ဒီနေ့ မနက် စောစောစီးစီးအရေးပေါ်ခန်းက ဖုံးဆက်ခေါ်တာနဲ့ ထုံးစံအတိုင်း အိပ်ချင်မူးတူး ကမန်းကတန်း အောက်ပြေးဆင်းပေါ့။မျက်နှာတောင်မသစ်အားဘုး ။ဒါပေမဲ့  သိပ်တော့ကိစ္စမရှိပါဘူး ။ မျက်နှာအုပ်တဲ့  mask တပ်ထားကြတာဘဲ ။ဘယ်သူသိတာမှတ်လို့ ။
အရေးပေါ်ခန်းထဲရောက်တော့ ၅နှစ်-၆နှစ်သားအရွယ်ခလေးတယောက်အော်ငိုလို့ ပေါ့ ၊သူ့ ရဲ့ ညာဖက်လက်ချောင်းလေးတွေနဲ့လက်ဖမိုးလေးပေါ်မှာ သွေးယိုကျနေတဲ့  ပေါက်ပြဲရာတွေနဲ့ ။လူနာအမေကို လိုအပ်တဲ့ အချက်တွေကမန်းကတန်းမေး ၊ ဒါဏ်ရာကို ချုပ်ဖို့ လိုအပ်လားဆိုတာ စစ်ဆေးပေါ့  ။ အများအားဖြင့်  အဲသလိုမျိုး ခွေးတို့ ကြောင်တို့ ကိုက်တဲ့ ဒါဏ်ရာတွေကို မချုပ်ရဘူး ။ အဲဒီ တိရစ္ဆာန်ကိုက်ရင် သူတို့ ရဲ့  တံတွေးမှပိုးတွေကြောင့် အနာ ရင်းတတ်လို့ပါဘဲ ။တကယ်လို့  ဒါဏ်ရာ သိပ်ပြီး မကြီးရင် ၊မနက်ရင် ဒီဒါဏ်ရာကို စင်အောင် သန့် အောင်ဆေးကြောပြီး ဆေးထည့်( cleaning and dressing) လုပ်ပေးရုံပါဘဲ ။ တကယ်လို့ ဒါဏ်ရာသိပ်ကြီးရင် ။ဒါမှမဟုတ် အရေပြားအောက်ထိမှ အရွတ် ။အကြော ။အသားမျှင် ။အရိုး စသဖြင့်မြင်ရလောက်အောင်ကြီးမားနေရင်တော့ ဒီအနာကို မချုပ်လို့ မရပါဘူး ။ဒါပေမဲ့  ချုပ်ရိုးကို သိပ်ပြီးစိပ်နေအောင် မချုပ်ရဘူး ။အနာရင်းပြီးယောင်လာရင် အထဲက မကောင်းတဲ့  သွေးပုပ်တို့  သားငံရည်တို့  စိမ့်ထွက်နိုင်အောင်လို့  ခပ်ကျဲကျဲလေးဘဲ ချုပ်ရတယ်လေ။
ဒီခလေးရဲ့  ဒါဏ်ရာလေးတခုက နဲနဲလေး နက်နေလို့  ချုပ်ပေးဖို့  ဆုံးဖြတ်လိုက်တယ် ။ဒီတော့  ဒါဏ်ရာကို မချုပ်မီ သေချာ သန့် စင်ဆေးကြောပေးပြီး ထုံဆေးထိုးရတော့တာပေါ့ ။အနာရဲ့ ဘေးပတ်လည်ကိုLidocaine ထုံဆေးထိုးပေးတဲ့ အချိန် အဲဒီခလေး အာပြဲကြီးနဲ့ အော်ငိုပြီး ပြောလိုက်တဲ့  စကားတခွန်းကြောင့်  ကိုယ်လည်း အိပ်ချင်စိတ်တွေ ဘယ်ပျောက်ကုန်မှန်းမသိတော့ပါဘူး ။ သူ့ ကိုဘဲ စိတ်ဆိုးရမလား ။ကိုယ့် ပုံစံကဘဲ တကယ် အဲဒါနဲ့ တူနေလို့ လားဆိုတာ ။မခွဲခြားတတ်တော့ပါဘူး ။
သူအော်ငိုပြီးပြောချက်ကဖြင့်...။ အောင်မလေး အမေရဲ့ ။ သူကိုက်တာက ခုန ခွေးကိုက်ခံရတာထက် ပို နာတယ် တဲ့ လေ ။
အဟဲ ။။ စိတ်ထဲတော့ အတော်လေး အောင့် သွားတယ် ။ဒါပေမဲ့  သူက ခလေး ၊ ပြီးတော့ လူနာ လေ ။။ ကိုယ် ဘာပြန်လုပ်လို့ ရမှာလဲ နော် ။။ သည်းခံ သည်းခံ ....
ဒီလို အလားတူ အဖြစ်မျိုး။ ငိုအားထက်ရယ်အားသန်ရတဲ့ ကိုယ်တွေ့ လေးတွေ နောက် လမ်းကြုံရင် ဂျမ်းပုံတို့အိမ် လာရင် ထပ်ပြောပြပါမယ် ။
►Posted by
:kiki
:
at
2/27/2009 11:37:00 AM
Subscribe to:
Post Comments (Atom)
2 comments:
အော်..
အိပ်ချင်မူးတူးနဲ့ ဗျာ..
ဗိုက်ဆာရင်လဲနောက်မှ စားပေါ့...
အခုဟာက အနာရတဲ့ကလေးကို ဖမ်းကိုက်ရတယ်လို့ ..
ကလေးဆိုတာ အမှန်ပဲပြောတာနော့..
ဟ..ဟ..
စတာပါ..အတည်..
I agree with most of your points, but a few need to be discussed further, I will hold a small discussion with my partners and maybe I will look for you some advice later.
- Henry
Post a Comment