ထောင်ချောက်မှာမိ ဆူးကြိုးတွေငြိ တတိတိရစ်ပါတ် တင်းကြပ်နေတဲ့ လည်ပင်းဆီ
ရုန်းလေရစ်လေ ၊ရုန်းလေ အစ်လေ ဒီလိုအချိန် ၊ ငြိမ်နေတာက ပိုကောင်းမယ်။
တခါတလေ ညှပ်နေတာက ခြေထောက်တင်ပါ၊
ရုန်းလေ နာလေဖြစ်နေပေမဲ့ ၊ ဇွတ်အတင်းရုန်းလို့  ခြေကလေးတဖက်သာဆုံးရှုံး ၊
အသက်ရှင် လွတ်မြောက်သွားတဲ့ ကြွက်ငယ်လေးလည်း တွေ့ ဘူးတယ်။
ငြိမ်သက် ရုန်းထွက် ဆုံးဖြတ်ချက် ဆိုတာ အခြေအနေအရပါဘဲ
ဒို့ ဘဝလဲ ဒီလိုဘဲမို့  ရုန်းထွက်ပြီး အသက်ဆက်ရမယ်ဆို
မဆိုစလောက် ဆုံးရှုံးမှုလေးကို ၊ စတေးဖို့  ဝန်မလေးပါဘူး ။
( ဧသက်၏ အခြေအနေအရ ကဗျာမှ အကြောင်းအရာတခုကိုမှီငြမ်းပါသည် )
►Posted by
:kiki
:
at
1/14/2009 08:07:00 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment