မြန်မာပြည် ပြန်ရင် ပျော်တာတွေက အိမ်သားတွေ သူငယ်ချင်းတွေနဲ့ တွေ့ ရတာ ။ ဟိုလည်ဒီလည် ၊ ဟိုစား ဒီစား
လုပ်ရတာ တွေပေါ့ ။ ဒါပေမဲ့  စိတ်နဲနဲ ပျက်ရတာကတော့ မရှိမဖြစ်လိုအပ်တဲ့ ပိုက်ပိုက် ငွေစက္ကူများ ။ အနံ့  အသက်ဆိုးရွား ၊ညစ်ထပ်ထပ် နဲ့လက်နှီးစုပ်တောင် အရှုံးပေးသွား ရလောက်တဲ့ နွမ်းဖတ်ဖတ် ငွေအချပ် အထပ်လိုက် များ ။အဲဒါတွေကို ဂျွတ်ဂျွတ်အိတ် တလုံး နဲ့ သပ်သပ်ထုတ်ပြီး မှ ကိုယ့် လွယ်အိတ်ထဲ ထဲ့ ။ ဒီတော့ ဘေးကနေ တွေ့ တဲ့မြင်တဲ့ သူ က ကြီးကျယ်လိုက်တာ ဆိုပြီး သောက်ညင်ကပ် ခံရသေး ။ဘယ်လို ရှင်းပြရပါ့ မလည်းလေ ။
ငွေဆိုတာ လူတွေအကြိုက်သည်းခြေ ။ ငွေရဖို့ လူတွေ အချင်းချင်း လိမ်ညာ လှည့်ဖျား ။ ခိုးဆိုးလုယက် ။သတ်ဖြတ်နေကြတာ ။
နိုင်ငံတိုင်းမှာ သက်ဆိုင်ရာ သတ်မှတ်ထုတ်လုပ်ထားကြတဲ့ ငွေ အသပြာ တွေ သုံးပြီးရောင်းဝယ်ဖေါက်ကားကြရတယ် ။
ရှေးခေတ်က ဒင်္ဂါးပြားတွေနေရာမှာ ငွေစက္ကူတွေ အစားထိုး သုံးစွဲလာကြတယ် ။ သယ်ရပြုရလွယ်တာကိုး ။
ခုနောက်ပိုင်းတော့ တိုးတက်တဲ့ နိုင်ငံတွေမှာ ခရက်ဒစ်ကဒ်တွေ နဲ့ ရောင်းဝယ် ကြတယ် ။ ငွေစက္ကူတွေ အထပ်လိုက်
အလေးခံ သယ်စရာ မလိုတော့ဘူးပေါ့ ။
ငွေစက္ကူတွေ က ဒီလို လှည့် ပတ်သုံးနေကြတာ အချိန်ကြာလာတော့ ညစ်ပတ်လာကြတယ်။ဟိုလူကိုင် ဒီလူကိုင်နဲ့ ၊
ငွေရေတွက်ရင် တချို့ များ တံတွေးလေးဆွတ်လိုက် ..ငွေစက္ကူလေး ပွတ်လိုက်နဲ့ လေ ။သူ့ ပိုး ကိုယ့်ကူး ၊ ကိုယ့်ပိုး သူ့ ကူးပေါ့ ။
ချမ်းသာတဲ့ နိုင်ငံကြီးတွေမှာတော့ ဆိုင်ရာ အစိုးရ က ဒီငွေတွေကို ဘဏ်တိုက်တွေမှစုစည်း ပြီးနောက် စနစ်တကျပိုးသတ်ပြီး မှ ပြန်လည် ဖြန့် ဖြူးပေးတယ် ။ အတော် အတန် ဟောင်းနွမ်းနေရင်တော့ ဒါတွေကို ဖျက်ဆီးပစ်ပြီးတန်ဖိုးညီတဲ့ အရေအတွက်ကို အသစ် ထုတ်ဝေပေးတယ် ။ ဒါပေမဲ့ ဆင်းရဲတဲ့ နိုင်ငံတော်တော်များများမှာ ဒီပိုးပေါင်း တသိန်းနဲ့ပြည့်နှက်နေတဲ့  ငွေစက္ကူ တွေ သူတို့ဘဏ်ကို ဘယ်နှစ်ပတ် ပြန်လည် လာပါစေ ။ ဒီအတိုင်းပဲ ပြန်ဖြန့် ပေးလိုက်တာဘဲလေ ။
ဒီတော့ ဒီငွေစက္ကူ မှာတွယ်ကပ်နေကြတဲ့ ပိုးတွေ .. ဘာအကောင်တွေလည်း ၊ ကြည့် ကြရအောင် ။
လူကိုသေစေလောက်တဲ့ ဘက်တီးရီးယား ပိုးများ --
-တီဘီပိုး (Mycobacteria) ။
-အစာအိမ်လမ်းကြောင်းကိုရောဂါဖြစ်စေတဲ့ ပိုး (Escherichi coli and Klebsiella enterobacter ) ။
-အသက်ရှူ လမ်းကြောင်း နဲ့ အဆုပ်ကို ရောဂါဖြစ်စေတဲ့ ပိုး ( pneumococci )။
-ဆုံဆို့ နာ ပိုး ( Diptheria bacilli )။
-အရေပြားအနာဖြစ်စေတဲ့ ပိုး ( Staphylococcus aureus ) -- စုံလို့ ပါဘဲ
- Hepatitis B- C ဗိုင်းရပ်စ် ပိုး ကြောင့်  အသည်းရောင် အသားဝါ တာတွေ ကူးစက်စေတတ်တာ ပေါ့ ။
နောက်ပြီးတော့ ငွေစက္ကူတွေဆုတ်ပြဲနေရင် ၊ဒါမှမဟုတ်ဟောင်းနွမ်းလုံးကြေနေရင် ငွေ စက္ကူမှာပါတဲ
ဆယ်လူလွိုက်လို့ ခေါ်တဲ.ဓါတ်တစ်မျိုးကိုပေါ်နေပြီးဘက်တီးရီးယားရောဂါပိုးမွှားတွေကိုလက်ခံသယ်ဆောင်
စေနိုင်တယ် တဲ့။ ကိန်းဂဏန်းအရ ပြောရရင်တော့ ဓါတ်ခွဲခန်းမှာစမ်းသတ်ခဲ.တဲ.ငွေစက္ကအဟောင်းအနွမ်း
အဆုတ်အပြဲ အရွက် ၇၀ ရဲ. ၈၀ ရာခိုင်နှုံးကျော်မှာတီဘီရောဂါဖြစ်စေတဲ့ ပိုးမွှားတွေတွေ.ရပြီး ၆၅ ရာခိုင်နှုံးကတော့ အဆုတ်အအေးမိရောဂါ ၊ လည်ချောင်းယောင်ရောဂါနဲ့ အစာအိမ်ရောဂါ တို.ဖြစ်ပွားစေတဲ.ပိုးမွှားတွေတွေ.ရပါတယ်တဲ
ဒါကတော့ အိန္ဒိယနိုင်ငံ တက္ကသိုလ် တခု မှ စမ်းသပ်တွေ့ ရှိချက်ပါ ။
အမေရိကန် မှာ ၁၉၇၂ တည်းက စမ်းသပ်ချက်အရ ATM, coffee house, donut shop, fast-food chain,
grocery store,newsstand, pharmacy, post office, snack bar, two butchers and a bagel shop
တွေဆီမှ ရတဲ့ ငွေစက္ကူတွေ ကိုစစ်လိုက်တာ ..၄၂ % မှာ ဘက်တီးရီးယားပိုးတွေ ကပ်ငြိနေတယ်လို့ Journal of the American Medical Association က ပြောပါတယ်။ ဒီ့အပြင် နိုင်ငံ အလိုက် သုတေသန စမ်းသပ်ချက်တွေ ရှိပါသေးတယ်။
ဒါကြောင့်  ဒီနောက်ပိုင်းမှာ ငွေစက္ကူတွေ ကို ပိုးသတ်ရလွယ်အောင် ရေစိုခံနိုင်တဲ့  ပလပ်စတစ်အပါးလွှာတမျိုးနဲ့ အစားထိုး သုံးစွဲ လာကြတယ် ။တော်ရုံတန်ရုံလည်း မကျေ မကျိုးတော့ဘူး ။အစွန်း အပေလည်း ခံတယ် ၊သန့် ရှင်းရေးလုပ်ရတာလည်းလွယ်တယ် ။
ဘယ်လောက်ပဲ သန့် ရှင်းတယ် ပြော နေ ပါစေ ။ လူတွေလက် နဲ့ ထိပြီး အဆက်ဆက် လက်လွှဲ သုံးနေကြရတာ ဆိုတော့ ပိုး ကတော့ ရှိနေမှာ ပါဘဲ လေ ။
ကမ္ဘာပေါ်မှာ ရောဂါ ပိုးအနည်းဆုံး ပိုက်ဆံ က ဂျပန် ၊ ပိုးအများဆုံး က တရုပ် နဲ့  အိန္ဒိယ တဲ့ ။ ပိုးမွှား အရေအတွက်
နဲ့ သေချာ တင်ပြထားတာ ရှိတယ် ။ အဲဒီလင့်က ရှာမတွေ့ တော့လို့  သိသူများပြော ပြပေးပါအုံး ။
ဒီသုတေသန လုပ်တဲ့အထဲ မှာ မြန်မာပြည်မှာ သုံးနေကြတဲ့ ငွေစက္ကူများ ကို ထဲ့ မစစ်မိကြသေးလို့  ၊ နို့ မို့ ဆို
ဒို့ မြန်မာတွေ ပထမ ရဦးမှာ သေချာတယ် ။
သူတို့ တွေပြော ပြော နေကြတဲ့  အသား နီစပ်စပ် နှာခေါင်းရှည်ရှည် နိုင်ငံတွေမှာ သုံး နေကြတဲ့  ပိုက်ဆံတွေ ။ လောလောဆယ် တွေ့ တာလေးပဲ ရိုက်ပေးလိုက်တယ် ။ ဒီ ပိုက်ဆံတွေပေါ်မှာလည်း ပိုးကောင်တွေ ပါမှာဘဲ ။ ရာခိုင်နှုန်းတော့ နဲပါတယ်။
ဒါက ဒို့ တတွေ ရဲ့ တရားမျှတ လွတ်လပ်အေးချမ်းသာယာဝပြောသော အမိနိုင်ငံတော်ကြီးမှာ သုံးနေကြတဲ့  ပိုက်ဆံတွေ ။ ( ကြည့်ရင်းနဲ့  ငိုချင်ပါတယ် .. ဆဲလ်လို တိပ်ပ် နဲ့တောင် ကပ်ပြီး သုံး နေကြရတာ ) ။ ဒီလို ပိုက်ဆံ လေးတွေ ရဖို့ တောင် တနေ့  တနေ့  ဒို့ ပြည်သူတွေ လုပ်လိုက် ရှာလိုက်ကြရတာ ။ နဖူးကချွေး ခြေမ ကျရုံတင် မက ခြေမပေါ်က ချွေးတောင် အငွေ့  ပြန် ကြရ ရှာတယ် ။
တချို့ ကြတော့လဲ လွယ်မှ လွယ် ။ လွယ်အိတ်လေးလွယ် ။ ဟဲန်းဖုံးလေးတလုံး စီနဲ့  ။ ဟိုလူ့ လိုက်ဆွဲ ၊ ဒီလူ့ လိုက်ဖြဲချောက် ။ တနေ့  ငွေ နှစ်ထောင် ဆိုတာ က နဖူးတောင် ချွေးမထွက်ဖူး ။
တော်ပါပြီ ထားလိုက်တော့ ။ ကိုယ့်ကျန်းမာရေးလေး အရေးကြီးတယ် ။ဒီပိုက်ဆံတွေ ပေါ်က ပိုးကောင်တွေ ကိုယ့်ဆီ ကူးမလာရလေအောင် လကိတွေသာ သေချာဆေးကြစို့ ။
ကလေးတွေလိုပဲ သဘောထားပြီး ကြည့် လိုက်ကြရအောင် နော် ။
မြန်မာပိုက်ဆံ ပုံလေးကို လိုချင်တယ်ဆိုလို့  ဓါတ်ပုံရိုက်ပြီး ပို့ ပေးတဲ့ ညီမလေး မအနမ်း ကို ကျေးဇူးတင်ပါတယ် ။
ကျန်းမာ ရွှင်လန်းကြပါစေ ။
►Posted by
:kiki
:
at
8/05/2009 01:00:00 AM
Subscribe to:
Post Comments (Atom)
16 comments:
ညစ်ပတ်လိုက်တာ ကိရာ။ အန်တောင် အန်ချင်သွားတယ်။
မအယ်
တစ်ခုခုစားနေရင်းနဲ့သာ လာကြည့်မိရင်တော့ သွားပြီဗျာ။
အွန်းးး လေတယ် ဂယ်ပဲ များလေ အားကီး စိတ်ညစ်တယ် ကိရယ် ဟွန်းးးး ရွံစရာကောင်းလိုက်တာ လွန်ရော အခုအိပ်တော့မယ် အိမ်မက်ထဲအထိ သူတို့တွေ ပါလာရင်အဲဒါ ဖွားကိ တာဝန်ယူဒါပဲ ဟွန်းးးးးးးးး
ိဒေါလာ နှင့် ယူ၇ို ကို အသစ်လေးတွေ ပြပြီး မြန်မာ ပိုက်ဆံကျတော့ အစုတ်ဆုံးကိုေ၇ွးပြတယ်... ဖွားကိ မတ၇ားဘူး...
စိတ်ပျက်စရာတွေချည့်ပါပဲလား မကိရေ့.....
စိတ်ညစ်စရာကြီးနော်... ရန်ကုန်ပြန်ဖြစ်ရင် ပိုက်ဆံဘယ်လိုကိုင်ရမလဲလို့ စဉ်းစားထားမှ
ရန်ကုန်သွားပြီး..ဒီလို..ပိုက်ဆံအစုတ်သုံးပြီး..
ပြန်လာရင်တော့..ရောဂါရဖို့ ..၇၀%
သေချာနေပြီနော်...မမကိ
ကိကိရေ ထမင်းစားရင်းကြည့်မိတယ်ကွယ် အဟင့် ... ဗဟုသုတအတွက်ကျေးဇူးတင်ပါတယ် ရန်ကုန်ပြန်ရင် dettol (without water) ဗူးလေးတွေဝယ်သွားဦးမှ ကူးစက်မှုနှုန်းနဲနဲတော့နဲမယ်ထင်ပါတယ် :)
အာ.. ထမင်းမစားရသေးဘူးအမရ။
အမလေး .. ဝေါ့ ။ ထမင်းမစားခင်ဝင်လာတာ မှားပါတယ်၊ မှားတဲ့အခါလည်းမှားပေမပေါ့။
အီးးးးးးးးး ပြန်ပြေးပြီ။ ကာတွန်းလေးတွေတော့ ကြိုက်ပါရဲ့ ။ ဒါကြီးကတော့း((
ကွန်နက်ကလည်း ခုမှကောင်းလိုက်တာ ဒေါင်ဒေါင်မြည် ရော။ စိတ်ကုန်တယ်။ :(
ဗဟုသုတ အပြည့်ပါ...
ကာတွန်းလေးကလဲ ကောင်းတယ် မကီး
မကြီး ရှာကြံ ဖော်ထုတ်ပြပေးတတ်တယ်
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ရှာရှာဖွေဖွေ.....ကြံကြံဖန်ဖန်....စဉ်းစဉ်းစားစား...........တင်ဆက်....ပညာပေးတတ်တဲ့ ...ကိကိုကျေးဇူး..........တင်တယ်နော်....ဒါဆိုရင်ကျနော်တို့ ....နေ့ တိုင်းးး......ကလိနေတဲ့ .....ကီးဘုတ်ဆိုရင်ကော....ရောဂါပိုးတွေ...ဘယ်လောက်ရှိနိုင်လဲဗျာ....ခင်တဲ့ ...သုဒြေ္န
ပိုက်ဆံတွေ မြင်ရတာ စိတ်မကောင်းလိုက်တာ အစ်မရာ...
ဒီလိုပိုက်ဆံလေးတွေကို ပွတ်သုံးနေရရှာတဲ့ ပြည်သူတွေ ကို မြင်ယောင်မိတယ်
ကိုယ့်နိုင်ငံကပိုက်ဆံပုံကိုယ်ပြန်မြင်ရတာ
“သရဲဗျိုးးးးး သရဲ”လို့အော်ပြီးထွက်ပြေးမိတော့မလို့
ပြဿနာပဲကွယ်
ကျန်းမာရေးရှုထောင့်ကနေရှာရှာဖွေဖွေတင်ပြ
ပေးတတ်တာကျေးဇူးတင်ပါတယ်
အင်း...တချို့ကတော့နဖူးကချွေးခြေမကျမှ
တချို့ကလည်း ဖြဲလိုက်ရုံခြောက်လိုက်ရုံပဲ
တော်တော်နားလည်ရခက်တဲ့လောကကြီးပဲကွယ်
လက်ကို အသေအချာ ပြောင်အောင်ဆေး SPIRIT နဲ့ သုတ်လူးပြီးတော့ လက်ဖမိုးကလေးကို အသာမြှောက် တတောင်ဆစ်လေးကို ရှေ့ကိုပစ်လို့ နောက်ကျောပြင်ကြီးနဲ့ တံခါးကို တွန်းဖွင့်ပြီး ကိကိအိမ်ကို ဝင်ခဲ့တယ်...
ဗိုင်းရပ်စ်ပိုးကြောက်လို့...
းဝ)
မြန်မာတစ်နိုင်ငံလုံးက ပိုက်ဆံတွေက အဲဒီအတိုင်းဘဲလား ဟင် အသစ်တွေဘာတွေ မရှိတော့ဘူးလား..မသိလို့မေးကြည့်တာပါဗျာ..
Kiki ရေးတဲ့စာတွေက အမြဲတမ်း ဗဟုသုတတွေ အမြဲပေးပါတယ်။ ဖတ်တဲ့သူတွေအတွက် အမြဲအကျိုးရှိလို့ ကျေးဇူးတင်ပါတယ်...
Post a Comment