မမြင်ရတဲ့၊မထင်ရတဲ့  နှောင်ကြိုးလေးတွေ တမျှင်ချင်း ၊ တကြိုးချင်း တဖြေးဖြေးရစ်ပတ်ခဲ့ တာကြာလာတော့လဲ ခိုင်မြဲလွန်းလို့ ဒီသံယောဇဉ်မျိုး ဖြတ်ရခက်ခဲ့ ပြီလေ ၊
အစမှာ မတွေ့ ခဲ့ ရရင် အကောင်းသား ။တွေ့ ပြီးတော့လဲ မချစ်မိခဲ့ ရင် အကောင်းသား
အကြောင်းတရားတွေ များစွာ ကြားထဲက ဘာလို့  မင်းနဲ့  မှ ချစ်တတ်ခဲ့ မိတာလဲ လေ ။
မမြင်ရတဲ့ မင်းအရိပ်များစွာ ကို စိုးထိတ်စွာနဲ့  စောင့်စားနေမိတတ်ပြီ ၊
မကြားရတဲ့ မင်းအသံလေးကို ရူးသွပ်စွာနဲ့ ကြားယောင်နေမိတတ်ပြီ ၊
လူမသိ သူလဲမသိ ၊ကိုယ်တိုင်တောင်ရေရာအောင်မသိလိုက်တဲ့ ဒီနှောင်ကြိုးလေးတမျှင်
တနွယ်ငင် တစင်လုံးတော့ မပါစေချင်ဘူး
ဆွေးမနေချင်လို့  ဝေးရာမှာ နေတော့မယ်လို့ စိတ်ဘ၀င်ကိုကြိတ်တင်းကာထားပေမဲ့။
မပြတ်နိုင်တဲ့ ဒီနှောင်ကြိုးငယ် မို့ ၊ရူးမိုက်မိတာ အခါခါရှိခဲ့ပြီ
နောင်သံသရာအဆက်ဆက်လဲ မင်းအတွက်ဆို ကိုယ့်အသက်ပါပေးဆက်ရဲပါတယ်
ရူးမိုက်ရမဲ့ အရွယ်တွေကျော်လွန်ခဲ့ ပေမဲ့  ဆူးခိုက်စွာနဲ့  မင်းကိုချစ်နေ ဆဲ ဆိုတာ မင်းသိလှည့်အုံး။
►Posted by
:kiki
:
at
1/01/2009 05:00:00 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment