စင်္ကာပူ (သြဂုတ် ၂) - စင်္ကာပူတွင် သြဂုတ်လ ၂ ရက် တနင်္ဂနွေနေ့က အသက် ၂၉ နှစ်အရွယ် အိန္ဒိယ အမျိုးသမီး တစ်ဦး ထပ်မံ သေဆုံးခဲ့ရသဖြင့် ၎င်းသည် H1N1 နှင့် ဆက်နွယ်၍ ရက်သတ္တပတ် ၂ ပတ်ကြာ ကာလအတွင်း ၆ ဦးမြောက် သေဆုံးခဲ့ရသူ ဖြစ်လာသည်။
စင်္ကာပူ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သူမတွင် အခြား မည်သည့် ရောဂါဝေဒနာမျှ မရှိဟု သိရပြီး ကျန်သေဆုံးခဲ့ရသူ ၅ ဦးစလုံးမှာမူ H1N1 ကူးစက်ခြင်း မခံရမီကပင် အခြားသော ရောဂါအခံ ရှိနေသူများ ဖြစ်သည်။
အဆိုပါ အမျိုးသမီးမှာ ဇူလိုင်လ ၂၅ ရက်နေ့တွင် မူးမေ့လဲသွားခဲ့သဖြင့် ချန်ဂီအထွေထွေရောဂါကုဆေးရုံရှိ အရေးပေါ်လူနာဌာနသို့ ပို့ဆောင်ခဲ့ရပြီး ၎င်းမတိုင်မီက သူမတွင် တုပ်ကွေးဆန်ဆန် ရောဂါလက္ခဏာများ ၄ ရက်တိုင်တိုင် ဖြစ်ပွားနေခဲ့သည်ဟု သိရသည်။
နောက်တစ်နေ့တွင် အသက်ရှူရခက်သည့် ဝေဒနာခံစားရသဖြင့် သူမအား အထူးပြုစုကုသရေးဌာနသို့ ပို့ဆောင်ခဲ့ပြီး သြဂုတ်လ ၂ ရက်နေ့တွင် H1N1 နှင့် ဆက်နွယ်သည့် အဆုတ်အအေးမိ ရောဂါဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။
( ဒီသတင်း ဒီက ရတယ် )
|
7 comments:
စုစည်းတင်ပြပေးထားတဲ့သတင်းတွေကိုဖတ်သွား
တယ်ဗျိုးးးးး
ဆားချက်တယ်လို့မယူဆပါဘူးဗျိုးးးးး
တိန် တိန်မမြည်ခင်ပြန်ပြီဗျိုးးးးးး
အဲလိုဖစ်နေတာ ၁၅ရက်လောက် ရှိပြီ ကိရေ.... ဆုတောင်းနေတဲ့သူသာရှိရင် ပြည့်လောက်တယ်... ခိခိ...
အော် ငါ ၃ လား
မထင်ပါဘူး ဆားချက်တယ်လို့ မသိရသေးတာ ပြောပြပေးလို့ ကျေးဂျူးးးနော် ဘိုင် တာ့တာ
ဒေါ်ကိကိ သတင်းလာဖတ်သည်။
တိန်တိန်တိန် မြည်ပြီး ပြန်သည်။ ဟိဟိ
ကဲလာဖွားကီ တုပ်ကွေးပိုးဝင်ပြီး ဖွားကီတော့ ဂေါက်သွားပြီ အမိတိုင်းပြည်မှာ သွားကုကြစို့း)
လေးစားလျက်
တောင်ပေါ်သား
တောင်ပေါ်သားပြောတာ ဟုတ်သလား ကိကီ...
အိမ်ပြန်ရောက်ရင် လက်သေချာ ပြန်ဆေးအုန်းမှ...
ဟီဟိ
ကီကိ
ကြီကြိ
Post a Comment