သူ့ ခေတ်နဲ့သူ့ အခါ ..ဘယ်လိုဖြစ်ဖြစ် တန်ပါသေးတယ် ။နောင်ဆို ဒီထက်ဈေးတက်ဦးမှာ။
ရတုံးယူထား၊ ဝေထား ကြနော် ။ စားဖို့  ဝါးဖို့  အချိန်ရှိသေးတယ်။
ရွေးကောက်ပွဲ မတိုင်မီ ၀န်ကြီးဌါနပိုင် မြေကွက်နှင့် အဆောက်အဦများ ချရောင်း
စစ်အုပ်စုတို့ အချင်းချင်း ခွဲဝေရယူလျက်ရှိ
မိုးမခ အထောက်တော်၊ ရန်ကုန်
သြဂုတ် ၇၊ ၂၀၀၉
၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ မတိုင်မီ ၀န်ကြီးဌါနပိုင် မြေကွက်၊ တိုက်ခန်းနှင့် အဆောက်အအုံများကို ချိတ်ပိတ်တင်ဒါ၊ အဆိုပြုလွှာစနစ်တို့ဖြင့် ရောင်းချလျက်ရှိပြီး အချက်အချာကျသည့် နေရာအချို့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သားသမီးများက လွှဲပြောင်းရယူခြင်း၊ မြန်မာနိုင်ငံတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့က လက်ဦးမှုရယူကာ ၀ယ်ယူလျက်ရှိသည်ဟု ရန်ကုန်မြို့မှ လုပ်ငန်းရှင်တချို့ ကပြောဆိုသည်။
ဆက်ပြီး စပ်စုချင်လျှင် ဒီမှာ ဆက်ကြည့်ကြ ပါနော် ။။
ဒီပုံလေးကတော့ ဖြစ်ချင်ရာဖြစ် စိတ်မညစ်တတ်ကြတဲ့ မြန်မာပြည်သားတွေရဲ့  ကောင်းသော တွေးခေါ်မှုလေးပေါ့ ...
အားလုံး ဒီလို တွေးနိုင်ကြရင် စိတ်ချမ်းသာမှာပါ ။
ဒီပုံလေးကို ဒီက ယူတာနော် သိလား ...
Publication:New Era Journal, no.106
အလကားမတ်တင်းဆို ပိုတောင် တန်သေးရဲ့  အဟေးဟေး ။ ခုခေတ်ကလေးတွေ ကို မတ်တင်းလို့ ပြောရင် နားလည်မယ်မထင်ဘူးနော် ။ အင်းလေ တမတ်စေ့ ဆိုတာလည်း ဘယ်ကမ္ဘာရောက် နေပြီလဲမှ မသိတာ။နောက်ဆုံး ခရီးကို သွားတဲ့သူတွေ အတွက် ကူးတို့ ခ က တမတ်စေ့ တစေ့ ထဲ့ပေးရတယ်လေ ။ ခုတော့ ဘာထဲ့ပေးကြသလဲ မသိ ။ပြီးတော့ အရင်က တမတ် ဟာ ခုခေတ် ဘယ်လောက် တန် နေပြီလည်း မသိ ။
ရှေးကအကြောင်းလေးတွေ ပြောပြပါအုံးမယ် ။ ဒီလို ကွဲ့ ။ ဖွားကိတို့  ငယ်ငယ်တုံးက ကြက်ဥတလုံးကို တမတ် ပေးရတယ် ။ နောက်ပိုင်းတော့ ဈေးနဲနဲ တက်သွားတယ် လေ ၊တနေ့  မှာ ကိုယ့် အဖွားက ဈေးကပြန်လာတော့ တဗြစ်တောက်တောက် နဲ့ ပြောမဆုံးဘုး ။ ဘာလို့ လဲလို့ မေးကြည့်တော့ ကြက်ဥဈေးတက်သွားလို့ တဲ့ ။ တကျပ်ဖိုး ၃ လုံးဘဲ ရတော့တယ်တဲ့ လေ ။ အင်း ခုနေချိန်မှာ အဖွား မရှိတော့ တာလဲ တမျိုးကောင်းပါတယ် ။ နို့ မို့ ဆိုရင်လမ်းမှာတင် တက်နေတာနဲ့ ဈေးကနေ အိမ်ပြန်တောင် ပြန်ရောက်ပါ့မလားဘဲ နော် ၊
အဲဒါနဲ့ ခုခေတ်ကြက်ဥဈေးသိချင်လို့  ရွှေပြည်ကြီးကို လှမ်းမေးလိုက်ပါတယ် ။ ညီမလေးကပြောတယ် ။ကြက်ဥတလုံး ၁၂၀ ကျပ်တဲ့ လေ ။
ဒီတော့ ပုစွန်ဦးနှောက်သာသာ လောက်ပဲ ရှိတဲ့  ကိုယ်တယောက် စဉ်းစားကြည့်မိလိုက်ပါရဲ့  .။ လူတယောက်ရဲ့ နောက်ဆုံးခရီး အရင်ထဲ့နေကျ မတ်စေ့တွေ ရှာရမလွယ်ရင် ၁၂၀ ကျပ် ထဲ့ပေးလို့ ရမလား ။ ဒါမှ မဟုတ် နံနံစော်စော် ညစ်ပတ်စုတ်ပြတ်နေတဲ့  ငွေစက္ကူတွေ မထဲ့ ပေးချင်ဘုးဆိုရင်တော့ အခု ခေတ်စား နေတဲ့  ကြက်ဥ အတု တလုံး ပါးစပ်ထဲ ထဲ့ပေးလို့ ရမလား ၊ လို့  ပါ ။ သူ့ အတွက် ကတော့ ဒီကြက်ဥ အတုလေးတလုံးက ဘာမှ ထပ်မဖြစ်လောက်ဖူးလို့  ထင်လို့ ပါ ။
ကိုယ်လဲ ရွှေပြည်ပြန်ပြီး မြေလေးတကွက်ဝယ်ပါဦးမယ် ..ဒါပေမဲ့ ဈေးတွေ ဒီလောက် ခေါင်ခိုက်နေတာ ..ဘယ်လိုလုပ်ပြီး အကျယ်ကြီးဝယ်နိုင်မှာလဲ လေ .. နဖူးကချွေး ခြေမ ကျအောင် လုပ်ပြီး စုထားတာလေးနဲ့  ၆ပေ ၂ပေခွဲ (၆ပေ x ၂.၅ ပေ) လေး တကွက်လောက်တော့ ဝယ်နိုင်ကောင်းပါရဲ့  ။ စိတ်ကူးမလွဲ တော့ပါဘူး ။ ခုနေ ဝယ်ထားရင် ဘာဘဲ ဖြစ်ဖြစ် တန်နေပါသေးတယ် ။အလကားမတ်တင်းမဟုတ်ပေမဲ့  လည်း နောင်ဆိုရင် ဒိထက် ဈေးတက်အုံး မှာလေ ။
စိတ်ထွေထွေနဲ့  စိတ်ကူးပေါက်ရာ အတွေးလေးများကို ရေးချင်သလို လျှောက်ရေး လိုက်ပါတယ် ။
ခွေးလွှတ်ပေးပါ ။။ အဲ ခွင့်လွှတ်ပေးပါ ။
(ဘုရားပုံတော် တင်ထားပြီး ရေးတာက အတင်းအဖျင်း တွေချည်းဘဲ လို့  ပြောသူများ ။ဒီလို လူ အူတူတူတွေလည်း ရှိပါသေးတယ် ။ ကိုယ်ကတော့ ဘုရား၊ တရား၊ သံဃာ တော်တွေကို ဘယ်တုံးကမှ မပြစ်မှား ခဲ့ဘူး လို့  စိတ်သန့် ပါတယ် ။ နောင်လည်း ဆက်ရေးမှာ ပါ ။အတင်းအဖျင်းလား ။ အမှန်သတင်းလား ဆိုတာတွေ ကို စာဖတ်သူတွေက အဆုံးအဖြတ် ပေးပါလိမ့်မယ် ....)
►Posted by
:kiki
:
at
8/09/2009 02:00:00 PM
Subscribe to:
Post Comments (Atom)
12 comments:
111111111111
တန်တိုင်းဝယ် ရအောင်တောင်မရှိဘူးဗျာ
ဝယ်နိုင်သူတွေဝယ်ပါ
ကျနော်သေရင် အရိုးပြာခြ ရေသာမျှောလိုက်ပါ
စားမိတဲ့ငါးတော့ကံဆိုးရှာမပေါ့
သူတို့လူစုအတွက်ပါဘဲကွယ်...
ကီရေ ပြောသာပြော အားမနာနဲ့ အတင်းမဟုတ်ဘူး အဲဒါတွေက အမှန်တွေ ဟဲဟဲ
သန်ရျွေကြီး တမတ်နဲ့ရမယ်တဲ့ တန်ရဲ့လာဟင်...
ကာတွန်းလေးတစ်ကွက်ကိုသဘောကျတယ်
တော်တော်မှန်တာပဲ
တစ်မတ်စေ့ဆို အပုံပဲရှာကြည့်ရတော့တယ်ဗျ
ဝက်ဆိုက်တစ်ခုမှာလေ
ကြက်ဥအတုပါးစပ်ထဲထည့်ပြီး တစ်ဖက်ကမ်းကူးရမယ့်အရေးဟာ စဉ်းစားကြည့်ရုံနဲ့တောင် ...အင်း.....
အဲဒီကြက်ဥကလဲ..အခုတော့ ..အတုတွေ..ထွက်နေပြီတဲ့ သွားလေသူတောင်...အတုမိမဲ့ ကိန်းဗျာ..ကဲဘယ်လို.....လုပ်ကြမလဲနော်
ကြက်ဥတလုံး ၁၂၀ တန်လိုက်တာ အဲ ကြောက်လိုက်တာလို့ပြောတာပါ။
တန်လိုက်တာ ကိကီရယ်...
တန်တယ်တန်တယ်...
တကယ့်ကိုတန်တယ်...
တန်တိတိတန်ပဲ...
ဘာမှန်းမသိဘူး... စာမဖတ်ဘဲ ရေးသွားတာ...
းဝ)
တန်ပါ့တော်။
ဟယ် တန်လိုက်တာဟယ်။
တန်တာပေါ့ဗျာ။
တန်မှတန်...
သူတို့ကို ကြက်ဆူဆီနဲ့ကြော်ပြီး တစ်မတ်နဲ့ရောင်းရင်လေ.။။။
တန်တာပေါ့လို့....
တန်ပါတယ်ဆိုနေမှ။။။။။။။
ကိကိရေ...
ဘယ်သူ့အတွက်တန်တာလည်း
သူတို့အတွက်လား
ဟီး၂
ပြည်သူတွေကို တော့ တော်တန်တိတ်
အကြော်ပန်းကန်ဖိတ်
မတန်ဘူးပြောတော့ရော ဘာထူးအုံးမှာလဲ
မြန်မြန်သေမယ်ဆိုရင် အဲဒီကောင်တွေအတွက် တမတ်စေ့ရအောင်ရှာပေးပါ့မယ်...။
Post a Comment