မဟူရာညနက်ထဲမှာ.
လမသာခဲ့ပေမဲ့
ကြယ်စင်ရဲ့ အလင်းရောင်နဲ့ တင်
ငါရှင်သန်ရဲပါတယ်...
ဦးနှောက်နဲ့ နှလုံးသား
လွန်ဆွဲပွဲမှာ...
ရူးသာရူးလိုက်ချင်ပါရဲ့ 
တမူးသာသူ ဦးစွာအဖြေပေးကြပါ....
သူနဲ့ ဝေးရာ ဆွေးကမ္ဘာမှာ
ဖြေဆေးမရှိတဲ့သောကတွေနဲ့
ရင်နာရမဲ့အလုပ်ငါမလုပ်ချင်ဘူး...
ပြုံးမြမြမျက်နှာလေးကိုပဲ
ငေးကြည့်ချင်နေခဲ့သူပါ...
သေချာတာတစ်ခုကတော့
အချစ်မရှိတဲ့အလွမ်းမြေမှာ
ဘယ်လိုသတ္တိမျိုးနဲ့ မှ
ငါ... ... ...
အသက်မရှူရဲခဲ့ပါဘူး... ... ...။ ။
ခံစားနိုင်ကြပါစေ..
ကြယ်ရောင်လင်း ဆိုတဲ့  သူငယ်ချင်းလေးတယောက် ရဲ့  ကိုယ်ပိုင်ရေးသား ခံစားမှုလေးတခုပါ။
သူ့ ကိုယ်စား ဒီနေရာမှ ရင်ဖွင့်ပေးရတာပါ...
ချစ်သူများနေ့ အကြို ... ချစ်သူရှိတဲ့ သူတွေပျော်စရာပေမဲ့  ချစ်ရသူနဲ့ အဆင်မပြေသူတွေအတွက်ယောင်တောင်တောင်နဲ့ လေ။ ဒါကြောင့်  အချစ်မရှိတဲ့ ဒေသမှ အချစ်ကို တမ်းတခြင်းလေး ပါ
►Posted by
:kiki
:
at
2/12/2009 10:01:00 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment