ဒီပုံကိုကြည့်ပြီး ET ရုပ်ရှင်ဇာတ်လမ်းသစ် လို့ တော့ မထင်ကြစေလိုပါ ။နောက်ပြီး မမြင်သင့် မမြင်အပ်တဲ့  အရာကို ဖေါ်ပြထားသည် ဟူ၍လည်း မထင်မှတ်ကြစေလိုပါ ။ဆေးပညာနှင့်ကျန်းမာရေး အမြင်ဖြင့်သာ ကြည့်မြင်ကြစေလိုပါသည် ။
ဆေးလိပ်သောက်သူများ သတိထား ကြစေလို၍တင်ပြပေးတဲ့ ၊ဆေးလိပ်ရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့ ဆိုးကျိုးတွေပေါ့ ။
၆စက္ကန့်ခွဲ ဆိုတဲ့အချိန်တိုင်းမှာ ဆေးလိပ်ကြောင့်သေဆုံးသူတဦးနှုန်းရှိနေပါတယ်လို့  ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ကြီးက ထုတ်ပြန်ခဲ့တယ် ။ဆယ်ကျော်သက်ရွယ်တွေရဲ့ ၇၀ ရာနှုန်းဟာ ဆေးလိပ်ကို စသုံးနေကြပြီး နောင်အနှစ် ၂၀ကျော် ၃၀ လောက်ဆက်သုံးစွဲသူတွေဟာ ဆေးလိပ်မသောက်သူတွေထက် အသက် ၂၀-၂၅ နှစ် ပိုပြီးတိုကြရသတဲ့ ။ဆေးလိပ်ဟာ အဆုပ်နဲ့ နှလုံး ကိုသာထိခိုက်စေတာ မဟုတ်ပါဘူး ။ ခေါင်းမှ ခြေ အထိ ခ န္ဓ္ဒာကိုယ် တခုလုံးကို ရောဂါ ဖြစ်စေတာပါ ။
အဲဒါတွေကတော့ .........
၁။ Psoriasis ခေါ်တဲ့  အရေပြားရောဂါ ။
၂။ Cataracts ခေါ်တဲ့  မျက်စိ တိမ်စွဲရောဂါ
၃။ Wrinkling ခေါ်တဲ့ အသားအရေ ရှုံ့ တွ အိုမင်းခြင်း ။ (ဒါကြောင့်ဆေးလိပ်သောက်သူတွေ ရုပ်ရည်ဟာ မသောက်သူ နဲ့ယှဉ်လိုက်ရင် ပိုပြီး အိုစာနာကျ ပုံ ဖြစ်နေရတာပါ ။)
၎။ Hearing Loss ခေါ်တဲ့  နား အကြားအာရုံ ချို့ တဲ့ခြင်းရောဂါ ။
၅။ Cancer ခေါ်တဲ့  ကင်ဆာ အမျိုးမျိုး -
ဥပမာ အဆုပ်။နှာခေါင်းလည်ချောင်း ၊လေပြွန်၊အသံအိုး ၊ခံတွင်းကင်ဆာ၊အစာမြိုပြွန် ၊ အူ၊ ရင်သား ကင်ဆာ ၊ကျောက်ကပ် ၊ ဆီးအိတ် နှင့် အချို့ သောလူကီးမီးယားသွေးကင်ဆာများ ။ ဆေးလိပ်ထဲမှာ Carcinogen လို့ ခေါ်တဲ့ ကင်ဆာ ဖြစ်စေတတ်သော ဓါတ်ပေါင်း ၄၃ မျိုးမျှ ပါဝင်ပြီး ကင်ဆာကြောင့် သေဆုံးရခြင်းရဲ့  ၃၀ % ဟာ ဆေးလိပ်ကြောင့် ပါတဲ့ ။
၆။ Tooth decay ခေါ်တဲ့  သွားပိုးစား သွားပုပ် ရောဂါ ။ခံတွင်း အနံ့ အသက်လည်း ဆိုးရွားစေပါတယ် ။
ရ။Emphysema ခေါ်တဲ့  အဆုပ်လေအိပ်များတွင်လေခိုပြီး ပွပျက်သောရောဂါ ။( ဒါကြောင့် အသက်ရှုရတာ ကြပ်တယ် ။ မောတယ်ပေါ့ )
၈။Osteoporosis ခေါ်တဲ့ အရိုးပွ အရိုးပါး ပြီး အရိုးကျိုးလွယ်စေသောရောဂါ ။
၉။ Heart disease ခေါ် နှလုံးနှင့်သွေးကျော ရောဂါများ ။ဆေးလိပ်ထဲမှာပါဝင်တဲ့ နီကိုတင်းဓါတ်ဟာ ဦးနှောက်ထဲမှ ဒိုပါမင်းဓါတ်တမျိုးကိုများစေပြီး အဒီနလင်( adrenaline)ကိုပါများစေတဲ့အတွက် နှလုံးခုန်ခြင်းမြန်စေတယ်၊ သွေးတိုးစေတယ်ပေါ့ ။
၁၀။Stomach ulcer ။ ဆေးလိပ်ကြောင့်  အစာအိမ်မှာ အစာခြေရည် အက်စစ်ဓါတ်ထွက်နှုန်း ပို များပြားစေပြီး အစာအိမ် အနာပေါက်ဖို့ လွယ်ကူစေပါတယ်။
၁၁။Discolored fingers ။ ဆေးလိပ်မှာပါတဲ့ တာခေါ်တဲ့ ကတ္တရာဓါတ်ဟာ ဆေးလိပ်ကိုင်သောက်တဲ့ လက်မှာ အရောင်စွဲ ပြီး ပြောင်းလဲစေတတ်ပါတယ် ။
၁၂။Cervical cancer and miscarriage ။ အမျိုးသမီးများမှာ သားအိမ်ခေါင်းကင်ဆာ နဲ့  သားလျှောသားပျက်ခြင်းများဖြစ်စေနိုင်ပါတယ် ။
၁၃။Deformed sperm ။ အမျိုးသားများမှာရှိတဲ့ သုတ်ပိုး အရည်အတွက်လျော့နဲစေခြင်း၊ပုံသဏ္ဍန်ပြောင်းလဲခြင်း၊ DNA ပျက်စီးမှု စသဖြင့်လည်း ဆိုးကျိုးရစေနိုင်ပါတယ် ။
၁၄။ Buerger's Disease ။ ဆေးလိပ်သောက်ခြင်းကြောင့် သွေးကြောငယ်များ ကျဉ်းစေ ပိတ်စေပြီး ခြေ ၊လက်တွေသို့သွေးလျှောက်လှည့်ပတ်ခြင်းကို ထိခိုက်စေ၍ နောက်ဆုံးတွင် သွေးကြောပိတ် ပြီး ခြေချောင်း လက်ချောင်းများ ထိပ်မှစပြီး ပုတ်ကာ အရောင်မဲ သွားတတ်ပါတယ် ။အဲဒီအခါမှာ အလွန် နာကျင်မှုဝေဒနာကို ခံစားရမှာဖြစ်ပြီး ခွဲစိပ်ဖြတ်ထုတ်ရလောက်တဲ့ အထိဖြစ်တတ်ပါတယ်။
-
ဒါကြောင့် ဒီကြောက်စရာ ပုံလေးကို ကြည့်ပြီး ဆေးလိပ်ကြောင့် ရတတ်တဲ့ ဆိုးကျိုးများကို အလွယ် တကူ အမှတ်ရနေစေရန် တင်ပြပေးလိုက်ရပါတယ် ။ တချို့ က ယူဆနေကြတာ တာ လို့ ခေါ်တဲ့ ကတ္တရာဓါတ်နဲ့  နီကိုတင်းပါဝင်မှုနဲတဲ့  ဆေးလိပ်ကို ရွေးချယ်သောက်ရင် ဘာမှ အန္တရာယ် မဖြစ်နိုင်ဘူး လို့ ထင်နေကြတာ ဟာ မှားယွင်း ပါတယ်တဲ့ ။
ကျန်းမာရေးလည်းထိခိုက် ၊ ငွေကုန်ကျေးကျလည်း များစေတဲ့ ဒီဆေးလိပ်ကို သောက်သုံးနေသူများ ဆေးလိပ်ဖြတ်နိုင်ကြပါစေ ။
။ဒီနေရာက အချက်အလက်တချို့ ကို ယူ ပါတယ်။
►Posted by
:kiki
:
at
8/17/2009 03:00:00 PM
Subscribe to:
Post Comments (Atom)
19 comments:
အော် ငါ ၁ လား
မှတ်သွားပါတယ် ရှင့် ဖွားကိရေ တော်သေး များကတော့ သောက်ဘူး ကိုသားကြီးလေ ဖင်အခိုးထွက်အောင် သောက်တယ်သိလား ကြားလား ဖေသားကြီးးးးးး ကြည့်ထားနော် အဲပုံကြီးကို ဟွန်းးးးးးး
ငှက်ကလေးက ၁ ကော ၂ ကော ယူသွားပါကောလား. ဘယ်ရမလဲ yu ya က ၃ ယူတာပေါ့..အဟီး။
ဖွားကိရေ... ကျန်းမာရေးအသိနဲ့ ဗဟုသုတကို မျှဝေပေးထာ ကျေးဇူးပဲဗျာ။
မွေးစကတည်းက ယနေ့ထိ ဆေးလိပ်မသောက်တဲ့ ကျွန်တော်အတွက်တော့ ကြောက်စရာ မလိုဘူးလို့ ထင်ပါတယ်။ သူငယ်ချင်းတွေကို ပြောပြထားရမှာပေါ့။
yu ya
ဖတ်ရင်း တော်တော်တောင် ခံတွင်းချဉ်သွားတယ် ကျန်းမာရေးမကောင်းလို့ ၀ယ်သောက်ဖြတ်ထားတယ်
အဲနီးဝေး
ခုလို ပြောပြပေးတာ ကျေးဇူးပါဗျာ
ဒါပေမယ့် သူ့ရဲ့အရသာကို တွေ့သွားရင် အဲပုံလေးတွေပဲ ၀ယ်ချင်နေမိရဲ့ဗျာ
Save လုပ်ပြီး သိမ်းလိုက်ပြီခင်ဗျာ။
အမ်မာလေး... ကြောက်စရာကြီး...
ဆေးလိပ်ဖြတ်ခဲ့တာ ဆယ်နှစ်ကျော်ပြီ...
ကံကောင်းလို့ ပေါ့နော်...း)
နောက်တခါဆို အရက်ရဲ့ ဆိုးကျိုးလေးတွေပါ တင်ပေးပါလား မကိ... ဒါမှ အရက် သောက်နေတဲ့ ဘော်ဘော်တွေ နည်းနည်း လန့်သွားအောင်...
မကိ ရေ ...
လေ့လာမှတ်သားသွားပါသည်
ဆေးလိပ်ဖြတ်မယ် ဖြတ်မယ်နဲ့ မဖြတ်ဖြစ်ဖူး ဖြစ်နေတာဗျာ
ခုတော့ ဖြတ်သင့်ကြောင်းပိုသိလာတယ် ကျေးဇူးပါခင်ဗျာ ...
ဆေးလိပ်ဖြတ်တာ မြန်မြန်ဖြတ်ဗျို့ .........ကိုကသူ့ ကိုမဖြတ်ရင် သူကကို့ ကိုဖြတ်လိမ့် မယ်.......(ထွက်နေတာတွေတကိုယ်လူံးက)ခြေတွေလက်တွေပြောပါတယ်...ကျနော့ ကိုယ်တွေ့ဗျား.ကျနော့ သူငယ်ချင်းတယောက်ဖြတ်လိုက်ရတာတတိတိ.ခြေသန်းလေးစဖြတ်တာ.ပေါင်ရင်းရောက်မှဆုံးသွားတယ်မှတ်တာ....................လက်သန်းလေးစဖြတ်ရရောလား..မပြီးသေးဘူးလက်မောင်းထိရောက်ရောဗျာ...လက်တဘက်ခြေတဘက်နဲ့ တော်တော်ဒုက္ခရောက်နေတာ..ချိုင်းထောက်တခြောင်းနဲ့ တစောင်းသွားနေရာက.........ရေဂါဖြစ်လို့ ဆေးရုံပြန်တက်..ဆေးရုံမှာတနှစ်လောက်ကြာတာ.....အိမ်သားတွေလဲ......ဖတ်ဖတ်မောပေါ့ ကုန်လိုက်တာ....တွက်မနိုင်အောင်...ကောင်းသွားလားဆိုတော့ ............ကျန်တဲ့ ခြေတွေလက်တွေလက်တွေပါငုတ်တိုဖြစ်ကုန်...ဖြတ်စရာကုန်တော့ အေးပြီပေါ့ ..ဘယ်ဟုတ်မှာလဲ သူ့ ကိုကုရတဲ့ ဆေးဘိုး..အိမ်ရောင်းဆပ်တာမလောက်ဘူး.....သိပ်မကြာလိုက်ဘူး.ဘ၀တပါးပြောင်းသွားတော့ တယ်..
နှိပ်ဟ !!!!!
ငှက်ကလေးတော့ နာ့ကိုတွန်းသွားပြန်ပြီ
မမကိရေ ကျနော်တို့ဆီမှာဆို ဆေးလိပ်ဗူးခွံမှာ
အဲလိုကြောက်စရာရောဂါဖြစ်နေတဲ့ ပုံတွေ
အကုန်ကပ်ထားတာ သောက်တဲ့လူတွေ လန့်အောင်လို့ ဆေးလိပ်က ဈေးကကြီးလည်းကြီး ရောဂါလည်းရ အဲဒါနဲ့များတောင် သောက်တဲ့လူတွေက လျှော့မသွားဘူးဗျာ
ကျနော်လည်း ဖြတ်နေတာပါပဲ (ကြာပြီ ဖြတ်လိုက်သောက်လိုက် ဟီးး)
ဒါပေမယ့် ထမင်းစားပြီးစအချိန် နောက်ဖေးသွားတဲ့အချိန်ဆို မသောက်ဘဲကိုမနေနိုင်ဘူး
သူငယ်ချင်းတစ်ယောက်ဆိုပိုဆိုးသေး အိမ်သာထဲရောက်နေပြီ ဗိုက်ကလည်းတအားနာ နောက်မှ ဆေးလိပ်ပါမလာဘူးဆိုတာသတိရလို့
သုံးထပ်တိုက်ကနေ အောက်ကို တဒုန်ဒုးန်းဆင်းပြေးပြီး ရအောင်ဝယ်တယ် ပြီးမှ စိတ်လက်ချမ်းသာစွာနဲ့ နောက်ဖေးသွားနိုင်လေတော့တယ် (ဆိုးတယ်နော်)
ကိရေ
ရေးထားတာ အင်မတန်ထိရောက်ပါတယ်။
ပုံကတော့ မမြင်ရရင်ပိုကောင်းမယ်။
အန်ချင်စရာကြီး။
မအယ်
အီးးးးးးးးးးးးး ဘာကြီးတုန်း
ကိုလူထွေးတို့ ဆေးလိပ်မသောက်ပါဘူး...
မကောင်းမှန်းသိလို့လေ...
ဆရာသိပ္ပံမှူးတင်က ဆေးစိမ်ထားတဲ့ ကင်ဆာအဆုတ်ကြီကို ဟောပြောပွဲတိုင်းမှာ ထောင်ပြခဲ့တာ ဒါကြောင့်ကိုး...
းဝ)
ဟုတ်ပါတယ် ..ကိုအောင်သာငယ်ပြောသွားတာ သဘောတူပါတယ်...အရက်သောက်တဲ့သူတွေ
အတွက်ပါ တင်ပေးပါဦး....အခု ဒီရောက်ပြီးမှ
ဆေးလိပ်အနံ့ကို လုံးဝမခံနိုင်တော့ဘူး..( အားမနာတမ်း ခလေးတွေနားမှာ ဆေးလိပ်သောက်ရင် မသောက်ဖို့ ပြောမိတယ်)
mie nge
ဝါးးးးးးးဟားးးးးးးးဟားးးးးးးးးးး
မောင်သားကြီး လျော့သောက် လျော့သောက်တော့နော်။
သမီးကြီးမှာလိုက်တယ်။ ၀က်ကလေးကောပြောနေတယ် အပေါ်စီးကနေ။ ဟဲဟဲ
အဲဂလို မဖစ်ချင်ရင် သောက်ကြနဲ့ဟေ့။
ဒေါ်ကိ။။။ကောင်းတယ်။
ဒါမျိုးများများလုပ်နော်။
ရေခဲမုန့် ၊ ချောကလက် ဆိုးကျိုးတွေ မတင်ရင် ပြီးရော။ ဟိဟိ
ဟာ..............
တော်သေးတယ်ဟ..
ကိုအောင်သာာငယ်ပြောသလိုပါပဲ
ဆေးလိပ်ဖြတ်လိုက်တာ.. ၂၀၀၀ တုန်းကဆိုတော့
၈ နှစ်ရှိသွားပြီ..
နို့မို့ဆိုရင်...
ဒီဘလောဂ့်ရဲ့ ပို့စ်ကပုံလေးက
ကိုပုံဖြစ်သွားမလားမသိဘူး(မျက်ကျိမှိတ်ပီး ပြောပါသည်).......။
အခုလိုတင်ပြပေးတာ ကျေးဇူးတင်ပါတယ်ဗျာ..။
ပုံကြီးက အော့အော့ကြီးနော်...။
မကြီးရေ ကျေးဇူး ကျနော့်ကတော့ ဆေးလိပ်မသောက်ပါ။ ဒါပေမဲ့ သူငယ်ချင်းတွေက သောက်တတ်တော့ ပိုပြီး သတိထားဖြစ်အောင် နေပါ့မယ်း) တကယ့်ကို ကျေးဇူးတင်ပါတယ်
လေးစားလျက်
တောင်ပေါ်သား
မကိကီ ရေ လက်ရှိ အကြိုက်ဆုံးအရာက ဆေးလိပ်ပဲဗျို့ မကောင်းမှန်းသိလဲ ဆက်သောက်နေတုန်းပါပဲ ဘာပဲဖြစ်ဖြစ်ပါ အလုံးစုံကို တင်ပြပေးလိုက်တော့ အလွန်ကို ကြောက်သွားပီဗျာ ကြိုးစားလိုက်အုံးမယ်နော် ..
ပုံမြင်လိုက်တာနဲ့ ဆေးလိပ်သောက်တတ်နေတာကို နောင်တရချင်နေပြီး ဒုက္ခ ပဲ
ဖြတ်မယ်ဖြတ်မယ်နဲ့ မဖြတ်သေးတာ ၂နှစ်ပြည့်တော့မယ် ...... ဆေးပညာဗဟုသုတလေး ၇တာပေါ့
ပုံလေးကို ဒေါင်းသွားတယ် ဆေးလိပ်သောက်ချင်ရင် အဲဒီပုံတခါကြည့်ရမယ်
ကျေးဇူးပါအစ်မရယ်
အင်.... ကျနော်က ၂ရက်တဘူးနှုန်းကုန်သဗျ.အဟီး ဖြတ်ဖို့ကြိုးစားနေပါတယ်
Post a Comment