ခုတလော သိပ်မအားတဲ့အတွက် စာရေးဖို့ အချိန် သိပ်မရပါ ။ ဟိုတနေ့ ၈ရက်နဲ့ ၉ ရက်နေ့ တွေ က ဒီမှာ လာမွှေသွားတဲ့  Morakot Typhoon( 莫拉克颱風) ကြောင့် ဖြစ်ခဲ့ရတဲ့ အပျက်အစီးများ ၊ မီးသတ် ၊ စစ်တပ် ၊ ရဲ ၊ ပြည်သူ တို့  ရဲ့ ကယ်ဆယ်ရေး လုပ်နေပုံများ ကို ပဲ လက်လှမ်းမှီသလောက် တင်ပြပေးလိုက်ပါတယ် ။
တောင်တွေကြားမှာ ရွှံ့ နှုံးမြေများ ပြိုကျ မှု ( mud slide - 土石流)တွေ ကြောင့် ရွာလုံးကျွတ် မြေမြုပ်သွား တဲ့ နေရာ 小林村 ကိုတော့ သွားကယ်နေကြတာ လူဦးရေ ၁၃၀၀ ကျော်ရှိတဲ့ ရွာ ထဲမှ လူ ၄၀၀ ကျော်လောက်ကို အသက်ရှင်လျှက် ကယ်နိုင်ခဲ့ပါပြီ ။ ကျန်တဲ့ သူတွေ ပျောက်ဆုံး စာရင်း နဲ့ ဆက်လက် ရှာဖွေ နေကြဆဲပါ ။ ၅ ရက်မြောက်ဆိုတော့ မျှော်လင့်ချက်တော့ သိပ်မကျန်တော့ပါဘူး ။
၁၁ ရက်နေ့ ညနေထိ သတင်း အရ - သေဆုံးသူပေါင်း ၉၉ ဦး ၊ ပျောက်ဆုံး ၆၀၀ မျှ ၊ ဆုံးရှုံးမှု တန်ဖိုး ထိုင်ဝမ်ဒေါ်လာ သန်းပေါင်း ၇၂၀၀ ကျော် ( ယူအက်စ် ဒေါ်လာ သန်းပေါင်း ၂၂၅ မျှ ) ရှိပါတယ် ။
စိတ်မကောင်းစရာ သတင်းထဲမှာ နောက်တပူဆင့်စေတာကတော့ ဒီလို ကယ်ဆယ်ရေး လုပ်ပေးနေကြတဲ့ ရဟတ်ယာဉ်တစီး ဟာ မနေ့ နေ့ လည် က တောင်နဲ့ ဝင်တိုက်မိတဲ့အတွက်ကြောင့် ကယ်ဆယ်ရေး ၃ ဦးစလုံး အသက်ဆုံးရှုံး ရခြင်းပါဘဲ ။ သူတို့ ၃ ဦးဟာ မသေဆုံးခင်နေ့ က တမနက်လုံးမှာ လူပေါင်း ၅၀ ကို ကယ်ဆယ်ပေးခဲ့ကြပါတယ် ။
ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကယ်ဆယ်ရင်းနဲ့  အသက်ပေးသွားကြတဲ့ တပ်မတော်သားပေါင်း ၅ ဦးရှိသွားပါပြီ ။ဒီနေ့လည်မှာဘဲ အဲဒီ သေဆုံး သူ ၃ ဦးရဲ့  အလောင်းကို ရှာဖွေတွေ့ ရှိပါပြီ ၊ ၂ ဦးက တမြန်နေ့ က ရေစီးထဲ မြောပါသွား ခဲ့သူစစ်သား ၂ယောက်ပါ ။ သူတို့ တတွေရဲ့  အလောင်းတော့ရှာမတွေ့ သေးပါဘုး
သမ္မတ လုပ်သူက မုန်တိုင်းတိုက်ပြီး နောက် တရက်မှာ မှ ပြည်သူလူထုဆီရောက်ပြီး အားပေးတာကြောင့် နောက်ကျပြီးမှ လာ လို့ တဲ့ လေ ။ သူကိုလည်း လူတွေ အတော်များများက မကျေမနပ်ဖြစ်နေကြပါသေးတယ် တဲ့ ။ဒီမနက်တီဗီ သတင်းမှာ ပြည်သူတွေကို တောင်းပန်တဲ့ အကြောင်း တွေ့ လိုက်ရတယ် ။... အင်း ... ဒီလူတွေ အားလုံးကို တော့ ရွှေပြည်ကြီးဆီသို့  တရက်လောက်ပဲ ပို့ ပြီး ပေးနေလိုက်ချင်သေးတယ် ။ မကျေနပ်တာတွေ ပျောက်သွား အောင် လို့ ပါ ။
►Posted by
:kiki
:
at
8/12/2009 08:20:00 PM
Subscribe to:
Post Comments (Atom)
8 comments:
ကိရေ ဓါတ်ပုံတွေ အတွက်ကျေးဇူး....
ဝေးးး တို့ ၂ ကွ ဟဟဟ
အယ် ကြည့်သွားတယ် ဓာတ်ပုံတွေ
မုန်တိုင်းဆို ကြည့်ချင်ဘူး။ စိတ်နာတယ် ပြန်ပြီ။
တာ့တာ စိတ်မဆိုးနဲ့ .. အဟီးးးးးးးး
တီတီကိ....
ကွာတာလေးတွေ တွေ့ ရတယ်နော်။
သူများတိုင်းပြည်မှာမို့လို့ဒီလောက်သေတာ
ကိုယ်တွေမှာသာဆိုရင်လား
“ပလုံ”ကနဲပဲမည်သွားမှာ
မယုံမရှိနဲ့ဗျိုးးးးးး :)
ဖွားရေ မုန်တိုင်းအတွက် ကူညီလုပ်ဆောင်ချက်တွေကို ကြည့်ရူဖတ်သွားတယ်။
ကူးထားကွ...
ကိကီကွ...
ကုန်းကုန်းကွကွ...
ကော့်ကော်ကံကား...
အားမလျှော့နဲ့... ဆက်ကူးနေရင် "မောင်ခလာ" လာကယ်လိမ့်မယ်...
းဝ)
Post a Comment