လက်ရှိသုံးနေတဲ့ ငွေစက္ကူ (ဘယ်ဖက်က အရွက်ကြီး) နှင့် အလကားရတဲ့ စားသုံးသူ လက်မှတ် 消 費 卷(ညာဖက်က အသေးလေး )
ကမ္ဘာ့ နိုင်ငံ အသီးသီး စီးပွားရေးကျလို့ တာဝန်သိတဲ့ အစိုးရတွေက ကိုယ့်တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာရေးအတွက် တတ်နိုင်သလောက် ကြိုးစားနေကြတယ် ။ ဒီနိုင်ငံက အစိုးရကလည်း အခြားနည်းလမ်းတွေအပြင် ဝယ်လိုအားမြင့်လာအောင် ကမ္ဘာပေါ်မှာ ဦးဆုံးအနေနဲ့  စားသုံးသူအခမဲ့ ဝယ်ယူခွင့်လက်မှတ် လေးတွေကို ပြီးခဲ့တဲ့ ဇန္နဝါရီလ ၁၈ ရက်နေ့ မှာပထမ အသုတ်အနေနဲ့  နိုင်ငံသားအားလုံး( ၂၀၀၈ခုဒီဇင်ဘာ ၃၁ ထိမွေးတဲ့ သက်ရှိထင်ရှားရှိနေသူများ) ကို ၃၆၀၀ NTD( New Taiwan Dollar-US$ ၁၀၀ ကျော်) စီ တန်ဘိုးနဲ့ ညီမျှတဲ့  ကူပွန်လေးတွေ ကို အလကား ပေးဝေခဲ့ တယ် ။ ဒါဟာ ဇန္နဝါရီ ၂၅ တရုပ်နှစ်သစ်ကူးမတိုင်မီ လူတွေ ဝယ်နိုင်အောင် အမှီလုပ်ပေးလိုက်တာလေ ။
အဲဒီ စထုတ်ပေးတဲ့ နေ့ ကဆို လူတွေ က သက်ဆိုင်ရာ ရပ်ကွက်အလိုက် ကောင်စီရုံးလိုနေရာတွေမှာ ကိုယ့်မှတ်ပုံတင် ။သန်းကောင်စာရင် ။ တံဆိပ်တုံး၊ အကြောင်းကြားစာရွက်တွေယူပြီး တန်းစီထုတ်ရတာ ။ ပျော်စရာကြီး။ အင်းလေ ..အလကားရတာဘဲနော် ။ ပျော်ကြတာပေါ့။ ဟီး ၊ အီဖေကိုယ်တောင် အဲဒီနေ့  တနင်္ဂနွေ မနက် တက်နေကျတောင်ပေါ်ကိုကြာကြာမတက်ဘဲ စောစောစီးစီး တန်းသွားစီပြီး ထုတ်လိုက်သေးတယ်။စိတ်ချရအောင်လေ။တော်ကြာမရလိုက်ဖြစ်သွားမှာစိုးလို့  ဇွဲကောင်းလိုက်ရတယ် ။
အဲဒီတနေ့ တည်းတင် departmental store ဆိုင်ကြီးတွေမှာ ရောင်းအားဟာ သာမန် ထက် ၈ ဆလောက် တက်သွားတယ်တဲ့ လေ။တခြားဆိုင်တွေလဲ အလားတူ .ရောင်းအားအတော်တက်သွားကြတယ် ။ ဘယ်လောက်ကြာကြာခံမလဲတော့မသိပါဘူး ။လူတယောက်ကို ၃၆၀၀ နှုံး ၊ လူဦးရေ ၂၃ သန်း ကျော်ရှိနေတဲ့ ဒီမှာ ဘယ်လောက် ကုန်သွားပြီလဲ ။ ဘီလီယံ ၈၀ ကျော် အစိုးရက စိုက်ပေးထားရတယ်ပေါ့ ။ အင်း ...သူကရော ဘယ်လောက်ချမ်းသာလို့  ဘယ်လောက်ကြာကြာ ဒီလို ပေးနေနိုင် မှာလဲ ..
ဒီအတွက် နောက်ပိုင်းမှာ အခွန်ငွေတွေ ပိုကောက်ရင်ကောက်မှာပေါ့လေ ။ ဒီတော့လဲ သိပ်မထူးလှပါဘူး ။ ကိုယ့်အိပ်ကပ်ဘဲ ထပ်ပိန်အုံးတော့မယ်။
အာ .. တွေးနေတာရှုပ်တယ် ။ အများနဲ့ ခံရတာ တတ်နိုင်ပါဘူး ။ထားလိုက်တော့ နောင်ခါလာ၊ နောင်ခါဈေး ဘဲ
ခုလောလောဆယ် အလကားရတဲ့ ဒီပိုက်ပိုက်လေးကို ဘာဝယ်ရရင်ကောင်းမလဲ စဉ်းစားတာဘဲ ကောင်းပါတယ် ။
ဒီ လက်မှတ် လေးတွေကလဲ ဒီနှစ် စက်တင်ဘာလ ကုန်ရက်အထိဘဲ သုံးလို့ ရမှာလေ ။ သူများတွေတောင် ချက်ခြင်းသုံးလိုက်ကြလို့ ကုန်ပြီတဲ့  ။ အဟဲ ။အီဖေကိုယ်က သာ နှမြောတသ ဘဂဝတော နဲ့ မသုံး ရသေးဘူးလေ ။ ဒီတပတ် တော့ ဆုံးဖြတ်ချက် လုံးဝ ချလိုက်ပါပြီ ။ မနက်ဖန် တနင်္ဂနွေ ..အားတဲ့ရက် ဈေးဝယ်ထွက်ပြီး ချစ်ရသူအတွက် အမှတ်တရလေး တခုခု ဝယ်ပေးမလို့ ။
ဒီလက်မှတ်လေး လက်ထဲက မထွက်ခင် အမှတ်တရ အနေနဲ့ ဓါတ်ပုံလေးရိုက်ထားပြီး တင်ပေးလိုက်တာပါ ။
ခုထိ ဘာဝယ်ရမှန်း မသိသေးဘူး ။ဒီလက်မှတ်လေးနဲ့ သွားဝယ်ရင် များသောအားဖြင့် ဆိုင်တွေမှာ နောက်ထပ် ၁၀ မှ ၂၀ ရာခိုင်နှုံး ဒစ်စကောင့် ထပ်ပေးတယ် ပြောကြတယ် ။။အဟား ။ဇိမ်ဘဲနော် ။ ဒီကောင့်ကဒ်နဲ့  သွားကပ်အုံးမှဘဲ ။ အချစ်ကလေးရေ
...ဘာလိုချင်လဲ ပြောနော် ။။နောက်ကျနေရင် ရှိတာလေးကုန်သွားအုံးမယ်။။
ဘယ်ဖက်က အရွက်ကြီးတွေက တကဲ့ ပိုက်ဆံ အစစ်။ ၁၀၀၀ ၊၅၀၀ ၊၁၀၀ တန် NTD , (၂၀၀ တန်က လက်ထဲ အဆင်သင့် ရှာမတွေ့ လို့  မထဲ့ ပေးလိုက်ရပါ ။
ညာဖက်က အရွက်အသေးလေးတွေက စားသုံးသူတွေလဲလှယ်ခွင့် လက်မှတ် ၅၀၀တန် နဲ့ ၂၀၀ တန် ။မသုံးလိုက်မှီ အမှတ်တရ ။
►Posted by
:kiki
:
at
2/21/2009 11:34:00 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment