စိတ်မကောင်းစရာကမ္ဘာ့ သတင်းတခု ဖတ်ရပြန်ပြီ။အစကတော့ ဒီလောက်ကြီးကြီးကျယ်ကျယ်ဖြစ်လိမ့်မယ်မထင်ရဘူးလေ ။သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် ရဲ့ တောင်ဖက်ပိုင်း မဲလ်ဘုန်းမြို့  ရဲ့ မြောက်ပိုင်းမှာရှိတဲ့ Flowerdale ဆိုတဲ့ မြို့ နားက တောတောင်တွေမှစပြီး တောမီးတခုဟာ ဒီဖေဖေါ်ဝါရီလ ၇ ရက်နေ့ မှစပြီး လောင်ကျွမ်းခဲ့ တာ ၊အခုဆို ၁၀ ရက်ရှိသွားပါပြီ ။ အဲဒီမှာ အခု နွေရာသီ နှောင်း ၊ခြောက်သွေ့ ပြီး လေပြင်းလို့  မီးကူးစက်တာ မြန်ဆန်လွန်းတဲ့ အတွက် မီးသတ်ရတာ အင်မတန်ခက်ပြီး ခုချိန်ထိ လူပေါင်း ၂၀၀ အသက်သေဆုံးခဲ့ ရပါတယ်။ဒီအထဲမှာ မီးသတ်သမားရဲဘော်တယောက် မနေ့ က (၁၇ ရက်နေ့ မှာ) သေဆုံးခဲ့ပါတယ် ။ မီးလောင်တဲ့  သစ်ပင်ကြီးတပင် က မီးသတ်ကားပေါ်ပြိုလဲကျလို့ ပြေးမလွတ်ဖြစ်ရတယ် ။ မီးလောင်ပြင်ဧရိယာ အကျယ်အဝန်းစတုရန်းမိုင်ပေါင်း၁၅၀၀ ရှိနေပါပြီ ။ အပျက်အစီးလဲ များစွာပေါ့  ။လက်ရှိ ခန့်မှန်းခြေအရ အမေရိကန်ဒေါ်လာ ၂၆သန်းကျော်လောက်ရှိမယ် ။၂၅ နှစ် အတွင်း ဒီနိုင်ငံရဲ့  အဆိုးဝါးဆုံးတောမီးလို့ ဆိုပါတယ် ။တောမီးအသေးစားလေးတွေကတော့နှစ်တိုင်းလိုလိုလောင်နေကြလေ ။နောက်တခုက ဒီမီးဟာ ရှို့ မီးဖြစ်ပါသတဲ့  ။ မီးရှို့ တဲ့  သူ Brendan Sokaluk( ၃၉) နှစ်ကို ပြီးခဲ့ တဲ့  ၂ရက်လောက်က ဖမ်းဆီးမိလိုက်တယ် ။ ထူးဆန်းတာတချက်က ဒီလူကိုယ်တိုင်ဟာ လွန်ခဲ့တဲ့အနှစ် ၂၀ လောက်ကအပျော်ထမ်းမီးသတ်သမားလုပ်ခဲ့ဖူးပါတယ်တဲ့ ။
ဒီမီးရှို့ မှု ၊ လူများစွာသေကျေစေမှုတွေနဲ့ ပတ်သက်ပြီးသူ့ကို တရားစွဲရာမှာ ထောင် ၂၅ နှစ် နဲ့  ၁၅ နှစ် ။စုစုပေါင်း
အနှစ် ၄၀ ကျခံဖို့ ရှိနေပါတယ် ။ ခုအချိန်တော့  အမှုစပြီးမစစ်ရသေးဘူးလေ။ ဒါပေမဲ့  သု့ ကို ဒေါသထွက်နေတဲ့ 
လူထု ။ အသက်ဆုံး ဥစ္စာဆုံးခဲ့ ရတဲ့လူထု က တခုခု လုပ်မှာ စိုးရလို့  သူတို့ နိုင်ငံအစိုးရက သူ့ ရဲ့ 
လုံခြုံရေးအတွက် ဒီလူဆိုးရဲ့  ဓါတ်ပုံ ။ နေရပ် တို့ ကို လျှို့ဝှက်ပေးထားရပါတယ် ။နောက်မှ အမှု လုပ် ။အပစ်ပေး
စီရင်ချက်ချမှာပေါ့လေ။
ဒါတွေ က ဒီသတင်းနဲ့  ပတ်သက်တဲ့  အကျဉ်းချုပ်ပေါ့ ။
နောက်ပိုင်းစဉ်းစားခန်းဝင်လာတဲ့ ပေါက်ကရ အတွေးတွေ စရေးပါတော့မယ်။
မည်သူမဆို လွတ်လပ်စွာ တွေးနိုင် ရေးနိုင် ကြပါသည် မဟုတ်ပါလား ။
မီးလောင်ခြင်းနဲ့  မီးသတ်ခြင်း ။
သဘာဝ တောမီး ။ ရာသီဥတု ပူပြင်းခြောက်သွေ့ ။ မီးလောင်စာ သစ်ရွက် သစ်ပင်ခြောက် . လေဖိအားနဲ ရပ်ဝန်း
။လေတိုက်တော့ သစ်ပင်ခြင်း ပွတ်တိုက် ၊ မီးပွင့် တာက စလို့  မီးလောင်တယ်ပေါ့  ။ဒါက အကျိုး
အကြောင်းဆက်စပ် နေမှု များလေ ။။ အခုဟာက ရှို့ မီး ။ ကိုယ်တိုင် အရင်က အရံမီးသတ်သမားလုပ်ခဲ့ဖူးပြီး အခု
စိတ်ရူးပေါက်လို့  မီးလိုက်ရှို့ တယ် ။ အပြစ်ရှိတယ် ။ ကိုယ်လုပ်တာ ကိုယ်ခံ ရမယ်လေ ။ သနားစရာ မရှိဘူး။
အင်း... သူတို့ ဆီက ဒီမို ...လူ့ အခွင့်အရေး ။ တရားဥပဒေ ၊ အတိအကျတော့ မသိ၊ နားမလည်ပါဘူး။
ဒါပေမဲ့  .. ဒီလောက် အပြစ်ကြီးတခု လုပ်ထားတဲ့  သကောင့်သားကိုတောင်သူ့ ရဲလူ့အခွင့် အရေးအပြည့်ပေးထားပြီး ။
ပြစ်မိန့်  မချမီ သူ ရဲ့ လုံခြုံရေးကို အစိုးရက တာဝန်ယူထားပေးသေးတယ်နော်။
ဪ..ကောင်းလှပေစွ ။ ကိုယ်တို့ ဆီမှာနဲ့တော့  မိုးနဲ့ မြေလို ကွာခြားလှပါတကား ။ ဗုဒ္ဓဘာသာပီိသစွာနဲ့ 
ဘုန်းကြီးတွေကို ဆွမ်းကပ်ရုံ ။ ဒုက္ခရောက်နေတဲ့ ကိုယ့်ပြည်သူတွေကို ကူညီရုံနဲ့  ပုဒ်ထီး ၊ပုဒ်မ ပြစ်မှု ကြီးတွေနဲ့ 
စွဲချက်တွေ အခြောက်တိုက်တင်ပြီး လူသတ်မှု ၊ မုဒိန်းမှုတို့ ထက် ကြီးလေးတဲ့  ပြစ်ဒါဏ်တွေချမှတ်။ ထောင်ဒါဏ်
အနှစ် ၅၀ တို့  ၆၀ တို့ နဲ့  ။ အောင်မလေးနော် ။။ ဘယ်ဘဝက ဝဋ်ကြွေးတွေကြောင့်ပါလဲ ။
မီးသတ်ခြင်း ။ မီးလောင်ရင်တော့ မီးသတ်ရမှာပေါ့နော် ။ ဘယ်သူတွေက သတ်ပေးရမလဲ ဒီမီးတွေကို ။???
ငယ်ငယ်တုန်းက မြန်မာသင်ပုန်းကြီးအရတော .. ကိုဖိုးမောင် မီးသတ်သမား၊ မီးလောင်ရာတွင် သူစွန့် စား ။။
( အဟဲ မေ့တေ့တေ့ တောင်ဖြစ်နေပြီ။ သူ့  နာမယ် ကိုဖိုးမောင်မှ ဟုတ်ရဲ့ လား ... ထားလိုက်ပါတော့  နာမယ်က
အရေးမကြီးလှပါဘူး ။ ထမင်းမငတ်ဖို့ ဘဲ အရေးကြီးတာ ယနေ့ ခေတ်မှာ)။
မီးသတ်သမားတာဝန်က မီးသတ်ပေးဖို့ ဘဲလေ ။။ အဟဲ လူသတ်ဖို့ မဟုတ်ဘူး ။ ဟုတ်ရဲ့ လား ။ ဪ
သူများတတွေနိုင်ငံက မီးသတ်သမားတွေ က အသက်တောင် အသေခံပြီး တာဝန် ထမ်းဆောင်နေကြပါလားနော် ။
အဟင့်  .သွပ်ပြားတို့ ဆီမှာရော ဒီလို လူတွေရှိပါ့မလား ။ သိတဲ့ သူတွေ ပြောပြကြပါလား ။ ထိုင်ရှစ်ခိုးချင်လို့ ပါ ။
ထူးထူးဆန်းဆန်းမီးသတ်သမားများ နှင့် လုပ်နည်းလုပ်ဟန်များ ။
မီးလောင်တဲ့ အရပ်ကို ရေမပါတဲ့  မီးသတ်ကားနဲ့ အချိန် နောက်ကျမှသွား ။ လောင်နေတဲ့ အိမ်ကို ရေမဖြန်းဘဲ အနီးအနားက လောင်ခါနီးဆဲဆဲ ပိုက်ပိုက်ထောတဲ့ အိမ်ရှင်ကို အရင်ရှာ ။ ဈေးစကား လျှော့တင်း အပေးအယူလုပ် ။ ပြီးမှ သူတို့ အလုပ်စလုပ်ဖို့ ဟန်ပြင်ရင်းနဲ့  ဘဲ......ထိုမီးကြီး ငြိမ်းသွားရလေ သတည်း ။။ ရပ်ကွက်ထဲ ကလူတွေ ကိုယ့်အားကိုယ်ကိုး ပြီး မြောင်းပုတ်ထဲမှရေနဲ
့ဝိုင်းပက်ကြလို့  ပါ။ ကြားဖူးကြပါသလား ။ ခေတ်မှီ နိုင်ငံတော်ကြီးမှ ခေတ်မှီ မီးငြိမ်းသတ်နည်း မဟာ ဗျူဟာ ကြီး
အကြောင်း ။
အဟား ။ နောက်ပြောဖို့  သတင်းတချက်ကျန်နေခဲ့ တယ် ။ Australian Prime Minister Kevin Rudd
ဆိုသူဟာ မီးလောင်နေတဲ့ ဒေသတွေကို ၄- ၅ ရက် အတွင်း ကိုယ်တိုင်သွားရောက်ပြီး မီးဘေးဒုက္ခသည်တွေကို
အားပေး ။ လိုအပ်တာတွေ ကူညီထောက်ပံပေးနေပါတယ် တဲ့ ။သေဆုံးသွားခဲ့ ရတဲ့ သူ့ ပြည်သူပြည်သားတွေအတွက် ဆုတောင်းပွဲတွေလည်း တနိုင်ငံလုံး ကျင်းပနေကြပါတယ်တဲ့။။
.. ကိုယ်တို့ရဲ့  နာဂစ် ..ဒုက္ခသည်တွေ ။သေဆုံးခဲ့ ရသူတွေကို အမှတ်ရလိုက် မိပါတယ် ။
သေရတာချင်းအတူတူတောင် နော်...လူလို သူလို မသေရဘူး ။ ကျီးဆွဲ ..ငါးတွတ် ခံလိုက်ရသေးတယ် ။
ဒါတွေဟာ ဘယ်သူ့ အပြစ်တွေလဲ ။ နောက်ဆုံးတော့  ဗုဒ္ဓဘာသာဝင် ပီသစွာနဲ့  ကံကိုဘဲ အပြစ်တွေ ပုံချ ရတော့ တာဘဲလေ ။ ခင်ဗျားတို့ တတွေ ကံမကောင်းလို့  ဖြစ်ကြရတာတဲ့ လေ ။။ ဗမာ PM ကြီးပြောသွားတဲ့ အားပေးစကားလေးများ ။ အမှတ်ရကြသေးရဲ့လားလို့  ။
နောက်ဆက်တွဲစက်ရပ်သတင်း ။ ၁၈ ရက်နေ့  - တောမီးရှို့ တဲ့  ရာဇဝတ်သား ဒုတိယမြောက်တဦး အမည်မဖေါ်ပြ ။ အသက် ၃၈ နှစ် ။ကို ထပ်မံဖမ်းဆီးမိတဲ့  အကြောင်းပါ။
( မီးဆိုတာ သုံးတတ်ရင် မိတ်ဆွေ ။ မသုံးတတ်ရင် ရန်သူပါ ။ သူခိုး အခိုးခံရတာက အကုန်မပြောင်ပါဘူး ။ မီး အခိုးခံရရင် ဘာမှ မကျန်နိုင်ဘူး ။ သတိထား သုံးကြပါလေ )
ဒီဓါတ်ပုံတွေကို www.boston.com/bigpicture/2009/02/bush fires_in_victoria_australi.html
မှ ကူးယူထားပါတယ်။ အဟဲ ဒါပေမဲ့  အစီအစဉ်ပြန်ချတာ နေရာ ပြန်ပြင်လို့  ဘယ်လိုမှ မရတော့တာနဲ့  ဒီအတိုင်းဘဲ တင်လိုက်ရပါတယ်။နားလည်ပေးကြပါနော်
►Posted by
:kiki
:
at
2/18/2009 11:40:00 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment