လိုက်တော့ပြေးသူ ပြေးလေသူမို့ 
ပြေးလေ ဝေးလေ ဟိုးတမြေထိ
ပြေးချင်သလောက် ပြေးစမ်းရယ်လို့ 
ကြိုးရှည်ရှည်နဲ့  လှန်ခဲ့မယ်မှန်း။
လက်လှမ်းလို့ မှီ့ တမှီမှာ
ယူစရာ တံချူရှိအဆင်သင့်ပေမဲ့
ပင်ထက်မှာ စံပါစေတော့ရယ်လို့ 
ခူးချွေရန် မမှန်းတော့ပါဘူး
ပမ်းတဲ့စိတ်လည်း လန်းနိုင်ဘူး
လွမ်းတဲ့စိတ်လည်း ခန်းနိုင်ဘူး
မှန်းဆမရ သူ့ စိတ်ကူးအစုံစုံ
ဒီဘုံဘဝမှာ မကြုံနိုင်တော့ပြီမို
့ဪ..ကံကိုသာပုံချလို့ 
မဆုံရတဲ့ ဒီကြမ္မာ ရေ ... ။
( ဒီထက်ဆက်ပြီး မမောပါရစေနဲ့ တော့ရယ်လို့  )
►Posted by
:kiki
:
at
2/17/2009 04:24:00 PM
Subscribe to:
Post Comments (Atom)
1 comments:
ကိကိရေ.. ကြိုက်တယ်..
Post a Comment