မင်းကို တခါသတိရတိုင်း ကောင်းကင်ပြင်ကကြယ်တစ်စင်းကြွေရစတမ်းဆိုရင်၊
စင်္ကြာဝဠာတခွင်မှာ ကြယ်စင်ကင်းတဲ့ ဟင်းလင်းပြင်တခုဖြစ်ရော့မယ် ။
မင်းကို တခါသတိရတိုင်း သမုဒ္ဒရာပြင်က ရေတစက်ခမ်းခြောက်ရစတမ်းဆိုရင်၊
အပြောကျယ်တဲ့  ပင်လယ်ပြင်ဟာ ကန္တာရဆင်ဆင်ဖြစ်ရော့မယ် ။
မင်းကို တခါသတိရတိုင်း ငါ့မျက်ရည်တစက်ကြွေသက်ရစတမ်းဆိုရင်၊
ငါ့ပါးပြင် နှစ်ဖက်လုံးဟာ တသွင်သွင်စီးဆင်းနေတဲ့ စမ်းရေယဉ်နဲ့ မြစ်ငယ်တစင်းဖြစ်ရော့မယ် ။
မင်းကို တခါသတိရတိုင်း မိုးသက်မုန်တိုင်းတချက်ကျရစတမ်းဆိုရင်၊
လောကကြီးတခုလုံးမှာ နာဂစ်ဆိုင်ကလုံး ၊တိုင်ဖွန်း၊ဟာရီကိန်း တဂျိမ်းဂျိမ်းနဲ့ 
အဆက်မပြတ် မွှေတိုက်နေလို့  လူတွေငါ့ကို ရိုက်ရော့မယ် ။
ဒီတော့ .. ဒီတော့ ... လွမ်းလဲ မလွမ်းရဲပါဘူး ၊
လွမ်းစိတ်ကိုဖြေ ၊ ချစ်စိတ်ဝေရင်း၊
တမ်းတခြင်း နေ့ ရက်တွေ မရှိအောင် ၊ ငါ ...ဆင်ဆင်ခြင်ခြင်နေပါ့မယ် ။
(လွမ်းလွန်လွန်းလို့  ရေးဖြစ်သွားတယ် .. ပိုတယ်ထင်လည်း ထင်ကြပါ )
►Posted by
:kiki
:
at
1/17/2009 11:22:00 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment