တချိန်တခါက ရူးရမလောက် စွဲလန်းခဲ့ ဘူးတဲ့ သူတယောက် ။
အဲဒီအချိန်တွေတုန်းက ပြုံးမြမြ မင်းရဲ့ အရိပ် ကြောင့် ၊
ငါ့ ရင်ထဲ စိတ်ထဲ ဦးဏှောက်ထဲ မှာ မိုက်မဲစွာစွဲ လန်း
မင်းမှမင်း တယောက်ထဲပါဘဲလေ။
အချစ်ဆိုတဲ့  ဒီအရာကို ဖွဲ့ ဆိုကျူးတဲ့  အဓိပ္ပါယ်များစွာတွေမှာ
ရင်ခုန်ခြင်း၊ ချိုမြိန်ခြင်း ၊အေးမြခြင်း၊ ပူလောင်ခြင်း၊ပျော်ရွှင်ခြင်း ၊
ကြေကွဲခြင်း ၊ ပေးဆပ်ခြင်း ၊ရယူခြင်း…ခြင်းပေါင်းများစွာနဲ့ 
ဒင်းအကြောင်းတွေ ဖွဲ့ မကုန်နိုင်ခဲ့ပါဘူး။
တိတ်တိတ်လေးချစ်တာတို့  ကြိတ်မှိတ်ပြီးချစ်တာတို့ ၊
ဇွတ်အတင်းချစ်တာတို့ မလွတ်မကင်းချစ်တာတို့ ၊
သောင်းပြောင်းထွေလာ ချစ်နည်းအဖြာဖြာမှာ၊
ကိုယ်မင်းကို ဘယ်ပုံနည်းနဲ့  ချစ်ခဲ့ မိတာပါလိမ့်။
ရူးသွပ်စွာချစ်ရခြင်းမှာ ဥပက္ခာပြုတာ ခံခဲ့ရပြီး
ပေးဆပ်ခြင်းနဲ့ ဘဲချစ်ပါရစေလို့ ဟိုတချိန်ကထင်ခဲ့တယ် ။
အပြောကျယ်တဲ့ ချစ်ပင်လယ်ကြောမှာ ပဲ့ မရှိတဲ့ လှေငယ်တစင်းလို
ကိုယ့် ဘဝ စုန်ဆန်မြောခဲ့ ဘူးတာပေါ့။
ခုတော့သိပြီလေ ၊ မကြင်နာရင် ဝေးဝေးနေပါ .ငါ့ဘဝနဲ့ ငါ အေးဆေးစွာနေပါရစေ ၊
မခင်တွယ်ချင်ရင်လဲ နေပါတော့ မင်းနဲ့ ငါဟာ တစိမ်းတွေပါဘဲ ။
ဒါပေမဲ့  …. ငါမင်းကို မမုန်းရက်ပါဘူး ။
နောက်ဆုံးထွက်သက်အထိ
ပြုံးပြုံးလေးနဲ့ ဆက်ချစ်မှာပါ နောက်နောင်ဘဝပေါင်းများစွာပေါ့ ။
(ခေါင်းစဉ်မရှိသော….. စာတခု ကဗျာတခု ရေးပြီဆိုရင် သူ့ အကြောင်းနဲ့ ဆီလျှော်မဲ့ ခေါင်းစဉ်လေးတော့ ရှိရမယ်ပေါ့ ။။ ရင်ဘတ်ထဲမှာ ဗလာဖြစ်နေသူယောက် ။ စိတ်ရူးပေါက်ပေါက်နဲ့ ရေးချမိတဲ့  ဒီစာပုဒ်လေးခမျာမတော့ ခေါင်းစဉ်မရှိရှာပါဘူး ။ဒါကြောင့် ဒီစာကိုရေးတဲ့ အရူးတယောက်ရဲ့ တာဝန်မဲ့ပေါ့ဆမှုလို့ ဆိုချင်ပါက လဲ ကြိုက်သလိုသာ ပြောကြပါတော့ )
1 comments:
ဒီကဗျာလဲကောင်းတယ်...
Post a Comment