သူတို့ လေးတွေ အသက်ကို အရင်ဆုံး ခန့် မှန်းကြည့်ကြပါ ။ ရုပ်ချင်းအတော်လေးဆင်တဲ့ မြေးအဖိုး လို့ ထင်ချင်စရာ ပါဘဲ နော် ။
ဟိုးတနေ့ က ကိုသားကြီးတယောက်မေးနေတယ် ဖြစ်ရလေခြင်း (၁) ပြီးတော့ ဘယ်မှာလဲ (၂) တဲ့ ။ဒါကြောင့် ကြံကြံဖန်ဖန် ထူးထူးဆန်းဆန်း ဖြစ်ရရှာတဲ့  ရောဂါလေးများ အကြောင်းကို ဆက်ပြီး ရှာဖွေ တင်ပြလိုက်ပါတယ် ။ တချို့ လည်း သိပြီးသားဖြစ်မှာပါ ။ မသိသေးတဲ့သူများ ကြည့်ကြရအောင်နော် ။
ဒီရောဂါက Progeria ( Hutchinson-Gilford Progeria Syndrome ) ဗမာလိုဆို အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း ရောဂါ လို့ ပြောရမယ် ထင်ပါတယ် ။ ရောဂါဖြစ်ရခြင်း အကြောင်းက အဓိက အနေနဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှု တခု ( Genetic Mutation ) ကြောင့် ဖြစ်ပါတယ် ။ မျိုးရိုးဗီဇကို ဖေါ်ပြတဲ့ အရာ gene ထဲမှLMNA( LaminA) ဆိုတဲ့ ခရိုမိုဇုမ်း မှ ပြောင်းလဲသွားပြီး ဖြစ်ရတာပါ ။ ဖြစ်ဖို့ ရာနှုန်းက လူ အယောက် ၄သန်းမှာမှ ၁ယောက်ဖြစ်ဖို့  အခွင့် အလန်းရှိတာပါ ။
ဒီလို အဖိုးကြီးမျက်နှာနဲ့ ကလေး လေးတွေ က သနားစရာပါဘဲ ၊ သိပ်ပြီး သက်ဆိုးမရှည်နိုင်ရှာကြပါဘူး ။များသောအားဖြင့် အသက် ၁၃ နှစ်လောက်ထိဘဲ လူ့  လောကကြီးထဲ ရှင်သန်နေထိုင်ခွင့် ရနိုင်ကြပါတယ် ။ အဲဒီထဲကမှ အလွန် ကံကောင်းသူ တချို့ လောက်သာ အသက် ၂၀ ကျော်ရုံလေးထိ နေခွင့်ရကြပါတယ် ။
သူတို့ လေးတွေမှာတွေ့ ရှိရမဲ့ လက္ခဏာတွေကတော့
Failure to thrive -မွေးစကတည်းမှ နို့ သောက်ခြင်းကအစ အစာကောင်းစွာ မဝင်နိုင်လို့ ကျန်းမာသန်စွမ်းမှု မရှိကြပါဘူး ။ကိုယ်လုံးကြီးထွားမှု သိပ်မရှိလို့  ခန္ဓာကိုယ် သေးသေး ၊ဦးခေါင်းကြီးကြီး၊မျက်လုံးပြူးပြူး ၊ မေးရိုးသေးသေး ၊ အဆစ် အရွတ်လေးတွေ မာတောင့်ပြီး တင်ပဆုံရိုး အဆစ်လွဲချော်မှုများ ဖြစ်တတ်ပါတယ် ။ Scleroderma ခေါ်တဲ့ အရေပြား တောင့်တင်း ရင့်မာခြင်းလည်းရှိတတ်တယ် ၊ ပြီးတော့ လူအို အရေခွံလို wrinkle skin နဲ့  တွန့်  ရှုံ့ နေတယ် ။ a high-pitched voice ဆိုတဲ့  အသံခပ်သြသြ နဲ့ မို့  စကားပြောရင် လူကြီးသံပေါက်နေပါတယ် ။ ဦးခေါင်းမှာ ဆံပင်မွှေးပေါက်ခြင်းမရှိသလောက် နဲပါးခြင်း Alopecia ကိုလည်းတွေ့ ရမှာပါ ။ အဲဒါတွေကို ခြုံပြီးကြည့် လိုက်တော့ အပေါ်မှာ ပြထားသလို့  အဖိုးကြီးအိုလေး ပုံစံမျိုး တွေ့ ရမှာပါ ။
ဒီင်္ထက်ပို အရေးကြီးတာတွေက Atherosclerosis လို့ ခေါ်တဲ့ သွေးကြောများ တင်းမာကြပ်ခဲ သွားခြင်းပါဘဲ ။ ဒါကြောင့် ငယ်ငယ်ရွယ်ရွယ် နဲ့ နှလုံးရောဂါတွေ ။ သွေးတိုး လေဖြတ်တာတွေ ဖြစ်ဖို့ များပါတယ် ။ ဒါကြောင့် သူတို့ လေးတွေဟာ လူ့ သက်တန်းစေ့ အောင် နေဖို့  မဖြစ်နိုင်ကြပါဘူး
ဒါလည်း ဝဋ်နာကံနာ တမျိုး လို့ပြောရမလားပါဘဲ ။
►Posted by
:kiki
:
at
8/21/2009 01:00:00 AM
Subscribe to:
Post Comments (Atom)
21 comments:
ပထမ..... ရွှေ
းဝ)
ဒုတိယ..... အေး
တတိယ..... ဖွားကိ
းဝ)
တောက်... ရွှေနဲ့ အေး ဦးသွားလို့ နာသကွာ...
မဟုတ်ရင်တော့လား....
းဝ)
ငယ်ငယ်က တေဇမှာလား.. ရွှေသွေးမှာလားမသိ ဖတ်ဖူးတယ်။
ငယ်ငယ်လေးနဲ့ ရုပ်အိုသွားတဲ့ ကလေးသုံးယောက်...
သူတို့က စိတ်ထားမကောင်းလို့ ဖြစ်ကြရတာ။ နောက်ဆုံးတော့ တနေရာစီမှာနေကြတဲ့ သုံးယောက်က ပေါင်းမိသွားပြီး နာရီလက်တံကြီးကို သုံးယောက်ပေါင်းပြီး နောက်ပြန်လှည့်မှ နဂိုရုပ်ပြန်ရသွားကြတာ။
အဲဒီနောက်တော့ သူတို့တွေ မကောင်းတဲ့စိတ် မထားရဲကြတော့ဘူး တဲ့။
အဲဒါကတော့ ပုံပြင်။ အခုဟာကတော့ လက်တွေ့ပေါ့။ မှတ်သားလောက်ပါရဲ့ဗျာ။
ဟယ်... ခန့်ဂျောဂျီးဒွေ....
သနားစရာလေးတွေ နော် ဖွားကိရယ်
သနားစရာလေးတွေနော်။
အမကိ.. ကျေးဇူးပဲ ဗဟုသုတရပါတယ်။
အခုမှသိတာ အဲလိုမျိုး ကလေးတွေ အကြောင်း သက်ကြီးပုလို့ ထင်ထားတာ။
အစာရေဆာ ရှားပါးတဲ့ နိုင်ငံမှာပို ဖြစ်တာလား အမ..
ဟို ဒေါင်း ရောဂါအကြောင်းလေးတွေပါ မျှပေးပါဦးးး
စိတ်မကောင်းစရာပါ ဘ၀ပေး ကံတရားလို့ သတ်မှတ်ရမယ် ထင်တယ်နော့်း(
လေးစားလျက်
တောင်ပေါ်သား
ကိကိရေ..မျှဝေပေးတာ ကျေးဇူးအထူးတင်ပါတယ်...
mie nge
ဒီblogလာတိုင်း ထူးထူးဆန်းဆန်း ဗဟုသုတ ရစရာလေးတွေဖတ်ရတယ်.... ချီးကျုးပါတယ်... စာဖတ်အားကောင်းတယ်ထင်ရဲ့...
ဘရက်ပစ် ကားတောင် သတိရမိသေး
တကယ်ပဲ ဖြစ်ရလေနော်..... ၀ဋ်နာကံနာပေါ့ အစ်မရယ်...
အော်...သနားစရာပါလား ဖွားကိရယ်..
အဟီး...ဖွားကိ ကိုပြောတာ ဟုတ်ဘူးနော်။ စကားလုံးက ဆက်သွားလို့.. အဟဲ..
yu ya
မမကိရေ ကျနော်နောက်ကျသွားတယ်ဗျာ
အရှုပ်တွေနည်းနည်းလုပ်နေလို့ ဟီးးး
ကလေးလေးတွေကြည့်ရတာ စိတ်မကောင်းစရာ
ပါပဲ ဘာသာရေးနဲ့ကြည့်ရင် ဒါဟာလည်း
ဝဋ္ဋ်နာကံနာတစ်မျိုးပါပဲနော်
ဒီကလေးလေးတွေရဲ့မိဘာတွေဆိုတော်တော်
ကြေကွဲကြရမှာပါ
ဒီပိုစ်လေးဖတ်ပြီး brad pittသရုပ်ဆောင်တဲ့
the curious case benjamin buttonဆိုတဲ့ ရုပ်ရှင်ကိုသတိရတယ် အဲဒီမှာကျတော့ ကလေးလေးက မွေးကတည်းကအဘိုးကြီးရုပ်နဲ့ဗျ
အရွယ်ရလာလေလေ ရုပ်ကနုလာလေလေ
နောက်ဆုံးအသက်ကြီးပြီးသေတော့ ကလေးပေါက်စနလေးရုပ်နဲ့သေသွားတာ
သဘာဝနဲ့ပြောင်းပြန်ဖြစ်နေတာကို
အချစ်အလွမ်း အသောနဲ့ရိုက်ပြထားတာပေါ့ဗျာ
youtubeက videoလည်းကြည့်သွားသေးတယ်နော်
ထူးဆန်းတာလေးတွေရှာရှာဖွေဖွေတင်ပြပေးတဲ့အတွက်
ကျေးဇူးပါ :)
်
ဘာပြောရမှန်းတောင် မသိတော့ဘူး....။
အဲလိုတခါမှ မတွေ့ဖူးဘူး။သနားစရာလေးတွေဗျာ..။
ဗီဒီယိုထဲကလို သူတို့ အချင်းချင်းစုထားပေးတာ လည်း တမျိုးကောင်းတာပဲ...။
မကီကတော့ စာဖတ်အားရော ပါတ်ဝန်းကျင်လေ့လာ
အားပါကောင်းတယ်
ကိရေ...
မရောက်ဖြစ်လို့ခွင့်လွတ်ပါနော်။
မရောက်ဆို ရုံးမှာ ဘလော့ဂင်းအလုပ်ကောင်းတာ ဂျာကြီးကခေါ်ဆူလို့ ငြိမ်နေရတယ်။
အိမ်ရောက်တော့လည်း မလည်ဖြစ်ဘူး။။။
အေးလေ။။။ဒီပို့စ်ကကလေးတွေက ကိပြောသလိုဘဲ ၀ဋ်ကြွေးပေါ့နော်။
အင်း...သနားစရာလေးတွေနော်။။။
တစ်ခါမှမမြင်ဖူးဘူး။
ကြားဖူးမြင်ဖူးတယ်ဗျ ဘာေ၇ာဂါမှန်းတော့ မသိဘူးဗျာ.. စိတ်ညစ်စရာနော် လူဖြစ်ရဲ့သားနဲ့ လူစဉ်မမှီတာ ရင်နာစရာပါပဲဗျာ
ရန်ကုန်မှာတောင် ရှိသေးတယ် အီးတီဆိုပြီးဗေဒင်ဟောတာ အရမ်းမှန်တယ်ဆိုပြီး နာမည်ကြီးပါတယ်
Good day!This was a really superb topic!
I come from milan, I was luck to come cross your website in google
Also I learn a lot in your subject really thank your very much i will come later
Post a Comment