ဒီကမ္ဘာမှာ ရီစရာ ဥပဒေတခုနဲ့ 
ငြိမ်းချမ်းရေးဆုရှင်ကို အမှုဆင်ကာ ချလိုက်ပဟဲ့ ထောင် ၃ နှစ်တဲ့ ။
အဖြစ်က အိမ်ထဲမှာ သူခိုးဝင်တာမို့ 
အိမ်ရှင်မှာ အပြစ်ရှိ သတဲ့
အသင်တို့ အိမ်တွေ လုံအောင်သာပိတ်ကာထားတော့ ၊
ဒါ ဒို့ ယူရမဲ့ သင်ခန်းစာ တခုပေါ့ ။
မတရားတဲ့ အမိန့် ချတော့
တရားသူကြီးလည်း မတရားသူကြီးပါဘဲ
ဒီ ၃ နှစ်စာ ဒင်းရမှာက ဘာညာ ဘာညာတွေလားဟ ။
ငါသာဆိုရင် ရှက်တာနဲ့ နေရာတင် လဲသေပစ်လိုက်ချင်၊
သင်ထားတဲ့  ဥပဒေအကြောင်း
မြေတွင်းနက်နက်တူးလို့  မြှုပ်ပစ်ဖို့ သာကောင်း ။
အပြစ်ပေးတာတောင် ဈေးမဆစ်ရသေးခင်
လျှော့ဈေးတွေလည်း ရှိသေးရဲ့ 
တစ်ဝက်ဈေးက တစ်ဆယ့်ရှစ်လ တဲ့ ဗျ ။
အဖြစ်က ဘာနှင့်မျှ မတူ ၊
ပြည်သူတွေ ကြံဖန်တွေးပြီး
ကျေးဇူးလေးတောင် တင်ရမဲ့ပုံပြန်ဖြစ်ပကွဲ့ ။
သြော် .. ရာဇဝင် တွင်ရစ်မဲ့
၂၀၀၉ သက္ကရာဇ်ရဲ့  သြဂုတ် တစ်ဆယ့်တစ်
ခပ်ညစ်ညစ် စီရင်ချက် အဖြစ် ။
ညစ်ချင်သလို ညစ်လိုက်ကြပေါ့ ၊
ရေစီးတခါ ရေသာတလှည့် မေ့မထားနဲ့ 
မမြဲသော တရားလည်း ရှိပါရဲ့ ၊
အလှည့်ကျ မနွဲ့ စတမ်း သာမှန်း
မိုးကောင်းတုံး မှာ ရွာထားကြလေစမ်း ။
(ကိကီ)၁၁.၀၈.၀၉
►Posted by
:kiki
:
at
8/11/2009 08:04:00 PM
Subscribe to:
Post Comments (Atom)
17 comments:
အနှစ်နှစ်ဆယ်လုံးလုံးအကျယ်ချုပ်နေခဲ့ ရပြီးအမှု
အသစ်ဖြစ်လို့ လေလေးထွက်ရှုမယ်ရှိသေးနောက်
ထပ်ထောင်ဒဏ်ငါးနှစ်သုံးနှစ်တနှစ်ခွဲတဲ့ ။နိုဘယ်
ဆုရှင်မိန်းခလေးတစ်ယောက်နဲ့ စစ်သားငါးသိန်း
တိုက်ပွဲလေ။ကမ္ဘာ့ ရာဇဝင်မှာရှိခဲ့ ဘူးမယ်မထင်ပါ။
စဉ်းစားကြည့် ရင်တစ်ခြမ်းစောင်းနေတဲ့  ချိန်ခွင်တကိုင်
ကိုင်နဲ့ မြန်မာတပြည်လုံးအုပ်တတိုင်းပတ်ကာပြီးတောင်
အချုပ်နဲ့ ထားချင်ကြတာ။အခုမှဗိုလ်ချုပ်သမီးမို့ တဲ့ ။
ဇာတ်နာပြနေလိုက်တာ။ဘာပဲဖြစ်ဖြစ်ကျေးဇူးတော့ 
ရှာကြံတင်ရတော့ မှာ...လို့ ။
ဖြစ်နိုင်ရင်မြန်မာတပြည်လုံးကထောင်မကြောက်တန်း
မကြောက်နိုင်ငံအတွက်လုပ်နေတဲ့ နိုင်ငံရေးသမားတွေ
အားလုံကိုနိုဘယ်ဆုလိုဆုမျိုးပေးသင့် တယ်လို့ 
ထင်ပါတယ်။နှစ်ဒီလောက်ကြာပြီဗျာ.. မိသားစုတွေလဲ
ကစင့် ကလျားဖြစ်နေပြီ။ဘာမှကိုလုပ်စားလို့ မရတော့ ဘူး။နေပူမိုးရွာမရှောင်သေမှာငတ်မှာမကြောက်..
ကမ္ဘာ့ ဘယ်သမိုင်းမှာမှရှိခဲ့ ဘူးမှာမဟုတ်ပါဘူးလို့ ။
ရွှေပြည်တော်ကရင်နင့် စရာသမိုင်းတွေပါလို့ ......။
ပြောရတာတွေလည်းမောလှပြီ.. ဟောရင်းနဲ့သာ ပျံလွန်တော်မူသွားမယ် ဒီငမိုက်သားတွေတော့ တရားရ လမ်းမမြင်ပါဘူးဗျာ....။
ခက်လည်းခက်တယ် ရှက်လည်းရှက်ပါရဲ့
ဒါတွေလားမြန်မာ့ ခေါင်းလို့ပြောရမှာ...။
ခလေးအတွေးနဲ့ လုပ်ချင်တိုင်းကို လုပ်နေကြတော့တာပဲ
မကြီးရေ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ အစကတည်းက ဒီလိုလုပ်မယ်ဆိုတာ သိနေပေမဲ့ မျှော်လင့်ချက်လေးနဲ့ ဆုတောင်းနေမိပါသေးတယ်.. ကျနော်လဲ ကဗျာလေး ရေးထားတယ် လာခံစားသွားပါဦးဗျာ..
လေးစားလျက်
တောင်ပေါ်သား
အစ်မကိရေ သွားပါများတော့ ဖိနပ်ပါး
ပြောပါများတော့ အာညောင်း၏တဲ့
ဒီစကားဟာဒီလူတွေအတွက်ဖြစ်မယ်
စာမတတ်ပေမတတ်က ခေါင်းဆောင်ကြီးတတက်ဖြစ်နေမှတော့ တိုင်းပြည်စုတ်ပြီပေါ့
လင်မယားနှစ်ယောက်ပေါင်း
၁၀တန်းတောင်မပြည့်ဘူးထင်တယ်
အတွေးအခေါ်ကလည်းစုတ်ပ သောက်ရှက်ကလည်းနည်းပါ့
နောက်ပြီး...
နောက်ပြီး....
သက်ဆိုးတွေကလည်းရှည်ပါ့ဗျာ...
အမှန်တရား အမှားတရံပါဆို အမရယ်။ မိုးကလည်း ဘာ ကောင်းသလဲမမေးနဲ့  ဇွန်လတည်းကရွာ တဲ့မိုး ခုထိ အဆက်ပြတ်တယ်ကိုမရှိဘူး။း(
ရွာတုန်း ရွာဆဲ ရွာမြဲပါ အမ။
သားကြီးပြောသလို ပြောပါများအာညောင်း၏ တဲ့
ရေးပါများ တော့လည်း လက်ညောင်းတာပဲအဖတ်တင်
တယ်။
အမှုမချခင်ကတည်းကကြိုတင်သိပြီးသားအဖြေတစ်ခု ဖြစ်နေတော့လည်း ....အော် ဒို့ဖခင်ဗိုလ်ချုပ်သမီးကိုမှရယ်လို့....၀မ်းနည်းမှု ဖြစ်ရတာက လွဲရင်ထွေထွေထူးထူးဒေါသရယ်လို့ ရယ်လို့တော့မဖြစ်တော့ပါဘူးလေ... အမြဲလိုလိုကြားသိနေရတဲ့မတရားမှုတွေကနှစ်နဲ့အမျှ ဆိုတော့လည်း ၀မ်းနည်းမှုဆို့နှစ်မှုဘဲရှိတော့တယ်... အကောင်းဆုံးကတော့ နောက်မှာအသက်ရှင်ကျန်နေကြရဦးမယ့် မျိုးဆက်မျိုးချစ်မြန်မာတွေ ရောက်ရာရောက်ရာမှာ ရသမျှ ပညာ ၊အသိ ညာဏ်တွေတိုးပွားအောင် တယောက်ချင်းစီတယောက်ချင်းစီ အစွမ်းကုန် ကြိုးစားကြပြီး ဒို့မြန်မာကြီးကို သန့်ရှင်း မှု ဖြင့် တနေ့အရပြန်ဆေးယူကြရအောင်လားလို့........
ဒီအချိန်မှာကတော့ မြန်မာပြည်ကြီးဟာ ဘယ်လိုမှချက်ချင်းလက်ငင်းဆေးမရအောင်ညစ်ပတ် သွားပါပြီ.........တရားစီရင်တဲ့တရားသူကြီးတခုထဲကိုပဲကြည့်ပြီးစဉ်း စား ကြည့်ရအောင်လား.......
ကိရေ... အဲလို ပစ်ဒါဏ် မဖြစ်ဖြစ်အောင် သူခမြာ နေ့မအိပ်ညမအိပ် ဥာဏ်နီ ဥာဏ်နက် မျိုးစုံ ညစ်ထုတ်ပြီး မနဲစင်းစားလိုက်ရတာကွဲ့....
ခုလောက်ဆို အိမ်ပေါ်ကလူတွေဘာပြောလဲ ချောင်းနားစွင့်နေတဲ့ သူခိုးပုံပေါက်နေရောပေါ့...
ကဗျာအစပ် အရမ်းတော်တာပဲ ဒို့အစ်မကတော့
တကယ်လေးစားတယ်... ဖတ်တဲ့ကျွန်တော်စစ်သားတောင် ပြန်ရှက်မိတယ်....
အင်း.....
အင်း.........
လောကကြီး လောကကြီး လောက က မသေးလို့ပေါ့... ဟီးဟီး...
အစ်မရဲ့ ကဗျာစပ်အတွက် ဂုဏ်ယူပါတယ်.....
ဒီတခါတော့
ဘာမှမဝေဖန်တော့ဘူး .... ကဗျာချစ်သူတစ်ယောက်အနေနဲ့ ကဗျာလေး ကောင်းလို့ စိတ်ထဲပဲထားလိုက်ပါတော့မယ်
ပျော့ပျော့လေးနဲ့ အဟွာဖြစ်တဲ့ ဥပဒေမို့...
တရားသူကြီးတွေလဲ ဖောက်ပြန်တာ
မဆန်းတော့ပါဘူး...
စိတ်ကူးမလွဲ အချိန်ဆွဲမနေနဲ့လေ...
မြန်မြန်သာ ပြန်လာခဲ့...
ဖွားကိကိုလဲ လျှော့ပေးပါမယ်...
းဝ)
အားမငယ်နဲ့...
ဒါဖတ်ကြည့်...
http://aungthange.blogspot.com/2009/08/blog-post_11.html
ရော ကိရယ် ကျေးဇူးးးတင်လေ ၁၈ လတည်းပါ လျှော့ထားပေးတယ်လေ ငါတို့ဘဘကြီးက အဲဂလို စိတ်ကောင်းရှိတာပါဟ ဟီးးးးးး
ဖတ်တယ်မကီး
သူများပြောတာ နားထောင်သွားတယ်းးးး
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
မကိရေ...
ဘာမှမပြောတော့ဘူး။
ထမင်းစားတာလား။ ချီးစားတာလား။
ငယ်ငယ်တုန်းက စာမသင်ခဲ့ရဘူးလား။
လို့များ အခွင့်အရေးလေး ရခဲ့ရင် မေးလိုက်ချင်ပါတယ်နော်။
ကိရာ...တော်တော်အေ၇းမပါတာတွေပါ.
သူတို့မှာ ...ကျင့်ယုတ်တဲ့ဥာဏ်က ကုန်မကုန်နိုင်ဘူး
မကိကီရေ ဒေါ်စုပြောခဲ့တဲ့စကားတခွန်းရှိတယ် ဒါက "WE ALL ARE PRISONERS IN OUR OWN COUNTRY" တဲ့ ဗမာနိုင်ငံသားတွေအားလုံးကို သူတို့တွေ ထောင်သွင်းအကျဉ်းချထားတာ ကြာခဲ့ပါပြီ ဒါပေမယ့် ဒေါ်စုအပါအ၀င် နိုင်ငံသားအားလုံးရဲ့ စိတ်ဓတ်ကိုတော့ ဒီကောင်တွေ ဘယ်လိုမှ ထောင်ချလို့ ရမှာ မဟုတ်ပါဘူး.....
သူ့ကို ကျေးဇူးပြန်တင်ရမယ့် ကိန်း ဖော်သွားတာ .... ကလေး မဟုတ် သူငယ်မဟုတ်.... ဒါတို့ တိုင်းပြည်က အစိုး၇လို့ ပြောဖို့ရာ....ရှက်တယ်..။
Post a Comment