စိတ် ပြုတင်းပေါက်
ညစ်ညူးမွန်းကြပ် ဒီအခန်းကျဉ်းလေးမှာ
နှစ်များရှည်အောင် လှောင်ပိတ်ကာ မှောင်မိုက်နေရသမို့ 
ဖြစ်နေပျက်နေ လောကအခြေနဲ့  ဝေးစွာလုံးဝအဆက်ပြတ်ခဲ့ ရ
နှစ်လ ရက်များ နေ့ လား ညလား ငါမသိပြီ
အများနဲ့ ကင်းကွာ ငါ့ ကမ္ဘာပေါ့ ။
တနေ့ ခင်းမှာ ရောင်ခြည်ဝင်းပ အလင်းတန်းတစ ၊
ထူးထူးဆန်းဆန်းဖြတ်ကနဲလျှမ်းခဲ့ 
ငါ့ အခန်းငယ်ထဲ မျှော်လင့်ချက်အလင်း မင်းပေးခဲ့ လို့ 
အတွေးထဲမှာတောင် ယောက်ယက်ခတ်ခဲ့  မိသေးတာ
ရင်ဘတ်ထဲမှာတော့ ဗလာပေါ့ 
ဒါတွေ သူမသိနိုင်ပါလေ။
စိတ်ကူးနဲ့ တင် လှမ်းမြင်ရတဲ့ ပြူ တင်းပေါက် အပြင်က စုန်ဆန်လှုပ်ရှား နေသူများသို့ 
ကျေးဇူးပြု၍ ယူဆောင်ပေးပါ
သူစွန့် ပစ်တဲ့  အဟောင်းအယွင်း အချစ်အကြွင်းအကျန်လေးဖြစ်ဖြစ်၊
ပြီးတော့တဖန် ပို့ ဆောင်ပေးပါ
သူ့ အတွက် ငါ့ ရဲ့ နှလုံးသွေးနဲ့  ရေးဖွဲ့ ပေးတဲ့  သံစဉ်ချိုချို သူသီဆိုဖို့ 
ချစ်ဂန္တဝင် တေးနုယဉ်များ ၊ သူခံစားလို့ 
လောကတခွင် ပျော်ရွှင်လွင့် ပြန့် 
အောင်မြင် ခြင်း ရ နံ့  သင်းပါစေ ။
(ကိုယ့်ရဲ့  ပြုတင်းပေါက် Window Vista အစုတ်လေးမှတဆင့်  .. အမြဲလိုလို ကွန်နက်ရှင် အကြောင်းမသင့်လို့  မမြင်ရ မကြားရတဲ့  ချစ်ရသူတယောက်ကို မှန်းဆပြီး စိတ်ကူးယဉ်ကာ ရူးနေရတဲ့  .. အခန်းကျဉ်းလေးထဲမှ ကိုယ့် ဘဝ အကြောင်း တစွန်းတစ ပါ ၊
ပြောပြစရာ လူမရှိလို့  စိတ်ဖြေရာ တခု ရေးဖြစ် သွားတယ် ။ )
►Posted by
:kiki
:
at
2/03/2009 05:38:00 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment