အပြင်လူ မဝင်ရ ၊ အတွင်းလူတော့  အလျဉ်းသင့် သလို ချွင်းချက်ကလေးတော့ရှိမှာပါ ။
မခူးရ တဲ့  တားမြစ်မှု ဟာ ၊
အပင်မှာ အမြင်တင့်စွာ လန်းဆန်းလှပ ပန်းဘဝလေးများကို
ကာကွယ်ပေးဖို့  ဖြစ်မှာပါ ။
မစားရ တဲ့  တားမြစ်ချက်ဟာ ၊
မတည့် တာ စားလို့  ခါးသက်စွာ ခံစားရမဲ့  ရောဂါဘယ များအား
တားဆီးပေးဖို့  ဖြစ်တာပါ ။
မသောက်ရ လို့  တားမြစ်ထားတာ ၊
မူးရင်မမောင်း ၊ မောင်းရင် မမူးလို့  ယာဉ်တိုက်မှု မတိုးရလေအောင်
အန္တရာယ် အသွယ်သွယ် မှ ကြိုတင်ကာကွယ်ဖို့  သိကြမှာပါ ။
မကြည့် ရ လို့  တားမြစ်ထားတာ ၊
ဦးဏှောက်နုနယ် ကလေးအရွယ် လေးများ ၊ အတုခိုး မမှားကြရအောင်
ဟိုကား ဒီကား ဆင်ဆာများနဲ့ အသက်ရွယ် အလိုက် ရွေးချယ်ပါ ။
မချစ်ရ လို့  တားမြစ်တာတော့  ၊ ငါ မင်းကို နားမလည်ပါ ၊
လူတကာကို သူက တော့  ချစ်နိုင်ပြီး
ငါ့ အချစ်ကိုမှ သီးသန့်  တားမြစ်လေတာ လား ။
ဆူးကြားက ဒီ ပန်းတပွင့် ကိုမှ ၊
ထူးထူးခြားခြားလိုချင်မိတာမို့  ၊
မင်းတယောက်ရဲ့ တဖက်သတ် ချမှတ်မှုကို ၊
ငါ မနာခံချင်ပါဘူးနော် ဇွတ်ချစ်မှာဘဲ ။
►Posted by
:kiki
:
at
1/02/2009 04:28:00 PM
Subscribe to:
Post Comments (Atom)
1 comments:
မချစ်ရကတော့ ဘလော့ကာတစ်ယောက်တော့ သိတယ် :P
ပျော်ရွှင်ပါစေဗျာ
Post a Comment