ဒီည အလုပ်ဆင်းတဲ့ အချိန် blogလေးပြေးအဖွင့် ... တိုက်တိုက်ဆိုင်ဆိုင် အချစ်အကြောင်းရေးခိုင်းနေတဲ့ချာတိတ်နဲ့  မချစ်ရဘူးလို့ပြောနေတဲ့  ချာတိတ်မ တယောက်တို့  link ၂ ခု အထက်အောက် တင်ထားကြတယ်။ အဟဲ ဖူးစာရွာလည်ပြီ လားမသိပါဘူး ။
အချစ်ဝမ်းတွင်းရူးလေးကို ဒီအချစ်အကြောင်းတွေရေးခိုင်းနေတာ ။ စူဠလိပ်ရေထဲချလိုက်သလို ဖြစ်နေရော့မယ် ။
ကိုရဲရေ မင်းတော့ လူရွေးမှားပြီကွ ။ နာ့ကို လာရေးခိုင်းနေလို့ ကတော့ ပေါက်ကရ အတွေးတွေနဲ့  ပေါက်ကရအချစ် တွေဘဲ သိရမှာ နော် ။အချစ်ဋီကာ အပိုင်း (၁) သိချင်ရင် 2008/11/6 ကိုပြန်ဖတ်ပါဟယ် ။ထပ်မရေးချင်တော့လို့  ။
အခုတော့ အပိုင်း(၂) လို့ သဘောထားပေါ့ဟယ် ။ နောက်တခု စဉ်းစားမိတယ်လေ ။ပေါချောင်ကောင်း အကြံလေး ။
ဒီလိုလေ ဒီထက်သိချင်ရင် အချစ်အကြောင်းရေလည်နောကြေပြီး ချစ်တာတွေကို စိတ်ကုန်သလိုလိုပြောနေတဲ့ ၊
လာမချစ်ကြပါနဲ့ လို့  လေသံပြစ်နေသူတွေကို သွားမေးကြည့် ပါလား ။ အဟဲ ရှန်တိန်လုပ်ပေးလိုက်တာ ။
အင်း။ အတည်ပေါက်ပြောရရင် အချစ်မှာ စကားလေးတလုံးနဲ့ ကို ရှုပ်နေတာနော်။ ၁၅၀၀ ဘိုးရှိတဲ့
အချစ်ကိုဘဲဦးတည်ပြောတာပေါ့ ၊
အချစ်မှာမျက်စိမရှိပါ ဆိုတာ ဟုတ်မယ်နော်။ ချစ်ချင်တဲ့ သူကို ချစ်ချင်တဲ့ အချိန် ချစ်သွားတတ်တာဘဲလေ။
ခု အင်တာမနက်တနက်ခေတ်မှာ ပိုဆိုးသေး။လူမမြင် ၊ အသံမကြားရဘဲ chatting နဲ့ တင် စိတ်ကူးယဉ်ပြီးလဲ
ချစ်သွားကြတာ ရှိတယ်ဆိုလား ။
ပြီးတော့  ရှိသေး ..မျက်ကန်းတစ္ဆေမကြောက်ဆိုတာ။ ချစ်နေတုန်း မွှန်တာနေမှာပေါ့။
တချို့ ကပြောတယ် ၊ အချစ်ဆိုတာ ရယူ ပိုင်ဆိုင်ချင်တာ တဲ့။ .
တချို့ ပြောတော့  ပေးဆပ် တာတဲ့ ။
တချို့ က ပြောတာ တိတ်တိတ်လေးချစ်သွားမယ်တဲ့  (အယ်လ်ဆိုင်းဆီ သီချင်းပေါ့)
တချို့ တလေကျ အုံ့ ပုံး ချစ်တာတဲ့  ( မပြောရဲလို့  ။ ဒါမှမဟုတ် ဘဝ နှစ်ခုဝေးကွာလို့ သူ့ ကိုယ်သူ အားငယ်စိတ်
ဝင်နေလို့  ။ ကိုယ့်ကိုကိုယ် ယုံကြည်စိတ် ကင်းမဲ့ နေလို့  အစရှိတဲ့  အကြောင်းလေးတွေ ဖြစ်မှာပေါ့  )
တချို့ ကျ ဇွတ်အတင်းချစ်တာ တဲ့ ။ (ဒါက နာမယ်သာ မကောင်းတာနော် သူ့ အတွက်တော့ သူလုပ်ချင်တာလုပ်ရလို့  ကောင်းတယ်)။
တချို့ ကျမလွတ်မကင်းချစ်တာတဲ့ ( ရည်းစား၊ ယောကျာင်္း လက်ရှိ ငုတ်တုတ်ကြီးရှိနေတာ သိရဲ့ နဲ့ မနေနိုင် မထိုင်နိုင် လိုက်ချစ်ကြိုက်တာလေ )
ဘယ်လိုဘဲပြောပြော အချစ်မှာ တဏှာပါလာရင် အနည်းနဲ့ အများ မီးလို ပူတတ်ကြတာဘဲ။
အေးချမ်းတဲ့ အချစ်ဆိုတာ အကောင်းဆုံးပေါ့ .။ ဒါပေမဲ့  သိတယ်မဟုတ်လား ။။ လူတွေလေ ။။
ပိုးဖလံမျိုးမီးကိုတိုး၏ ။။ ပူမှန်းသိသိကြီးနဲ့ ဒါကိုဘဲ မက်မောတွယ်တာစွာ မကြောက်မရွံ့  လက်တဲ့ စမ်းချင်နေကြတာ ။အထိနာတော့မှ သိကြတယ် ။
တချို့လဲ ကောက်ရိုးမီးလို ဝုန်းကနဲ ထတောက်သလို အချစ်မျိုးနဲ့ လေ ။သူချစ်နေတုန်းတော့ အရူးအမူးပေါ့ ။
ပြီးအခါကျတော့  ရိုးအီသွားတာလား ။ အရှိန်ကျသွားတာလားမသိ မချစ်တော့ဘူးတဲ့ ။သူ့ ကို လာပြီးမချစ်ရဘူးတဲ့ ။ ဒါက အတ္တကြီးတဲ့ အချစ်လို့ သတ်မှတ်ရမလားမသိပါဘူး ။ချစ်သူဝိုင်းဝိုင်းလည်ဆိုတာလေ။ လိုတဲ့ အချိန်
လက်ဖြောင့်တီးလိုက် ။ အခစား ဝင်မဲ့ သူတွေ တန်းစီနေတာ ။ one goes , two come , three wait တဲ့ လေ။ဒီလို ယူဆထားတတ်ကြတဲ့ လူတွေလဲ ရှိတယ်။ မလိုချင်တော့ရင် ကန်ထုတ်လိုက် ။ သူ့ အတွက်က ဘာမှ
အရေးမကြီးဘူးပေါ့။
တချို့ ကျတော့ သူ့ ကို မချစ် ချစ်အောင် အတင်းလိုက်မြှုဆွယ်၊ တဖက်သား ကသူ့ ကိုတကယ်လည်းချစ်သွားရောမသိချင်ရောင်ဆောင်နေ လိုက်ပြီး ၊အချစ်ကိုအပျော်တမ်း အပျင်းပြေကစားတတ်ကြတာ။
များများချစ်တဲ့ သူက မျာများခံရတယ်နော် ။လေးလေးနက်နက် မရှိတဲ့သူကျ ဒီလို မခံစားရတော့ဘူး ။
ဒီတော့ ကိုယ့်ဟာကိုယ်စဉ်းစားပြီးမှ ဆုံးဖြတ်ပေါ့  ။ မချစ်ရမဲ့ သူကို ၊ မချစ်တတ်တဲ့ သူကို ။အချစ်ကိုတန်ဖိုးမထားတတ်တဲ့သူကို ဇွတ်အတင်း မချစ်မိ ဖို့ .. ဒါတွေက ကိုယ်သိထားသလောက် အချစ်နဲ့ ပတ်သက်တဲ့ ထင်မြင်ချက်တွေထဲက လောလောဆယ်သတိရတာလေးတွေပါ။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတော့ အချစ်အပေါ် ထင်မြင်ချက် ခံယူချက်တွေလည်းအမျိုးမျိုးအဖုံဖုံ ရှိမှာပေါ့။
ကိုရဲရေ..မင်းဒုက္ခ လာပေးနေတာနဲ့  ငါ့ ရဲ အိုမင်းဟောင်းနွမ်းနေတဲ့  အချစ်လေး ဘယ်လို ရှေ့ ဆက် ရမယ်မှန်း
မသိတော့ ကြောင်းပါ ။ဒီလောက် နက်နဲ နက်ရှိုင်း ကျယ်ဝန်းတဲ့ အချစ် အဓိပ္ပါယ်ကြီးကို ငါ့လို မချစ်တတ် ချစ်တတ် ဝမ်းတွင်းရှုး အချစ် ကိုမှ လာပြီး အနက် အဖြူ အဓိပ္ပါယ် လာဖေါ်ခိုင်းနေတာ ။ မသိတသိ မသိသလို သိသလို ဟာကို သိပ်သိ သလိုမျိုး ပုံစံနဲ့  ရွှီးပေးလိုက်တယ် ။
မင်းဒီထက်မက အချစ်အကြောင်း သိချင်နေသပ ဆိုရင် အများကြီး အများကြီး ချစ်ခဲ့ဖူးတဲ့ သူ ။ အချစ်ကို လန့် ချင်ယောင် ၊ လန် ချင်ယောင်ဆောင်နေသူတွေကို လိုက်မေးပေတော့ဝေ့  ။ နာတော့  ဒီလောက်ဘဲ တိဒယ် ။ ခုလောလောဆယ်တော့ အိပ်ချင်နေတာဘဲ သိတယ် ။ ဒါမှ အိပ်မက်ထဲ မှာ အာခြစ်နဲ့  တွေ့ ရမှာလေ ။။
ဒီလောက်နှိပ်စက်ရရင်ကျေနပ်ပါတော့(စိုင်းထီးဆိုင်ကိုတောင်သတိရလာပြီ ) ။ မကျေနပ်ရင် လေဖြ.....အဲယောင်သွားလို့  ဂတ်တိုင်လဲ အလကားဘဲ ။ကိုယ့်ပြသနာကိုယ်ကြည့်ကျက်ရှင်းပါတော့။။
►Posted by
:kiki
:
at
2/26/2009 02:59:00 AM
Subscribe to:
Post Comments (Atom)
4 comments:
အပျိုကြီး မမရဲ့ အချစ်ဋီကာကို သေသေချာချာလေ့လာသွားပါ၏
ဘယ်လိုဘဲပြောပြော အချစ်မှာ တဏှာပါလာရင် အနည်းနဲ့ အများ မီးလို ပူတတ်ကြတာဘဲ။
အေးချမ်းတဲ့ အချစ်ဆိုတာ အကောင်းဆုံးပေါ့ .။ ဒါပေမဲ့  သိတယ်မဟုတ်လား ။။ လူတွေလေ ။။
ပိုးဖလံမျိုးမီးကိုတိုး၏ ။။ ပူမှန်းသိသိကြီးနဲ့ ဒါကိုဘဲ မက်မောတွယ်တာစွာ မကြောက်မရွံ့  လက်တဲ့ စမ်းချင်နေကြတာ ။အထိနာတော့မှ သိကြတယ် ။
တချို့လဲ ကောက်ရိုးမီးလို ဝုန်းကနဲ ထတောက်သလို အချစ်မျိုးနဲ့ လေ ။သူချစ်နေတုန်းတော့ အရူးအမူးပေါ့ ။
ပြီးအခါကျတော့  ရိုးအီသွားတာလား ။ အရှိန်ကျသွားတာလားမသိ မချစ်တော့ဘူးတဲ့ ။သူ့ ကို လာပြီးမချစ်ရဘူးတဲ့ ။ ဒါက အတ္တကြီးတဲ့ အချစ်လို့ သတ်မှတ်ရမလားမသိပါဘူး ။ချစ်သူဝိုင်းဝိုင်းလည်ဆိုတာလေ။ လိုတဲ့ အချိန်
လက်ဖြောင့်တီးလိုက် ။ အခစား ဝင်မဲ့ သူတွေ တန်းစီနေတာ ။
မိုက်သကွာ ။ ရေးထားတာလေးက ။ မသိတာတွေကို သိလိုက်ရလို့ ကျေးဇူးပါ ။ ခုမှကျောင်းကပြန်လာတာကို လာလာချင်းကို အ၀တ်မလဲ ဖိနပ်မချွတ်ရသေးပဲ လာဖတ်သွားပါတရ် ။ အဆင်ပြေပျော်ရွှင်ပါစေ ။
(ကိုရဲ)
ဘယ်လိုဘဲပြောပြော အချစ်မှာ တဏှာပါလာရင် အနည်းနဲ့ အများ မီးလို ပူတတ်ကြတာဘဲ။
အေးချမ်းတဲ့ အချစ်ဆိုတာ အကောင်းဆုံးပေါ့ .။ ဒါပေမဲ့  သိတယ်မဟုတ်လား ။။ လူတွေလေ ။။
ပိုးဖလံမျိုးမီးကိုတိုး၏ ။။ ပူမှန်းသိသိကြီးနဲ့ ဒါကိုဘဲ မက်မောတွယ်တာစွာ မကြောက်မရွံ့  လက်တဲ့ စမ်းချင်နေကြတာ ။အထိနာတော့မှ သိကြတယ် ။
တချို့လဲ ကောက်ရိုးမီးလို ဝုန်းကနဲ ထတောက်သလို အချစ်မျိုးနဲ့ လေ ။သူချစ်နေတုန်းတော့ အရူးအမူးပေါ့ ။
ပြီးအခါကျတော့  ရိုးအီသွားတာလား ။ အရှိန်ကျသွားတာလားမသိ မချစ်တော့ဘူးတဲ့ ။သူ့ ကို လာပြီးမချစ်ရဘူးတဲ့ ။ ဒါက အတ္တကြီးတဲ့ အချစ်လို့ သတ်မှတ်ရမလားမသိပါဘူး ။ချစ်သူဝိုင်းဝိုင်းလည်ဆိုတာလေ။ လိုတဲ့ အချိန်
လက်ဖြောင့်တီးလိုက် ။ အခစား ဝင်မဲ့ သူတွေ တန်းစီနေတာ ။
မိုက်သကွာ ။ ရေးထားတာက ။ ၀မ်းတွင်းရူးလေးကို လာဖတ်သွားပါတရ် ။ မသိတာတွေကို သိလိုက်ရလို့ ကျေးဇူးပါ မကြီးရေ ။ အဆင်ပြေပျော်ရွှင်ပါစေနော် ။
(ကိုရဲ)
ခက်တာဘဲ ဒီကိုရဲတယောက်က ...ဘယ်နှစ်ခါတောင် မန့်  မန့့် သွားတာလဲ တော်.....
Post a Comment