ကြားဘူးတဲ့ အကြောင်းလေးကို ဖေါက်သည်ချချင်လို့ ပါ ။ သူငယ်ချင်းတယောက်ဆီမှ ရတဲ့  တရုတ်ဘာသာ မေးလ် တစောင်ကို သိသလောက် ဘာသာပြန် ဖြည့် စွက်ရေးထားတာပါ ။
တနေ့ မှာ ဒီမြို့ ပေါ်မှာရှိနေတဲ့  စာကြည့် တိုက်ကြီးတခု ဟာ နေရာသစ်ရွှေ့ ပြောင်း ဖို့ ကြုံတွေ့ နေ ပါတယ် ။ သူ့ လက်ရှိ နေရာအဆောက်အဦ ဟာ ဟောင်းနွမ်းပြီး အန္တရာယ်ရှိနိုင်တဲ့ အတွက် နေရာသစ်ကို မပြောင်းလို့  မရတဲ့ အခြေအနေပေါ့ ။ မိုးရာသီလဲ ရောက်တော့မယ်ဆိုတော့  အမြန်ဆုံး ပြောင်းရွှေ့ ဖို့  လိုအပ်နေတယ် ။ဒါပေမဲ့  စာကြည့် တိုက်ရဲ့  ဘတ်ဂျက် အသုံးငွေဟာ သိပ်များများစားစား မရှိပါဘူး ။ ဒီတော့  စာကြည့် တိုက် တာဝန်ခံ ခမြာခေါင်းခဲနေရတယ် ။ စာအုပ်တွေ များပြားလွန်းလှတဲ့ အတွက် ပြောင်းရွှေ့ ခ စရိတ်စကတွေ ကို တွက်ကြည့် လိုက်တော့  ဒေါ်လာ ၃သိန်းလောက် ခန့် မှန်းခြေ ကုန်မယ်ပေါ့ လေ။ ဒါပေမဲ့  သူ့ စာကြည့် တိုက်မှာ အသုံးစရိတ်ငွေက ဒီလောက်မရှိဘူး ။
ဒီတော့ အရေးပေါ် အစည်းအဝေးလုပ်ပြီး ဝန်ထမ်းတွေ ဆီမှ အကြံဥာဏ်တောင်းတယ်ပေါ့  ။ အတော်လေးကြာတဲ့ အထိ ကျေနပ်လောက်စရာ အကြံ မပေးနိုင် ကြ လို့  တာဝန်ခံလဲ လက်မှိုင်ချနေတယ် .. နောက်အချိန် ကုန်ခါနီးမှာ မှ လူသစ် တဦးဖြစ်တဲ့ဝန်ထမ်းပေါက်စလေးက ထပြီးပြောတယ် ။ သူ အကြံတခု ရတယ်တဲ့  ။ ဒါနဲ့ တာဝန်ခံကြီးက မယုံ တဝက်နဲ့  ..ဘာအကြံများလဲ ကွ လို့  တာဝန်အရ မေးရတာပေါ့  ။ စရိတ်ဒီလောက်များများမကုန်စေရပါဘူး ငွေ ၁သိန်းခွဲ လောက်ဘဲ ကုန်မှာပါ ..ဒါပေမဲ့ ကျွန်တော်ကို အကြံဥာဏ်ပူဇော်ခ ပေးမှ ပြောမယ် လို့  ဝန်ထမ်းပေါက်စ က ပြန်ဖြေတယ်။
ဒီတော့ စိတ်ညစ်နေတဲ့  တာဝန်ခံ ကလဲ ၊ မင်းပြောသလို လုပ်လို့  တကယ် အဆင်ပြေရင် တော့ ပေးရမှာပေါ့  တဲ့ ။ ဒါနဲ့  ၂ဦးသဘောတူ စာချုပ်ပြီး ဝန်ထမ်းပေါက်စ ရဲ့  အကြံအတိုင်းလုပ်ဖြစ်ကြတယ် ။ တကယ်တန်းပြောင်းရွှေ့ ကြတော့  စရိတ် ဟာ ၁ သိန်း သာ ကုန်တယ်တဲ့  ။ ပြီးတော့  စာချုပ် အတိုင်း ဒီ ဝန်ထမ်းကို ၅သောင်းပေးလိုက်တယ်လေ ။ ရှဉ့် လဲလျှောက်သာ ပျားလဲ စွဲသာ ပေါ့ ။
အင်း .. ဒီဝန်ထမ်းပေါက်စလေးရဲ့  ရွှေဥာဏ်တော်စူးရောက်တဲ့  အကြံလေးကို မိတ်ဆွေတို့  သိကြပါရဲ့ လား။။
အဟဲ .. မသိရင် ရှေ့ ဆက်ဖတ် ကြည့် ရန် ....
အစည်းအဝေးပြီးလို့  နောက်တနေ့ မှာ အဲဒီ စာကြည့် တိုက်အရှေ့  မှာရော ၊ သတင်းစာ မှာရော ကြေငြာ စာ ထွက်လာပါတယ် ။ ယနေ့ မှစပြီး ၃ရက်အတွင်း ဤစာကြည့် တိုက်မှ စာအုပ်များအား မည်သူ့ ကို မဆို အခမဲ့  ၁၀ ရက် ဌားပေးမည် ။ ရက်စေ့ ပြီးပါက အောက်ပါ လိပ်စာသစ် အတိုင်း စာအုပ်များကို မပျက်မကွက်ပြန်လည် ပေးပို့  ရမည် ။
အကြောင်းအရာလေးကတော့  ဒီလောက်ပါဘဲ ။
ဒါဆိုရင် ဘာကြောင့်  စရိတ် သိပ်မကုန်ဘဲ စာကြည့် တိုက်ကိုအောင်မြင်စွာ နဲ့  နေရာပြောင်းရွှေ့ နိုင်သလဲ ဆို တာ မိတ်ဆွေတို့  သဘောပေါက်ကြမှာပေါ့ နော်။
လူငယ်ပေမဲ့  အကြံမငယ်သူတွေ ။ အတွေ့ အကြုံ နုပေမဲ့  အကြံကောင်းထွက်တတ်တာတွေ ရှိပါသေးတယ်။
ရွှေဥာဏ်တော်စူးရောက်တိုင်းလဲ စောက်ရူးမဟုတ်သေးပါဘူးနော် .. အဟက်ဟက်....
0 comments:
Post a Comment