အမျိုးသားဘ၀မှ အမျိုးသမီးအဖြစ်သို့ လည်းကောင်း၊ အမျိုးသမီးဘ၀မှ အမျိုးသားအဖြစ်သို့ လည်းကောင်း ခွဲစိတ်၍ လိင်ပြောင်းလဲနိုင်သည့် ၀န်ဆောင်မှုစနစ်ကို ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု ပေါင်လို(၀်) ဆေးရုံ ကြီး ရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူ တဦးကပြောသည်။
“မြန်မာနိုင်ငံမှာ လိင်ပြောင်းလဲတဲ့ ကျန်းမာရေးဝန်ဆောင်မှု ပေးတဲ့နိုင်ငံခြား ဆေးရုံမရှိသေးဘူး။ ဒီက လိင် ပြောင်းချင်တဲ့သူတွေကို ဘန်ကောက်မှာရှိတဲ့ ပေါင်လို(၀်) ဆေးရုံကြီးမှာ ခွဲစိတ်ပေးမှာပါ။ တဦးကို သိန်း ၈၀ လောက်ကုန်မယ်”ဟု ပေါင်လို(၀်)ဆေးရုံကြီးရုံးခွဲ တာဝန်ရှိသူက ရှင်းပြသည်။
အမျိုးသားဘ၀မှ အမျိုးသမီးအဖြစ်သို့ လိင်ပြောင်းလဲမည်ဆိုပါက အချိန်နှစ်ပတ်ကြာ ဆေးရုံ တက်ကုသမှု ခံယူရမည်ဖြစ်ပြီး အမျိုးသမီးဘ၀မှ အမျိုးသားအဖြစ်သို့ လိင်ပြောင်းလဲပါက ၁ နှစ်မှ ၂ နှစ်အထိ အချိန်ယူ ဆေးကုသမှုခံယူပြီးမှ ခွဲစိတ်ပြုပြင်လိင်ပြောင်းလဲနိုင်ကြောင်း သိရသည်။
“လိင်ပြောင်းတဲ့နေရာမှာ အမျိုးသားကနေ အမျိုးသမီးအဖြစ်ပြောင်းကြတာ များတယ်။ အမျိုးသမီးကနေ အမျိုးသားအဖြစ်ပြောင်းချင်ရင် အချိန် ၁ နှစ်၊ ၂ နှစ်လောက်ယူရတယ်။ ငွေကြေးအကုန်အကျက လည်း ပိုပြီးများတယ်။ သိန်း ၈၀ ဆိုတာက အမျိုးသားကနေ အမျိုးသမီး အဖြစ် လိင်ပြောင်းရာမှာ ကုန်ကျတဲ့ စရိတ်ပါ။ အမျိုးသမီးကနေ အမျိုးသားပြောင်း ရင်ဒီထက်ပိုပြီး ကုန်မယ်”ဟု ရန်ကုန်ရုံးခွဲ တာဝန်ရှိသူက ရှင်းပြသည်။
ထိုင်းနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံအများအပြားတွင် အမျိုးသားမှ အမျိုးသမီးအဖြစ်သို့ လည်းကောင်း ၊ အမျိုး သမီး မှ အမျိုးသားအဖြစ်သို့လည်းကောင်း ခွဲစိတ်လိင်ပြောင်းလဲခြင်းများ ပြုလုပ်လျက်ရှိပြီး ယင်းနှင့်ဆက်စပ် သော ခွဲစိတ်မှု ကျန်းမာရေးလုပ်ငန်းများသည် အမြတ်စွန်း ကြီးမားသောကြောင့် အပြိုင် အဆိုင် ဖွင့်လှစ် လုပ်ကိုင်လျက်ရှိ ကြောင်း၊သို့သော်လည်း ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့် အပြင် ရှေးရိုး အယူအဆ အစွဲအလမ်းကြီးသော မြန်မာနိုင်ငံတွင် ထိုလိင်ပြောင်းလဲခြင်းဆိုင်ရာ စီးပွားရေး လုပ်ငန်းများ အောင်မြင်ရန် ခက်ခဲလှကြောင်း၊ ဆင်းရဲသောနိုင်ငံဖြစ်သည့်အတွက်လည်း လိင်ပြောင်းလဲရန် ဆန္ဒရှိစေကာမူ ငွေကြေး တတ်နိုင်သူ နည်းကြောင်း ရန်ကုန်မြို့မှ စာရေးဆရာတဦးက ပြောသည်။
“ဘာသာရေးအရလည်း လိင်ပြောင်းတာကို မြန်မာလူမှုအသိုင်းအ၀ိုင်းက လက်ခံမှာ မဟုတ်ဘူး။ နောက် ပြီး စီးပွားရေးအရ ဒီမှာက စားဝတ်နေရေးအတွက်တောင် မနည်းရုန်းကန် နေရတာဆိုတော့ လိင်ပြောင်းဖို့ဆန္ဒရှိ ရင် တောင် ငွေရေးကြေးရေးအခြေအနေကြောင့် လုပ်နိုင်ဖို့ မလွယ်ပါဘူး”ဟု ရန်ကုန်မြို့မှ အထွေထွေရောဂါ ကု ဆရာဝန်တဦးကလည်း ပြောဆိုသည်။
ရန်ကုန်မြို့မှ လိင်တူချစ်သူ အမျိုးသားတဦးကမူ အမျိုးသားဘ၀မှ အမျိုးသမီးဘ၀သို့ လိင်ပြောင်းလဲ ချင်ကြ သော လိင်တူချစ်သူအမျိုးသားအများအပြား ပြည်တွင်းတွင်ရှိနေပြီး ငွေလည်းတတ်နိုင်ကြကြောင်း၊ လိင်ပြောင်းလဲရန် မည်သို့မည်ပုံ ပြည်ပဆေးရုံများနှင့် ဆက်သွယ်ဆောင်ရွက်ခွဲစိတ်မှုခံယူရမည်ကိုမသိရှိကြ သူက အများစုဖြစ်နေကြောင်း ပြောသည်။
ငွေကြေးတတ်နိုင်၍ ခွဲစိတ်လိင်ပြောင်းလဲသူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြင်ဆင် ပြုလုပ်ရန် ပြဿနာရှိ နိုင်သည်ဟု ရန်ကုန်စာရေးဆရာက ပြောသည်။
မြန်မာနိုင်ငံတွင် ခွဲစိတ်လိင်ပြောင်းလဲခြင်းကို တားမြစ်သော တရားဝင်ဥပေဒမရှိသော်လည်း လိင်ပြောင်းလဲ သူများသည် နိုင်ငံသားစိစစ်ရေးကတ်ကို ပြင်ဆင်ပြုလုပ်ရန်လိုအပ်ကြောင်း၊ လိင်ပြောင်းလဲပြီးနောက် နိုင်ငံ သားစိစစ်ရေးကတ် ပြုပြင်လျှောက်ထားရာတွင် လိင်ပြောင်းလဲ သွားသည်မှာ မှန်ကန်ကြောင်း သက်ဆိုင်ရာ ဆရာဝန်ကြီးများ၏ စစ်ဆေးထောက်ခံချက် စာရွက်စာတမ်းများကိုပါ တပါတည်း တင်ပြလျှောက်ထားရမည် ဟု ရန်ကုန်တိုင်းလူဝင်မှု ကြီးကြပ်ရေးအရာရှိတဦးက ပြောသည်။
“လိင်ပြောင်းလဲပြီး နိုင်ငံသားစိစစ်ရေးကတ်ပြင်ဆင်လျှောက်ထားမယ်ဆိုရင် လိင်ပြောင်းသွားတယ်ဆိုတာ မှန်ကန်ကြောင်း ဆရာဝန်ထောက်ခံချက်တွေနဲ့လျှောက်ထားရင် ရနိုင်ပါတယ်။ အဲဒီလို တကူးတက ခွဲစိတ် လိင်ပြောင်းလဲပြီး နိုင်ငံသားစိစစ်ရေးကတ် ပြင်ဆင်လျှောက်ထားတဲ့ အမှုတွဲမျိုး ဒီမှာမရှိသေးဘူး” ဟု ထိုအရာရှိက ဆိုသည်။
၂၀၀၅ ခုနှစ်အတွင်းက လှိုင်သာယာမြို့နယ်တွင် နေထိုင်ဈေးရောင်းသည့် အသက် ၂၁ နှစ် အရွယ် မသင်းစန္ဒာ ဆိုသော အမျိုးသမီးငယ်တဦးသည် ယောက်ျား အင်္ဂါ အလိုအလျောက် ထွက်ပေါ်လာသည့် အတွက် အမျိုးသမီးဘ၀မှ အမျိုးသားဘ၀သို့ ပြောင်းလဲသွားသည့် ဖြစ်စဉ်ရှိခဲ့ပြီး သက်ဆိုင်ရာ ဆရာဝန်ကြီး များ၏ ထောက်ခံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးက မောင်သန်းစိန် နာမည်ဖြင့် နိုင်ငံသား စိစစ်ရေးကတ် ပြင်ဆင် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန သတင်း ရပ်ကွက် မှ စုံစမ်းသိရှိရသည်။
Simultaneous hermaphrodites - မွေးဖွားစဉ်အချိန်မှာ လိင်အင်္ဂါ ၂ မျိုးစလုံး ပါဝင်လာခဲ့ တာပါ။ဘယ်အင်္ဂါရဲ့ ဖွံ့ ဖြိုးမှုက ပိုများသလဲ ဆိုတဲ့ အပေါ်တည်ပြီး ကျား သို့ မဟုတ် မ ပုံသဏ္ဍန် ပေါ်လွင်ခဲ့ ရ တာပါ ။ဒါပေမဲ့ သူ့ တဦးတယောက်ထဲနဲ့  မျိုးဆက်ပြန့်ပွားလို့ မရပါဘူး ။
စစဦးချင်း အချိန်တွေမှာတော့ သူဖြစ်ချင်တဲ့ ဘဝကို ရလိုက်လို့  သူအတော်လေး ပျော်ရွှင် ခဲ့ပါတယ် ။ တီဗွီ အစီအစဉ်တွေမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ ရတယ် ။ ဒီက မိန်းမရှာ အဖွဲ့ တွေမှာလည်း အထိုက် အလျှောက် နာမယ်ရခဲ့ တယ်ပေါ့ ။ သူက မိခင်ဘဝကို လိုလား တဲ့  အတွက် ကလေးငယ် တယောက်ကိုမွေးစားဖို့ တောင် ကြံစည်ခဲ့ သေးတယ်တဲ့ ၊ဒါပေမဲ့ တရားဥပဒေအရ သူ့ မှာ အိမ်ထောင်ဖက်စုံ မရှိလို့  ကလေးငယ် မွေးစားခွင့် ကို မရ ခဲ့ ပါဘုး ။ ပြီးတော့ နောက်ပိုင်းမှာ တွေ့ ကြုံရတဲ့  အဆင်မပြေမှု တွေ ၊ တခါတရံ လူမှုရေး အသိုင်းအဝိုင်းက ဖယ်ကျဉ်မှု တချို့  ကို ခံရတာ တွေ ရှိလာ တာ ကြာလာတော့ သူ ထင်မှတ်ထားသလို ပျော်ရွှင်မှု ကို အပြည့် အဝ မရတော့ဘဲ စိတ်ဓါတ်ကျ ရောဂါ စတင် ခံစားခဲ့ ရတယ် ။ ဒီလိုနဲ့ ဒီဒါဏ်တွေကို မခံစားနိုင် တော့ တဲ့ အဆုံး ။ ၇.၅.၂၀၀၃ နေ့ မှာ ဟော်တယ်ခန်းတခုထဲ မှာ သူ့ ကိုယ်သူ အဆုံးစီရင်ခဲ့ ပါတယ် ။ သူဖြစ်ချင်တဲ့  မိန်းမ ဘဝမှာ ၄ နှစ်တာ မျှဘဲ နေထိုင်ခဲ့ပြီး စိတ်ဖိစီးမှု ဒါဏ်တွေ ကို မခံစားနိုင်လို့  ၂၉ နှစ် အရွယ်ကောင်းလေးမှာ လောကကြီး ကို အရှုံးပေး ထွက်ခွာ ခဲ့ ရတာပါ ။သူ့ ရဲ့  အထီးကျန်ခံစားချက်များကို သူ့ ကိုယ်ပိုင် ဘလောဂ်လေး ထဲမှာ ရေးထားတာတွေနဲ့  ၊ ကျန်ခဲ့ တဲ့  တဦးတည်းသော အကိုရဲ့  ပြောကြားချက်များ အရ အကျဉ်းချုပ်ထားတဲ့  သူ့ ဇာတ်လမ်းလေးပါ ။
မူလသတင်းလေးက ဒီမှာ ရှိပါတယ် ။
記者:賴佩真 廖文漢 台中 報導
26 comments:
မမရေ...အဲ့ဒီ ခွဲစိတ်တဲ့ပုံတွေ ကိုတော့ ကြည့်ဖူးတယ်...အရမ်း ကြောက်စရာကောင်းတာပဲ.... ကိုယ် ရထားတဲ့ ဘ၀ ကိုယ့်ဘာသာ မကျေနပ်ပဲ ပြောင်းချင်ကြတဲ့ လူတွေလဲ ၀ဋ်ကြွေး ပါလာလို့ ထင်ပါရဲ့.....း))
သနားပါတယ်.. လိုတာ မရ ရတာ မလို..
လူ့ အလို နတ်မလိုက်နိုင် ဆိုတာ တယ် မှန်တာပဲ..
မမတော့ မထင်ဘူး ကိ ရေ
တကယ်စံလွဲနေသူ တွေက ကြောက်စရာကောင်းလဲ ပြောင်းလို့ရရင် ပြောင်း ကြမှာပဲ
ဗုဒတရားတော်အရဆိုရင် ၀ဋ်
ဆေးပညာ သဘောအရ ကြည့်ပြန်တော့လဲ စံလွဲခြင်း
ဖြစ်ရပ်စုံ လောကီဘုံမှာ ကြုံကြရမှာပါပဲ
ဒီလောက်မြင့်မြတ်တဲ့ ယောကျာ်လေးဘ၀ကို သူတို့မို့လို့ မလိုချင်ကြဘူးနော် ရင်နာဖို့ကောင်းလိုက်တာ...
အမား ပုံလေးတွေ မြင်ချင်တယ် ပို့ ပေး
ငါ့အရက်သမားဖြစ်တာတော့မဆိုးပါဘူးနော် :D
အဟတ် မိန်းမ ဘဝတော့မပြောင်းချင်ဘူး
မူးပြီးလမ်းဘေးထိုးအိပ်လို့ မရဘူး ဟ
ဟုတ်တယ်နော်
ဒါမျိုးကို ထူးဆန်းတယ် ဆိုရင် ဒီ့ထက်ထူးဆန်း တဲ့ ပြောင်းလဲမှုတွေရှိတယ်ဗျ
ကျွန်တော်တို့ ရွှေပြည်ကြီးမှာပဲလေ လူစင်စစ်ကနေ ခွေး ဘ၀ ပြောင်းသွားတဲ့သူတွေ အများကြီးပဲ ဘုရားမသိ တရားမသိ ဘုန်းကြီးမသိနဲ့
ကိုယ့်တာဝန် ကိုယ်ယူနိင်ကြပါစေ
pls send it to me,
my address is chithtoo06@yahoo.com
thx, visitor
လူတွေဟာလေ တကယ်ပဲ
ရှေးဟောင်းရုပ်ရှင်မင်းသမီးကြီး
တစ်ယောက်ရဲ့ လေသံနဲ့ပဲ ပြောရတော့မယ်
“ပြော ကို မ ပြော ချင် ဘူး”
မပြောချင်လည်းပြောရဦးမယ်
အဲဒီမသင်းစန္ဒာအကြောင်းကို အရင်ကဖတ်ဖူးတယ်ဗျ ထူးထူးဆန်းဆန်းပါပဲ
ဘာပဲပြောပြောလေ ခွဲစိတ်တာဘယ်လောက်ကြီးပဲတော်
နေနေ
သဘာဝကိုမမှီပါဘူး..အဲလေ...ဟို...
သဘာဝလောက် သဘာဝမကျပါဘူးလို့ ဟီးး
ရွှေပြည်ကြီးက ဘဲဘဲကြီးတွေ အရှင်လတ်လတ်ဘဝပြောင်းချင်
နေရင်တော့ ပြဿနာပဲကွယ်
အပုံတွေကိုလား?
မတောင်းတော့ပါဘူးကွယ်
“ဝမီကြည့်ရဲဘူး အားကီးကြောက်...ကြောက်...”
I would like to get these photos too. plz send naylintt@gmail
အိုင်လဲယောက်ကျားဘဝပြောင်းချင်တယ်ကွယ်.... ဟီး...
ဒါပေသိ.... ဒါပေသိပေါ့လေ....
ki yay...
email ko send pay par naw
ma myin boo lo.
myatmhanlay@gmail.com
thanks a lot
မမကိကိ မီးက မဖြတ်ချင်ဘူး တပ်ချင်တယ် ဟိဟိ
မျက်မှန်ပါ :)
ဖွားကီ ကလေးတွေကို ဘာတွေ လျှောက်ပြောနေတာတုန်း အလုပ်မှာကတည်းက အော်မလို့ ဟွန်းဟွန်းဟွန်းးးးးး)
အမရေ ဘ၀မှာ လိုတာမရ ရတာမလိုဆိုတာ ဒီလိုမျိုးပဲ ထင်ပါရဲ့.... ဘုရားသခင်ပေးတဲ့ အတိုင်းသာ အကောင်းဆုံးပါပဲဗျာ..
လေးစားလျက်
တောင်ပေါ်သား
အို့........ ပို့စ်လေး ဖတ်ပြီးမန့်မယ်လုပ်မှ ကွန်နက်ရှင် ၁နေ့လုံးကျသွားတာပဲ...
ဖတ်ပြီးတဲ့ပို့လေးတောင် မေ့ချင်ချင်
လူညွန့်တုန်းတဲ့ လုပ်နည်းတွေ မြန်မာနိုင်ငံကိုလဲ ကူးလာပြီးကို
မိမိဘ၀ကို တန်ဖိုးမထားတတ်တဲ့လူတွေ... ရက်ရက်စက်စက် ဝေဖန်ရရင် မုဒိန်းကောင်တွေ, ကြာကူလီတွေ
sorry အစ်မ မဆုံးသေးဘူး မှားကလစ်မိလို့ အဲလိုလူတွေပဲ လုပ်ကြတာ ပြင်ကြပြောင်းကြတာလေ .. ကိုယ့်ကိုယ်ဖော်မသူတော် စရင်းဝင်တယ် အဲလိုပြောင်းတဲ့သူတွေက ကာမေသုမိစ္ဆာစာရ တဲ့ သူများသားသမီး ပြစ်မှားရင်တော့ မိန်းမဖြစ်ချင်စိတ်ပေါက်ပြီး အဲလို ပြောင်းချင်ကြမှာပေါ့ဗျာ သံဝေဂယူမိပါတယ် ငါလဲ မပြစ်မှားမိအောင်ထိန်းမှဆိုပြီးတော့ပေါ့ ကျေးဇူးတင်ပါတယ်ရှင်....
အယ်... ဗျာ
ပြောမယ်ဆိုရင်တော့ အငြင်းပွားဖွယ်တွေပါပဲ။ ထသတ်တာတွေဘာတွေတောင်ဖြစ်မှာ.. :D
ိမိန်းမ မဖြစ်ချင်ဘဲ အချစ်တစ်ခုတည်းနဲ့ ဘ၀ပြောင်းသလိုဖြစ်နေကြတဲ့သူတွေ၊ ယောက်ျားမဖြစ်ချင်ပေမယ့် မိန်းမဘ၀နဲ့လည်း မနေချင်ကြသူတွေလည်းရှိပါသေးတယ်။ (ရှုပ်သွားလား သေချာပြန်ဖတ်) သူတို့လောကလည်း သူတို့အကြောင်းနဲ့သူတို့၊ သူတို့ခံယူချက်၊ ခံစားချက်နဲ့သူတို့ရှိပါတယ်။ သားကတော့ နားလည်ပေးနိုင်ပါတယ်။ လက်ခံပါတယ်။
ကိ ရေ...
ငယ် လည်း ငယ်ငယ်တုန်းက ယောက်ျားလေး အရမ်းဖြစ်ချင်တာ... ယောက်ျားလေးဘဝကို ကို သဘောကျတာ... ဘာပဲဖြစ်ဖြစ်လေ... ဗဟုသုတ ရတဲ့ ဒီပိုစ့်လေး အတွက်တော့ ကျေးဇူးနော့်...
ပျော်ရွှင်ပါစေ ကိ ရေ....
မကီကိရေ လူ့အခွင့်အရေး ကတော့ လူ့အခွင့်အရေးပေါ့ ဒါပေမယ့် သောက်သုံးမကျတဲ့အကောင်တွေ ဘာဥပဒေမှ မရှိ၊ ထုတ်ပြန်ထားခြင်းလဲ မရှိပဲ ငွေရဖို့ တခုပဲ ကြည့်ပြီး လုပ်ပေးခြင်တာတွေ အကုန်လုပ်ပေးနေရင် ပြည်သူတွေတော့ အကုန်ပျက်စီးကုန်တော့ မှာပဲ၊ ဒီကောင်တွေက တိုင်းပြည်ကို ချောက်ထဲတွန်းပို့နေတာလေ ...
အရှိအတိုင်းကိုလက်ခံနိုင်ရင်အကောင်းဆုံးပါဘဲ
ဟင့်အင်း... သားတို့ကတော့ အလကားလိင်ပြောင်းပေးမယ် ဆိုတာတောင် မလုပ်ဘူး။ အသေသာခံလိုက်မယ် ဒါမျိုးတော့ မလုပ်ဘူး ကိုယ်ကပဲ အပေါ်စီးက နေချင်တာ ဆိုတော့..... ။အပေါ်စီးကဆိုလို့ တမျိုးမထင်နဲ့ဦး ယောကျာင်္းဆိုတာ မိန်းမထက် ဘုန်းကံရှိတယ်မဟုတ်လား... ဟီးဟီး ..အဲဒါကိုပြောချင်တာပါ။
ကိ ရေ တို့ကလဲ အိမ်ပြောသလိုပဲဟေ့ အလကားပြောင်းပေးမယ်ဆိုတောင် လုပ်ဘူးပဲ ဘုရားပေးတာပဲ နော့ ဟုတ်ဘူးလားလို့
ကိုယ်ရထားတဲ့ ဘ၀လေးမှာပဲ အကောင်းဆုံးနေတာပဲ ကောင်းပါတယ်။
အမပြောသလိုပါပဲ တချို့လည်း
သူ့ မှာမွေးလာကတည်းက ဦးနှောက်ထဲမှာ ရှိပြီးသား ဗီဇဆဲလ် တွေ နဲ့  ပါဝင်တဲ့  ဟော်မုန်း အမျိုးအစား အချိုးတွေ ပြောင်းလဲ နေရခြင်း ဟာ အကြောင်းရင်း တခု ဖြစ်ပါတယ် ။
နောက်ထပ် အမပြောသလို တချို့ လည်း သူငယ်စဉ်တည်းက နေခဲ့ ရတဲ့  ပတ်ဝန်းကျင် ရဲ့  အရိပ်ကြောင့် လည်း စိတ်ပြောင်းမှု များ ရှိတတ်ကြပါတယ် ။
တချို့တွေလည်း gender identity disorder ဖြစ်နေတတ်ကြတာကို တွေ့ရှိရတတ်ပါတယ်။ အမှန်တကယ် 'မ ကနေ ကျား' 'ကျား ကနေ မ' ဖြစ်ခြင်ကြတဲ့သူတွေချည်းပဲ မဟုတ်ပါဘူး။ ဒါကိုသူတို့ကိုယ်တိုင်လည်း မသိဘူး။ ဒီလို
ဝေဒနာရှင်တွေကတော့ Psychologists တွေနဲ့ တွေ့ရှိပြီး စိတ်ကိုပြန်လည် ပြုပြင်ယူလို့ရပါတယ်။
ဒါကြောင့်လည်း အခုနောက်ပိုင်း
နိုင်ငံတော်တော်များများမှာ အဲဒီလို ခွဲစိတ်ကုသမှုမယူခင် counselling အရင်သွားရတယ်လို့ ကြားဖူးပါတယ် အမရေ..။
အမှန်တော့ သူတို့တွေကို အပြစ်တင် အထင်သေး မဆက်ဆံသင့်ပါဘူး။
ဆေးဘက် စိတ်ပညာဆိုင်ရာ ရှုထောင့်ကနေကြည့်မယ်ဆိုရင် သူတို့မှာ အပြစ်မရှိပါဘူး။ သူတို့လည်း ရောဂါသည်တွေပါပဲ။
သူတို့မှာလဲ အမှားခန္ဓာကိုယ်ကြီးမှာ လူဖြစ်လာမိကြတာဆိုတော့ လူတယောက်အနေနဲ့ စာနာမိပါတယ်...
လူ့အခွင့်အရေးဆိုတာကို ယုံကြည်မြတ်နိုးတယ်ဆိုရင် လူသားတွေရဲ့ ဆန္ဒကိုလည်း နားလည်တန်ဖိုးထားတတ်ရမှာပေါ့...
ဒါပေမယ့် ဖွားကိပြောသလိုပဲ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကိုကျ ဖြည့်ဆည်းဖို့ ဆန္ဒမရှိတဲ့ အစိုးရ ဘာအကြံရှိလည်းမှမသိဘဲ...
တော်နေကြာမှ...
မသန်းရွှေတို့
မခင်ညွှန့်တို့
မသိန်းစိန်တို့ မပြောင်းကြဘူး ဘယ်သူပြောနိုင်မှာလဲ... အခုလဲ သူတို့က ဘောင်ဘီချွတ်ပြီး အဝတ်လဲမယ်လို့ ပြောနေကြတာကိုးးးးး
းဝ)
ဟင်းးးးးးးးးးးးးးးးး
ရန်ကုန်ဆင်းရဲတယ်ဆို လူတွေငတ်နေတယ်ဆို .. ခုဘယ်မှာ ဟုတ်လို့လဲ .. :P
Post a Comment