အလွမ်းတွေကိုစာဖွဲ့ 
တစ်ဖက်သတ်အိမ်မက်တွေနဲ့ 
စိတ်ကူးနဲ့ ရူးခဲ့ တဲ့ ငါ
ဖြေဖျောက်လဲ မပြေပျောက်နိုင်ခဲ့ ဘူး . . .
အလည်လွန်မိတဲ့ နှလုံးသားကို
မင်းမနှင်ခင်လှည့် ပြန်စေချင်ပါရဲ့ 
ဒါပေမဲ့ လည်း . . .
အချစ်အတွက်
ဥပဒေမရှိခဲ့ ဘူးလေ . . .
အခြေမခိုင်သူတစ်ယောက်မို့ 
ဥပက္ခာပြုချင်လဲပြုပါ
ငါဟာမပြိုင်ခင်ရှုံးနေသူပဲလေ . . .
နှလုံးကွဲအောင်အဆိပ်တက်တဲ့ ဆူးကို
နှုတ်ပစ်ဖို့ ဝန်လေးမိတာကြောင့်
ပြတ်လုံးထုတ်တဲ့ပျော်တော်ဆက်လိုပဲ
မင်းသတ်မှတိလိုက်ပါတော့ ကွာ . . .
ငါ့မာနတွေနဲ့  ရှိစုမဲ့ စု သိက္ခာတွေ
သုံးစားမရအောင်အလှောင်ခံရလဲ
ငါ့အချစ်ငါပြန်သတ်ရမှာတော့ 
ကိုယ့်ကိုကိုယ်သနားတယ်။ ။
ခံစားနိုင်ပါစေ . . .
ကြယ်ရောင်လင်း
►Posted by
:kiki
:
at
2/14/2009 02:38:00 AM
Subscribe to:
Post Comments (Atom)
1 comments:
ကဗျာတွေကောင်းတယ်ကွာ..
Post a Comment