် ပါသေးတယ်ဆိုတော့ တော်တော်ဆိုးတာပဲ
အရွေးခံပြီး “တိန်”ကနဲမြည်ပြီးသေကုန်ကြမလား
မသိဘူး ဟီးးး
အဟား ပထမ က တောင်ပေါ်သားပဲ ရသွားတာ
အမ် ဒုတိယက ဝက်ဝံလေး ပဲ ကောင်းပါလေ့
ဒို့ ကတော့ နောက်ကနေပဲ ဟတ်ဟတ်
သို့...
ခွေးထိန်းဖွားကိ
တချို့ ခွေးများသည် လူစင်စစ်များထက် တန်ဖိုးရှိ၏။
အသေအချာလေ့ကျင့်သင်တန်းတက်ထားသော ခွေးများသည် (ဥပမာ အမဲလိုက် expert ခွေး၊ မူးယစ်ဆေးဝါး expert ခွေး) ဒေါ်လာ သန်းချီတန်ကြကုန်၏။
ထို့ကြောင့် ၂ပြားမတန်သော ရွှေဆွဲပြား၊ အေးဆွဲပြားများဖြင့် စည်းရုံးရေးဆင်းပြီး ခွေးသိက္ခာကို မစော်ကားစေလို...
းဝ)
အင်း... ဒင်းတို့ တကယ်လုပ်သင့်တာက အဆိပ်သောက်ပြိုင်ပွဲ...း)
ဒီလိုပါပဲ မကိကီ ရယ် ခေတ်ပျက်ကြီးမှာ ဒီကောင်တွေ မရောင်ရာ ဆီလူးနေတာလေ... ပြည်သူတွေက ငတ်လို့ ရှိတဲ့လူတွေက ဖြုန်းလို့ ... တရား ရပါစေတယ်လေ ..
ပြည်တွင်းပြန်ပြီး အမဲ၇ိုးသွားရောင်းစားဦးမှပဲ.......
ဂိန်...ဂိန်....ဂိန်... အာဝု.....
အဘ တအိမ်နဲ့တင် သာဌေး ဖစ်လောက်တယ်....
ဒေါင်......... အောင်းမငီး........
( ခေါက်သွားသည်.. ကိုယ့်ခေါင်းကိုယ်)
Post a Comment