ခွင့်ရက်ရှည်ယူပြီးဒီနေ့ မှအလုပ်ပြန်စဝင်တော့ အလုပ်ပျင်းရောဂါနဲ့  မနက်ပိုင်းမှာယောင်ချာချာဖြစ်နေတယ် ။အေးအေးဆေးဆေးနေရမယ်ထင်ထားတာ အရေးပေါ်လူနာရောက်လာမှဘဲယောင်ခြောက်ဆယ်ဇာတ်လမ်းပြတ်တော့တယ် ။
လူနာက အသက် ၇၀ကျော် အဖွားကြီးတယောက်ပါ ။ ပိန်ပိန်ပါးပါး ၊နေ့ လည်စာ စားရင်းနဲ့  ထမင်းဝိုင်းမှာ ရုတ်တရက်အသက်ရှုကြပ်ပြီး တကိုယ်လုံးပြာနှမ်းတက်သွားလို့  သူ့ မိသားစုက ဆေးရုံကိုခေါ်လာတာပေါ့ ။
ဒီတော့ ထုံးစံအတိုင်း လူနာရဲ့ ဆေးရာဇဝင်အတိုချုပ် ကမန်းကတန်းမေး ။လူနာ စမ်းသပ် ၊နှလုံးကြောင့်ဖြစ်ဖို့ များတာကြောင့် ECGဆွဲဖို့ လုပ် ။drip တလုံးအမြန်ချိတ်ပေါ့ ။ ထမင်းစားနေတုံး ရုတ်တရက် ဖြစ်တယ်ဆိုတော့စဉ်းစားရတာ ၊ နှလုံးကြောင့် မဟုတ်ရင် အသက်ရှုလမ်းကြောင်းရုတ်တရက်ပိတ်ဆို့ တာ ဖြစ်နှိင်လို့  ဒီနေ့လည် ဘာဟင်းစားလဲ မေးကြည့် ရတယ် ။ဒီတော့ မှ ဘာလုပ်ရမယ်ဆိုတာ သိရတော့တယ်လေ။
စားတာက ငဖယ်ဆုပ်လို အသားလုံးပါတဲ့  ဟင်းချို တဲ့  ။ဒါကြောင့် ကမန်းကတမ်းဘဲ ဘေးကလူကို ဖယ်ခိုင်းပြီး လက်သီးဆုတ်၂ဖက်နဲ့  လူနာအဖွားကြီးရဲ့  ရင်ညွန့် နဲ့ အစာအိမ်အပေါ်နားကို ရှိသမျှအားဖြစ်ညှစ်ပြီး ဖိတွန်းရတယ် ၊ ၁ခါ ၊၂ခါ မရတာနဲ့  ၃ကြိမ်မြောက်မှာ ကိုယ့် တကိုယ်လုံး ရှိတဲ့  weight နဲ့  ဖိပြီးတွန်းထုတ်တော့ မှ ၊ ထွက်လာပါတယ် ၊ ကိုယ်တော်ချောက ။ ငယ်ငယ်တုံးက ဆော့ဖူးတဲ့ ကြွေဂေါ်လီလုံးအရွယ်လောက်ရှိတဲ့  အသားတုံး မာမာအလုံးတလုံးလေ ။ ဒီတော့ မှ အဖွားကြီးလဲ ချောင်းဆိုးသံလေး ပေးပြီး အသက်ပြန်စရှုပါတော့ တယ် ။( တော်ပါသေးရဲ့  ငဖယ်လုံးရယ် ၊ နင်သာ စောစောပြန်ထွက်မလာရင် ငါဘဲအသက်ထွက်ရပါတော့ မယ်) ။
ဒါကြောင့်  လူတိုင်းကို ဒီလို Choking ဖြစ်လာရင် လိုအပ်တဲ့  အရေးပေါ်ပြုစုနည်းလေး သိထားသင့် တယ် ထင်လို့  ဒီစာလေးရေးဖြစ်တာပါ။
Heimlich Maneuver လို့ ခေါ်တဲ့  နည်းလမ်းလေး တခုကို ပြောပြချင်ပါတယ်။
ထိုလူ ရဲ့  အသက်ရှု လမ်းကြောင်းမှာ အရာဝတ္ထု တခုခု(ဥပမာ -မာသော ၊အတုံးကြီးသော စားစရာ ၊ Loosen Denture ၊ ချောင်နေသောသွားအတု ၊စသဖြင့်) အမှန်တကယ် ပိတ်ဆို့ နေမှု ရှိ ၊မရှိ အရင် စမ်းစစ်ပါ ။ထိုလူနာအား တိုက်ရိုက်မေးကြည့် ပါ ။ သူ စကားပြောနိုင် ၊ ခြေဟန်လက်ဟန်ပြနိုင် တယ်ဆိုရင်ပေါ့။သေချာရင်တော့  ဒီလို စ လုပ်ပါ။
၁ ။လူနာက မတ်တတ်အနေအထားဆိုရင် အလွယ်ဆုံးပါ ။ပြုစုမဲ့လူက အနောက်ဖက်မှာရပ်ပြီး ပုံမှာပြထားတဲ့ အတိုင်းလူနာအား ခါးမှပွေ့ ပါ ။မိမိရဲ့ လက်၂ဖက်ကိုယှက်၍ လက်သီးဆုပ်ပုံသဏ္ဍာန်လုပ်ပြီး လူနာရဲ့ ရင်ညွန့် ရိုးအောက် ၊ အစာအိမ်အပေါ်ဖက်နားမှာ လက်သီးဆုပ်ဖြင့်  အား အရှိန်နဲ့  အနောက်ဖက်အပေါ်ဖက်သို့ မြန်မြန်ဆွဲတင်ပေးပါ။
တကြိမ်နဲ့ မရရင် ၂ကြိမ် ၊၃ကြိမ် ဆက်တိုက် လုပ်ပါ။ အထဲမှာ ပိတ် ခံ နေတဲ့  အရာဝတ္ထု မထွက်မချင်းပေါ့။
လူနာဟာကလေးအရွယ် ခပ်ငယ်ငယ်( အခုခေတ်မှာ Jelly အတုံးတွေ စားရင်း အဆင်မသင့်  လေပြွန်ထဲ လျှော ဝင်ပြီး ပိတ်ဆို့ တတ်တယ်လေ) ဆိုရင်တော့ ဒီလို ပုံမှာပြထားတဲ့  အတိုင်း လုပ်နိုင်ပါတယ်။
ကလေးငယ်အား လက်တဖက်ဖြင့် ရင်ခေါင်းအောက်မှ ပွေ့ ချီပြီး ၊အခြားလက်တဖက်ဖြင့် ကျောမှ ဆတ်ကနဲ ရိုက်ချပါ ။ အထဲမှာခံနေတဲ့  အရာဝတ္ထုထွက်လာတဲ့ အထိပေါ့ ၊ ကလေးရဲ့ အရိုးလေးတွေဟာ နုနယ်လို့  ရိုက်တဲ့  အားအရှိန်ကို သတိထားဖို့ လိုပါတယ် ။
တကယ်လို့ လူနာဟာ မတ်တပ်ရပ် အနေအထားမျိုး မဟုတ်ရင် သို့ မဟုတ် အသက်မရှု၊ နှလုံးမခုန်တော့ ရင် ၊ အောက်မှာပြထားတဲ့ပုံစံတွေအတိုင်းပြုစုနိုင်ပါတယ်
လူနာရဲ့ ပါးစပ်ထဲမှာ ပိတ်ဆို့ နိုင်တဲ့  အရာဝတ္ထုကို အရင်ဖယ်ထုတ်ပါ ။လူနာကို အောက်ခံ မာသောကြမ်းပြင်ပေါ်မှာ ဖြေးညှင်းစွာနေရာချပြီး အသက်ရှုလမ်းကြောင်း၊ အသက်ရှုခြင်း ၊သွေးလှည့်ပတ်ခြင်းABCs ( Airway , Breathing , Circulation )check လုပ်ပါ။
အကယ်၍ လူနာမှာ အသက်မှန်အောင် မရှုလျှင် ထိုသူရဲ့  နှာခေါင်းကို မိမိလက်တဖက်ဖြင့်ပိတ်၍အခြားလက်တဖက်ဖြင့် လူနာ၏မေးရိုးအားအပေါ်သို့ ဆွဲပင့်ပြီး ပါးစပ်ခြင်းတေ့၍မိမိရဲ့ လေကိုမှုတ်သွင်းပေးပါ ။( မှတ်ချက် ...ဤ နည်းမှာ ၊ မိန်းမပျိုလှလှလေးများအား ပူရိဿယောကျာင်္းများ အပြုစုလိုဆုံးနည်းလမ်းတခု Mouth to Mouth Respiration ဖြစ်ပါသည် )
ထို့ နောက် လူနာရဲ့ အသက်ရှုမှု ။နှလုံး ခုန်မှု ကို စစ်ဆေးပြီး CPR စလုပ်ပါ .
ဒီတချိန်ထဲမှာဘဲ EMS (EmergencyMedicalService )ကို အကြောင်းကြားထားပြီး ထိုအဖွဲ့ ရောက်မလာမီ အချိန်လေးအတွင်းမှာ မိမိသိထားတဲ့  ရှေးဦးသူနာပြုစုနည်းနဲ့ 
တန်ဖိုးရှိတဲ့  အချိန်တိုလေးအတွင်းမှာ အသက်တချောင်းကို ကယ်တင်ပေးနိုင်ပါတယ်။
ဘာလို့ လဲဆိုတော့  လူတယောက်ရဲ့  ဦးဏှောက်ဟာ အောက်စီဂျင်လို့ ခေါ်တဲ့  လေသန့် ပြတ်လပ်တာ အချိန် ၈ မိနစ်ကျော်သွားရင် လူမသေသေးပေမဲ့ ဦးဏှောက်သေတတ်လို့ ပါဘဲ။ Brain Death ဖြစ်သွားတယ်ပေါ့  ။
အခွင့် ကြုံရင် လုပ်နိုင်တဲ့  ကုသိုလ်လေးတခု လူတိုင်း ပြု နိုင်ကြပါစေ
တန်ဖိုးမဖြတ်နိုင်တဲ့ ကုသိုလ်တမျိုးပါ ။
နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ ။
►Posted by
:kiki
:
at
1/03/2009 09:07:00 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment