တန်ဘိုးမရှိတဲ့ ဖိုးသုညလို့ ထင်ခဲ့ မိတယ် တချိန်က ၊
သူနဲ့ ပေါင်းဖက် အရာတွေမှာ ဂုဏ်မတက်ပေမဲ့
အနှုတ်မပြခဲ့လို့ တော်သေးရဲ့ 
မြှောက်တတ်၊စားတတ်ရင်တော့ ဆယ်ဆဆယ်ခါကွာကြမယ်လေ၊
မြှောက်တော့ပွားများ စားတော့ နဲပါး
ဘယ်လိုတွက်ချက် ဆယ်ဆစီပါဘဲ ။
နောက်တဖန် ရှေ့ နောက်နေရာယူကြည့်
တန်ဖိုးတော့ သူမသိပြီ
သူ့ ကိုနောက်မှာတန်းရင်တော့
ဆယ်၊ရာ၊ထောင်၊သောင်း၊သိန်း၊သန်း မက ထူးရ ၊
သူ့ ဖာသာ ရှေ့ မှာနေ ဘယ်လိုမှ အဆင်မပြေပါဘူး။
ဒသမနောက်မှာ သူ့ ကိုထားက
တပါးသူတန်ဖိုး ဖြုတ်ကနဲ ထိုးမကျစေရန်
ကျားကုတ် ကျားခဲ တောင့်ခံပေးမြဲ ၊
ဆယ်လီအသေးစိတ်ထိ တာဝန်သစ္စာစောင့်သိပေး၏ ။
ဪ ....လိုသလို သုံးကြ သုညလေးဘဝ
လူတွေများစွာ ဒီသုညကို အရောင်မျိုးစုံဆိုးကာ
အသုံးချနေကြလေခြင်းနော် ..။
ကိုယ့်ဘဝလည်း ဒီသုညလိုပါဘဲ
မင်းရှေ့ မှာနေရင်ဘယ်လိုမှ အဆင်မပြေ ၊ မင်းဂုဏ်ရည် မတက်စေဘူး
မင်းနောက်ကွယ်မှာ လူမသိစွာနေလို့ 
ဆယ်၊ရာ၊ထောင်၊သောင်း မင်းဘဝကောင်းမယ်ဆိုရင်
ငါ့ဘဝသုည တခုလုံးဆုံးပါစေလေ ၊
ကန့်လန့် ကာနောက်ကွယ်မှာနေလို့  အသုံးတော်ခံပြပါ့မယ် ။
( အင်း ... ကိုယ့်ကို ပြန်မချစ်တဲ့  အချစ်တခုအတွက်နဲ့  ပျော်တော်ဆက်ဖြစ်လိုက် ၊ သုည ဖြစ်လိုက် နဲ့  နောက်တခါ ဘာဘဝဖြစ်အုံးမလဲ မသိဘူး။။
နာနာဘဝ တော့  မဖြစ်ပါရစေနဲ့ လို့  )
►Posted by
:kiki
:
at
2/18/2009 11:58:00 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment