တနေ့  မှာ ရထားအတူစီးသွားကြတဲ့ ခရီးသည် ၄ယောက် ၊ ယိုးဒယားနိုင်ငံသားတယောက်ရယ်၊ကိုးရီးယားနိုင်ငံသားတယောက်ရယ်၊ ထိုင်ဝမ်နိုင်ငံသား ပရော်ဖက်ဆာတယောက်ရယ်၊ထိုင်ဝမ်တက္ကသိုလ်ကျောင်းသားတယောက်ရယ် အလ္လာပ သလ္လာပ စကားလက်ဆုံကျလာကြတယ်။ လမ်းတဝက်ရောက်တော့ ကိုယိုးဒယားက သူ့ မှာပါလာတဲ့ မွှေးကြိုင်နေတဲ့ အမွှာကြီးကြီး ဒူးရင်းသီး တွေထုတ်ပြီး တခြားလူတွေကို ဧည့်ခံပါတယ် ။သူကိုယ်တိုင်လဲ အားရပါးရစားပေါ့။ဒီလိုနဲ့ အားလုံးစားလို့ ဝသွားကြတော့ ကျန်နေသေးတဲ့ ဒူးရင်းသီးအမွှာကြီးတွေကို ရထားပြူတင်းပေါက်မှ လွှင့်ပစ်လိုက်ပါတယ် ။ဒါကိုတွေ့ တော့ အင်မတန်စီစစ်တတ်တဲ့  ထိုင်ဝမ်ပရော်ဖက်ဆာက မေးတယ် - ဟာ ..ခင်ဗျားဒူးရင်းသီးတွေက အကောင်းကြီးတွေရှိသေးတာ ဘာဖြစ်လို့ ပစ်လိုက်ရတာလဲ ၊ပေါ့ ။
ဒီတော့ ကိုယိုးဒယားကပြန်ဖြေတာ ..ဒါမျိုးတွေ ကျွန်တော်တို့ ဆီမှာ ပေါမှပေါ ၊စားလို့ မကုန်နိုင်ဘူး ၊ဒါကြောင့်ပိုနေတာတွေလွှင့်ပစ်တာပေါ့ တဲ့ လေ၊
နောက်တနာရီလောက်ကြာတော့ ခရီးပန်းစပြုလာတဲ့  သူတို့ ကို ကိုရီးယားခရီးသည်က သူ့ နိုင်ငံထွက် ဂျင်ဆင်းဆေးမြစ်တွေ ထုတ်ပြီး `ဧည့်ခံပါတယ်။ဂျင်ဆင်းဆေးမြစ်တွေနဲ့  အားဖြည့်လို့ အပြီး ကျန်နေသေးတဲ့ ဟာတွေကို ဒီကိုရီးယားကြီးကလည်း ရထားပြူတင်းပေါက်ကနေ လွှင့်ပစ်လိုက်ပြန်တယ် ။ဒီတော့ နှမြောတတ်တဲ့ ပရော်ဖက်ဆာကြီးလဲ မေးပြန်ရော ။ ကိုရီးယားကြီးကလဲ ပြောပြန်ရော ။ဒီဂျင်ဆင်းတွေ ကျွန်တော်တို့ ဆီမှာ အလျှံပယ်ရှိနေတယ်တဲ့ ။ပြန်မသယ်ချင်တော့ဘူးတဲ့ ။
ဒီလိုပြောသံကြားတော့  ထိုင်ဝမ်ပရော်ဖက်ဆာကြီးလဲ ထိုင်နေရာက ငေါက်ကနဲထပြီး သူ့ အနားမှာရှိနေတဲ့ တက္ကသိုလ်ကျောင်းသားကို ဆွဲမ ပြီး ရထားပြူတင်းပေါက်ကနေ ပစ်ချလိုက်ပါတော့တယ် ။။
ပုံပြင်လေးကတော့ ဒါပါဘဲကွယ် ။။
ဒီင်္က တရုတ် သူငယ်ချင်းမလေး ပို့ လာတဲ့  ဟာသ e-mail လေးကို နားလည်သလို ဘာသာပြန် ပေးလိုက်တာပါ ။ ဒီ ဟာသလေးဖတ်ပြီး ကိုယ့်ဟာကိုယ် စဉ်းစားမိတာနဲ့  နောက်ဆက်တွဲလေး ဖြည့် စွက်ရေးလို တာ ကတော့ ၊
အကယ်၍သာ ဒီရထားပေါ်မှ ဗမာခရီးသည်တယောက်သာပါလာခဲ့ ရင်တော့ ဗမာ ဂျိုကုပ်မှုး ကြီး ၊ဂျိုကုပ်မှုးလေးတွေ တယောက်ပြီးတယောက်များ ရထားပြူတင်းပေါက်မှ တန်းစီပြီး အပစ်ချခံနေရမလား လို့ လေ ။အဟဲ ဟဲ စိတ်ကူး.ယဉ်ကြည့် ရုံ လေးပါ ။ ၆၅ နှစ် နဲ့ တွေ့ ရင်တော့ တွက်ခြေမကိုက်ဘူးနော် ...တော်ပြီ ဆက်မတွေးတော့ပါဘူး ဆက်တွေး ဆက်ရေးနေရင် အနှစ် ၁၃၀ ဖြစ်သွားနိုင်တယ်လေ ...
ဒီနေရာတင် ပုံပြင်လေး တခန်းရပ်ပါပြီ ။။။။
►Posted by
:kiki
:
at
1/04/2009 02:49:00 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment