အကိုငယ်လေး ကိုအောင်သာငယ်က မတဂ်စဖူး အတဂ်ထူးနေပါလား ။
ဒီရောဂါလည်း ကူးစက်မြန်ရောဂါ တမျိုးဘဲ ။
ခုတလောမှာ ..... တဲ့
ရေးဖြစ်နေတာတွေက... အဲ့လို တဂ်ပို့ စ် များသာ ။ တခုတော့ ကောင်းပါ၏ ။ ခေါင်းစဉ် နဲ့ အကြောင်းအရာ ကို ဦးနှောက်ခြောက်အောင် စဉ်းစားဖို့  မလိုတော့၍ ။
တွေးဖြစ်နေတာတွေက ...လူတွေအကြောင်း ၊ ခါတိုင်းဆို တိရစ္ဆာန်တွေ အကြောင်းပဲ တွေးတာများတယ် ။ သြော် သူတို့ လေးတွေ ဘာလို့ များ လေးဘက်သွားနေကြရတာလဲ လို့  ။ ဘာလို့ များ တွားသွား နေကြရတာလဲ လို့  ။လူဆိုတာ မျောက်ကဖြစ်တာ ဆိုတော့ မျောက်ကရော ...ဘယ်ကဖြစ်လာတာလဲ လို့  ။မျောက်ဥ ဆိုတာတော့ ရှိသား ။ အဲ့ဒီကများလား လို့  အူကြောင်ကြောင် အတွေးများ ။
ဖတ်ဖြစ်နေတာက ... မကြာခင်အချိန်လေးမှာ သွားကြရမှာ ဖြစ်တဲ့  သေခြင်းကောင်းသော ဘဝ ၊ လားရာ ကောင်းသော ဂတိ ။ ရေးသားသူက.. ဒေါ်အေးမြင့် ( မဟာ ဝိဇ္ဖာ )
စားချင်နေတာက ... ဖွယ်ဖွယ်ရာရာ ။ စားနေရတာက ...အာကလာ ပါကလာ ။
စားဖြစ်နေတာက ... မသဓါရေစာ ။တခါတလေ ကိုယ့်ဗိုက်တောင်ကိုယ် မသဓါချင်လောက်အောင် ကပ်စေးနဲ မိတာ ။ရှိတာ နဲ့ ဖြစ်သလို စားတာ ။ ခုတလော မှာ ပို ပြီး မသဓါ မိဘူး ၊ ဒီ ခန္ဒာကိုယ် အတ္တဘော ကြီးကို ပါ ။
လုပ်ဖြစ်တာက ... တလွဲတွေချည်း ။ အလုပ်ထဲ မှာ စိတ်မရှိ လို့  အလွဲ လွဲ အချော်ချော်ပါ ။ သတိမနည်း ပြန်ဆွဲ ပြီး စိတ်ငြိမ်အောင် ပြန်ထားရတယ် ။ ဒီလို ဘယ်လောက်ကြာကြာ ဖြစ်နေမလဲ မပြောတတ်ပါ ။ မကောင်းမှန်းသိပေမဲ့  စိတ်လေလွင့်နေတယ် ။
ရောက်ဖြစ်တာ က ... ခွေး နဲ့  တိရစ္ဆာန်လေးတွေ ရောင်းတဲ့ နေရာ ။လှောင်အိမ်လေးတွေထဲ မှာ ပိတ်လှောင်ခံထားရတဲ့ သူတို့  လေးတွေ ကတော့ ဘာမှ နားမလည် ဘူး ။ အိပ်ဖို့  ၊ စားဖို့  ၊ ကစားဖို့  ။
ဒီလောက်လေးပဲ သိကြတာ ။ ကောင်းတာပေါ့ ။ ဦးနှောက် သိပ်မစားတော့ဘုး ။
နားထောင်ဖြစ်တာ က ... အရိုးရဲ့  ငါတို့ အိမ် ...
အိမ်ခေါင်မိုးက မိုးမလုံလဲ ငါတော့လုံးဝစိတ်မကုန်ပါ ရေတခွက်အောက် မိုးစက် တပေါက်ပေါက်ကျသံ....
ဖြစ်ချင်တာက ... ဘီလျှံနာ .... ဖြစ်နေတာက ... ဟိုနာ ဒီနာ ။
တိုနေမိတာက ... စိတ် ။လူပု စိတ်တို ဆိုကြတယ် ။ အရပ်ရှည်သူတိုင်းရော စိတ်ရှည်တတ်ကြလို့ လား ။
လိုနေမိတာက .... အတိတ် ( ချဲထိုး ကြည့်ချင်လို့ )
ကျနေတာက ... စိတ်ဓါတ် ၊ဒီရောဂါလည်းဆိုးပါတယ် ။
တက်နေတာက ... ကြွက် ၊ ည ၊ည ဆို ကြွက်ကလည်းတက်ချင်တက်သေး ၊ ကယ်လ်စီယံ ဓါတ်ချို့ တဲ့နေပြီထင်ပါ့ ။တနေကုန် မတ်တပ်ရပ် ၊ လျှောက်ရတာတွေ များနေတယ် ခုတလော မှာ ။
သိချင်နေတာက ... ကိုယ့်ဘဝ ဘယ်အချိန်မှာ ဘယ်ပုံ ဘယ်နည်းနဲ့  ဘယ်နေရာမှာ အဆုံးသတ် မလည်း ။
လွမ်းနေမိတာက ...တော်တော်လေးများတယ် ၊မော်တော်ကလေးများ သွားသလို ဟိုဝင်ဒီထွက် ။ နီးတကျက်ကျက် ဝေးတသက်သက် ။
ဒီကနေ့ မိုးလေဝသ က ...အပြင်မှာ မုန်တိုင်း ထန်နေတယ် ။ ရင်ထဲက မုန်တိုင်းက ဒီ့ထက် အဆ တစ်ရာ သာလိမ့်မယ် ။ စေတနာတွေ ဝေဒနာဖြစ်ရတော့ စိတ်မကောင်းပါဘုး ကွယ် ။
ဝန်ခံချင်တာက ... စိတ်လေ နေတဲ့ အချိန် ခံစားချက်များ ဆိုတော့ ပျော်နေတဲ့ အခါ မှာနဲ့  တူနိုင်ဘုးပေါ့ ။အဲဒါတွေ အားလုံး ပြောင်းပြန် နီးပါး ဖြစ်လိမ့်မယ် ။ ။ ။
ဒီနောက်ပိုင်း လည်း ပို့ စ် တင်တာ နဲ နဲ ကျဲ ပါလိမ့်မယ် ။
အားလုံးကို ကျေးဇူးတင်ပါတယ် ။
( ဒီ စာကို ကိုအောင်သာ ငယ် တဂ်ထား လို့ ရေးပါတယ် )
............................................................................................................
အိမ်သားများလည်း ဒီလ ၄ ရက်နေ့ မှ စပြီး လွတ်လပ်စွာ သွားလာခွင့် ရပါပြီ ။ :)
ဒီတုက်ကွေး ဗိုင်းရပ်စ် ပိုးဟာ အနည်းဆုံး နောက်ထပ် ၂ နှစ် မျှ သောင်းကျန်းနေလိမ့်ဦးမယ် ဟု ပညာ ရှင်များက ခန့် မှန်းထားကြပါသဖြင့် ၊ ကာကွယ်ဆေးများ ထိုး ထား ကြရင် ပိုကောင်းပါလိမ့်မယ် ၊ Vaxigrip ထိုးဆေး ကတော့ ခုဖြစ်နေကြတဲ့  AH1A1 ကို ကာကွယ်ပေးတဲ့  ဆေး မဟုတ်ပါဘူး ။ လူ အများ အမှတ်မှားနေကြ လို့  အသိပေးရခြင်းပါ ။သူက ရိုးရိုးတုပ်ကွေး အတွက်ပါ ။
AH1N1 အတွက်ကာကွယ်ဆေး Flu-Blok က လူ အများ သုံးနိုင်လောက်အောင် အလုံ အလောက် မရှိသေးပါဘူး ။ ဒီနှစ် အောက်တိုဘာလ လောက်မှ စပြီး ရောဂါ ဖြစ်ဖို့  ပို နီးစပ်သူများကို ပထမသုတ်အနေနဲ့  ထိုးပေးမှာဖြစ်ကြောင်း သိရပါတယ် ( ဒီနိုင်ငံ အတွက်ကိုပြောတာပါ ) ...
►Posted by
:kiki
:
at
8/06/2009 01:30:00 PM
Subscribe to:
Post Comments (Atom)
13 comments:
ရေးပေးတာ ကျေးဇူးပါ မကိရေ...
စိတ်လေနေတုန်း ရေးခိုင်းမိတဲ့အတွက် ဆောဒီးပါ...
အစစ အရာရာ အဆင်ပြေပါစေကြောင်း ဆုတောင်းပေးနေပါသည်...
အိမ်သားများ အပြင်ထွက်ခွင့်ရပြီ ကြားရသည့်အတွက်လည်း ၀မ်းသာပါကြောင်း...
စကားမစပ်
ကြက်နဲ့ကြက်ဥက တွဲလျက်
ပတ်သက်နေသည့်အတွက်
မျောက်နှင့် မျောက်ဥသည်လည်း အဆက်အစပ်ရှိနိုင်သည်မှာ
၉၉.၉၉% သေချာသည်ဟု
ဝိုင်းဝန်းကူညီ အူကြောင်ကျီ တွေးတောပေးသွားပါသည်...း)
မကီရေ.. ကျွန်တော်တို့ ကတော့ ဘဝတလျှောက်လုံး
လုပ်ရအုံးမယ်.. ရအုံးမယ်တွေနဲ့ ကြီးပဲ အချိန်တွေ
ကုန်လွန်လာလိုက်တာမျက်မှန်တွေတောင်တကပ်
နေကြရပြီလေ၊အဲဒီစီမံကိန်းတွေထဲမှာ မပါသေးတဲ့ 
မဖြစ်မနေလုပ်ရမဲ့ စီမံကိန်းအကြောင်းလေးတွေအမော
ခေါင်းစဉ်နဲ့ စီရေးခဲ့ မိတယ်။အခုလဲအပိုင်းလေးရေးမိပြန်
ပြီ... မကီနာမည်လေးငှားသုံးထားတယ်၊ခြောက်ရက်နေ့ မှာပဲနောက်ကျဒိတ်နဲ့ တင်မိပါတယ်။ ခွင့် ပြုပေးပါနော်
အယ် လေနေတယ် ဓာတ်ကျနေတယ် ဟုတ်လား ဟိဟိ ဘာလို့ များကို လိုက်အတုခိုးတာတုံး လူဇိုး ကိရဲ့ ဟွန်းးး များလဲ လေနေတယ်လေ ဟိဟိ ဘဝတူတွေပဲ ဟဟဟ
ဘိုင်
ကျနော်လောက်မလေလောက်ပေဘူး
လေလွန်းလို့ဒီမှာ လေပေါ်မှာပေါလောပေါ်နေရတယ် ဟိဟိ
အားလုံးပဲထင်ပ...လေနေတာ...
လေနေသူများအားလုံး ပျံနိုင်ပါစေ။
ကိရေ
စိတ်မလေပါနဲ့နော်...
လိုတာမရ ရတာမလိုတာက သဘာဝလေ
ပျော်ရာမှာမနေ တော်ရာမှာနေ
တော်သလိုစား
တော်သလိုနေ...
သူငယ်ချင်းတွေအားလုံး တူတူပါပဲကိရယ်...
ကိရေးတဲ့ စာလေးတွေ လာဖတ်တိုင်း
အမြဲရီရတယ်
ပြုံးရတယ်
ကိကိုလဲ အမြဲရီနေ ပြုံးနေစေချင်တယ်...
နှင်း
စိတ်လေတာတော့ သိပ်မကောင်းပါဘူး....ကိရေ..........စိတ်လေနေရင်...ဘာဘဲလုပ်လုပ်....မှားတတ်တာကိုး....တကယ်စိတ်လေတဲ့ အခါ...ကိုလုပ်ဘူးတဲ့ ....ကောင်းတာလေးတွေ....ပြန်သတိရကြည့် ပါ...စိတ်ကြည်နူးမှု...ခံစားရပါလိမ့် မယ်.........စိတ်လေခြင်း.နဲ့ ကင်းဝေးနှိုပါစေ....ခင်တဲ့ ....သုဒြေ္န
စိတ်တွေ လေ လို့  စိတ်တွေလေးနေ တဲ့ သူအားလုံးက
ဒီခုတလော တက်ဂ်ပိုစ့်လေးနဲ့ 
လေးနေတာကို ဖြေးဖြေးချင်း ဖြေနေရသလိုပဲ
ဖတ်လိုက်တဲ့ ခုတလော ပိုစ့်တိုင်းလဲ
အကွဲကွဲ အပြဲပြဲ အလွဲလွဲနဲ့ လွမ်းနာ ကံနာ ဝဋ်နာ တွေကျနေရပါတယ်...
ဘာဖြစ်ဖြစ် မကီးရေးးး
လေနေတာတွေ
လေးနေတာတွေ
သားလဲပျောက်ချင်ပြီး
မကီးလဲ ပျောက်ပါစေနော်
တကယ်ဆုတောင်းမိပါတယ်
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ဘီလျှံနာကြီး မြန်မြန်ဖြစ်လိုက်ရင်တော့ ကိကိရဲ့  စိတ်လေနေတာလေး မြန်မြန်ပျောက်သွားလိမ့်မယ်ထင်
တယ်နော်...ဘီလျံနာကြီး ဖြစ်ပါစေ....
mie nge
ကိရေ...
အမှန်ဆိုရရင်.. ငါလဲ အပြင်လောကမှာ တောက်တလွဲ ဖစ်ဖစ်နေလို့အွန်လိုင်းလာပါဒယ်... (ဟီးဟီး...ဝန်ခံလိုက်ဦးမယ်)...
ဘွတူတွေပါအေ... အချင်းချင်းတွေဂျီးပါဘဲ..ခွိခွိ... ချက်တာ.....အေ
ဘွားရေ အခုတလော တူတူပဲ။ အပျင်းကြီးနေတယ်။ ကပ်စေးနှဲပြီး ကိုယ်ဘာသာကိုယ် မသဒ္ဓါနေဘူး။ :) ထင်လိုက်တိုင်း တလွဲတွေ ဖြစ်နေတယ်။ မြန်မြန်စာပြန်ရေးပါ။ အိမ်သားများအတွက် ၀မ်းသာ၏။
ချစ်ရတဲ့ မမကိရေ
လတ်တလောလေး လာရောက်စပ်စုသွားတယ်။
မမကိရေ နေကောင်းတယ်ဟုတ်။ အားလုံးက သတိရကြတယ်....။
ချစ်တဲ့
ဂျစ်လေး
ဟိဟိ တိုနေမိတာက စိတ် တဲ့လား... မမရေ မမ သိချင်တာနဲ့ နောင့် သိချင်တာ တူတယ်ကွယ်...။ မမ စိတ်လေ နေတယ်ပေါ့နော်... ပျော်တဲ့ အခါ ဘယ်လိုတွေ ရေးမလဲ သိချင်လိုက်တာ...း)
Post a Comment