ယခုခေတ်ကာလမှာ ဆေးလိပ်မသောက်ရလို့  ဥပဒေသတ်မှတ်ချက်ထုတ်ထားပြီး ကျင့်သုံးနေတဲ့နိုင်ငံတွေ အတော်များလာပါတယ်။တိုးတက်ပြီးသားနိုင်ငံတွေ ဥပမာ အင်္ဂလန် နိုင်ငံ မှာ ၂၀၀၆ ခုနှစ်မှစပြီး pub ,clubတွေအပါအဝင် အများပြည်သူ သွားလာနေတဲ့  နေရာအားလုံး ဆေးလိပ်သောက်ခြင်း ပိတ်ပင်မှု ကို ကျင့်သုံးခဲ့ပါတယ် ။စင်ကာပူနိုင်ငံ မှာဆိုရင်လဲ အတော်ကြာခဲ့ ပါပြီ ။ ထိုင်ဝမ် နိုင်ငံမှာတော့  ဒီနေ့ မနက်ပိုင်းမှ စပြီးတော့ ဒီဥပဒေ စတင်ခဲ့ပါတယ် ။ No Smokig Sign တွေကိုလဲ သတ်မှတ်ချက် အတိုင်း မရေးထား မကပ်ထားတဲ့ ဆိုင်တွေကို လဲ ဒါဏ်ငွေ ၁၅၀၀၀ $ ရိုက်ပါတယ် ။ဥပဒေ မလိုက်နာတဲ့  ပြည်သူလူထုကိုလဲ ပညာပေး ၊ ဒါဏ်ငွေရိုက်ပေါ။့ ဒါကြောင့် မကျေနပ် မလိုက်နာ သူတွေ လူနည်းစု က အစိုးရကို ပြန်ဟစ်နေကြတာ ဒီနေ့ သတင်းတွေထဲမှာ မြင်လိုက်ရတယ်လေ။ လူတွေဟာ သိပ်ပြီးလွတ်လပ်သွားရင်လဲ မကောင်းကြဘူး လို့ ထင်မိတယ် ။ဒါနဲ့  တဆက်တည်း ဒီလို ဘာလို့  ဆေးလိပ်သောက်တာကို အခုမှ ဥပဒေတွေထုတ်ပြီး တားမြစ်နေရတာလဲ ဆိုတာ စဉ်းစားမိတယ်။
ကာကွယ်မှုသည်ကုသမှုထက် ထိရောက်၏ ဆိုသလို ဆေးလိပ်ကြောင့် ဖြစ်တဲ့ ရောဂါပေါင်းများစွာကို ကြိုတင်ကာကွယ်ဖို့လိုပါတယ် ။ အင်္ဂလန် နိုင်ငံတခုထဲမှာတင် ဆေးလိပ်နဲ့ ပတ်သက်ပြီးဖြစ်တဲ့  ရောဂါတွေကြောင့်  တနှစ်မှာ လူပေါင်းတသိန်းကျော် အသက်ဆုံးရှုံးကြောင်းသိရပါတယ်။
ဒီတော့ ဆေးလိပ်မှာပါတဲ့  ဓါတ်တွေ နဲ့  ဒီဓါတ်တွေကြောင့် ဖြစ်ရတဲ့ ရောဂါတွေ အကြောင်း ပြောပြချင်ပါတယ်
ဆေးလိပ် တလိပ်ကိုမီးညှိ ၊မီးရှို့  လိုက်တာနဲ့  မီးအပူရှိန်ကြောင့် အဆိပ်ဓါတ်ငွေ့  ၃မျိုးထွက်လာပါတယ် ။
(၁) Tar လို့ ခေါ်တဲ့  ကတ္တရာ ဓါတ် တမျိုးဟာ Carcinogen ပါ ( ကင်ဆာရောဂါဖြစ်စေပါတယ်)
(၂) Nicotine နီကိုတင်း ဓါတ် ဟာ Additive ၊စွဲလန်းစေတတ်ပြီး သွေးထဲမှာ ကိုလက်စ်ထရော ခေါ် အဆီတမျိုးကို များစေပါတယ် ။ အဲဒါဟာ ကိုယ်ခန္ဓာရဲ့  သွေးကြောတွေကို ကျဉ်းစေ ၊မာပြီးခဲစေပါတယ်။
(၃) CO (ကာဗွန်မိုနောက်ဆိုဒ်) သူ့ ကြောင့်  ခန္ဓာကိုယ် က လိုအပ်နေတဲ့  အောက်ဆီဂျင်(O2)ဓါတ်ဟာ နဲပါးသွားရတယ် ။ဒီတော့ အဆုပ်လေပြွန်တွေ အောက်စီဂျင်ပြတ်တဲ့ ရောဂါများဖြစ်လာရတယ် ။
ဒါ့အပြင် တခြားရောဂါများလဲ တဖြေးဖြေးဖြစ်ပေါ်စေပါတယ် ။
ဒါတွေကတော့
၁။Atherosclerosis ခေါ်တဲ့  ရောဂါ .. ဘာလဲဆိုတော့ သွေးကြောတွေ ၊အကြီးရော အသေးပါ ကျဉ်းပြီးမာခဲ စေလို့ နှလုံး ၊ဦးဏှောက် ၊ ကျောက်ကပ် စတဲ့  အရေးကြီးတဲ့  အင်္ဂါတွေမှာ သွေးကောင်းစွာ မလှည့် ပါတ် နိုင်ဘဲ သွေးတိုး ၊လေဖြတ်ခြင်း ၊ နှလုံး ၊ ကျောက်ကပ်ပုတ်ခြင်း ၊ ဖြစ်ပြီး ပျက်စီးတတ်ပါတယ် ။
တချို့ ကျတော့ သွေး ကောင်းစွာမလျှောက်လို့  ခြေထိပ် ၊လက်ထိပ် မှစပြီး မဲလိုက်လာကာ ပုတ်သွားတတ်ပါတယ် .ဒါက Gangrene လို့ခေါ်တယ်။
၂။ ဆေးလိပ်သောက်သူတွေမှာ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေ ဟာ ဆေးလိပ် မသောက်သူတွေနဲ့ စာရင် ၁၀ ဆ ပိုများပါတယ်
၃။Infertility ,Impotency .. ဒါတွေကတော့ မျိုးဆက်ပြန့် ပွားခြင်းနဲ့ ဆက်စပ်နေတဲ့ ပြသနာတွေပါ ။
သန္ဓေသားမရအောင် မြုံခြင်း တွေဖြစ်တတ်တယ်
၎။မျက်စိအမြင်နဲ့ ပတ်သက်ပြီး မျက်ကြည်လွှာ သွေးကြောမျှင်များ ပိတ်ဆို့ မှုကြောင့် eyesight အမြင်အာရုံ ထိခိုက်စေပါတယ် ။
၅။ အရေပြား မှာလဲ သွေးကောင်းစွာမလျှောက်လို့  ရယ် ၊ ဗီတာမင် အေ ဓါတ် ချို့ တဲ့ စေတဲ့  အတွက်ရယ် ကြောင့် အသားအရေ ဖြုပြာပြာခြောက်ကပ်ကပ်ဖြစ်တတ်တယ် ။အရွယ်နဲ့ မလိုက်အောင် အရေခွံတွန့် ပြီးအရေးကြောင်း ပို ထင်တတ်တယ် ။ပိုပြီး အိုမင်းရင့်ရော်တတ်တယ် ။
အာခံတွင်း နဲ့  ပတ်သက်ပြီးတော့လည်း အနံ့ အသက်ဆိုးရွားခြင်း ၊ သွားဂျီးနှင့် ကျောက်တည်၍အရောင်ပြောင်းလဲခြင်း စသဖြင့် အကျိုးမဲ့စေနိုင်ပါတယ်။
ဒါတွေဟာ ဆေးလိပ်ကြောင့်  ရတတ်တဲ့  ရောဂါတချို့ပါ ။
ဆေးလိပ်ဟာ ကိုယ်တိုင်သောက်သုံးသူသာ ရောဂါရတာ မဟုတ်ပါဘူး ။ သူနဲ့  အနီးကပ် ၊ ကြာရှည် နေထိုင်သူတွေမှပါ တူညီစွာ ရောဂါဖြစ်စေပါတယ် ။ ကိုယ်ဝန်ဆောင်မိခင်ဟာ ဆေးလိပ်အလွန်အကျွံသောက်ရင် သန္ဓေသားကိုပါထိခိုက်စေပါတယ်။
ဒါ့အပြင် ဆေးလိပ်အတွက် ငွေကြေးအပို ကုန်ကျစေသေးတယ်လေ။အလကားနေရင်း ပိုက်ဆံကို မီးရှို့ ပြစ်ပြီးကိုယ့် ရောရောဂါ ကိုယ်ရှာနေကြ သလိုပါဘဲ ။
ဒါကြောင့် ဆေးလိပ်သောက်ခြင်းကိုတားမြစ်တဲ့  ဥပဒေမျိုးဟာ နိုင်ငံတိုင်းမှာ လိုအပ်တယ်လို့  ထင်ပါတယ်။
ဆေးလိပ်သောက်နေတဲ့ မိတ်ဆွေများလည်း ဆေးလိပ်ဖြတ်ကြဖို့  တိုက်တွန်းချင်ပါတယ် ။
►Posted by
:kiki
:
at
1/11/2009 10:17:00 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment