Jan31,2009
0 com

Coffee & Health Coffee and Healthခုတလော အိပ်မပျော်ပြန်ဘူး ။ အိပ်ဆေးတွေလဲ တမျိုးပြီးတမျိုးပြောင်းသောက် ။အရင်က တခြမ်းလောက်သောက်ရင် တုံးကနဲ အိပ်တဲ့ ဆေးက အခုဆို ၂လုံးသောက်တာတောင် သိပ်မဖြုံချင်တော့ဘူး။ဘာကြောင့်လဲလို့ ပြန်တွေးဖြစ်တယ် ။ သိလိုက်ပြီ ။ ကော်ဖီလေး တခွက် ၊ ဒီလိုတခွက်ပြီးတခွက် ဆက်တိုက်သောက်ဖြစ်နေတာ ခုတလော ပိုများလာတယ်။တနေ့ ကို မတ်ခွက်ကြီးနဲ...
►Posted by
:kiki
:
at
1/31/2009 11:30:00 AM
Jan26,2009

တွေ့ ကြုံဆုံကွဲ ဖြစ်မြဲဓမ္မတာ၊ မွေးစမှ လှမ်းခဲ့ကြရ လူ့ ဘဝလမ်းဟာ ၊ကောက်ကွေ့ လှည့်ပတ်ခြင်းများစွာနဲ့ ၊နောက်ဆုံးမှာတော့ မရဏပန်းတိုင်သို့ သာ၊သေချာစွာ အရောက်မြန်းကြရမှာမို့ ။ဒီသံသရာမှာ အဖန်တရာ အထပ်ထပ်နဲ၊့ လောကရဲ့ ဝဋ်ဒုက္ခများ အတန်တန် မခံကြရလေအောင်၊ဘဝကူးကောင်းစေဖို့ မနှောင်းသေးတဲ့ အချိန်ရခိုက်မှာလောကုတ္တရာ အလုပ်များကို အားထုတ်ကြပါစို့ လား။။ (တရုပ်နှစ်သစ်...
►Posted by
:kiki
:
at
1/26/2009 03:22:00 PM
Jan24,2009

လူ့ လောကကြီးမှာ အငိုနဲ့ စလို့ အငိုနဲ့ အဆုံးသတ်ကြရတာတွေများတယ် ။လူ့ ဘဝ စရောက်လို့  ကိုယ်တိုင်ငိုရတဲ့ အငိုဟာ ကောင်းသောငိုခြင်းပါ ။သူ့ ရဲ့ ပထမဦးဆုံး ဝါးကနဲ ငိုမှုကြောင့် အဆုပ်ထဲ အောက်စီဂျင်ရောက်ပြီးနောက် ဆက်လက်ရှင်သန်ဖို့ အားအင်တွေစပြီး တဘဝလုံးရုန်းကန်လှုပ်ရှားကြရတော့တာပါဘဲ ။လောကကြီးမှာရှိပြီးဖြစ်တဲ့နီးစပ်ရာ ဆွေမျိုးသားချင်းများကလဲ ဒီအငိုကို...
►Posted by
:kiki
:
at
1/24/2009 11:04:00 AM
Jan21,2009

အချစ်လားဟေ့ ဝင်ခဲ့လေကွာ ၊မင်းအတွက်ငါ့ရင်တံခါးအစဉ်ဖွင့်ထားဆဲပါ ။လွန်လေပြီးတဲ့ ဟိုးတချိန်ကမင်းလိုဘဲ ငါ့ကိုချစ်တယ်ပြောခဲ့ဖူးတဲ့ သူစိမ်းတယောက်၊တံခါးတောင်မခေါက်ဘဲ တိုးဝင်ဖူးတယ် ငါ့ရင်ထဲကို။အသည်းစွဲအောင်ချစ်တယ်ပြောပြီး ငါ့ရဲ့ အသည်းကို ခွဲသွားရက်တယ်။အသက်ထွက်မတတ် ချစ်တယ်ပြောပြီး ငါ့ရင်ဘတ်ကို ပြတ်လုနီးနီး ဗျောတီးခဲ့ဖူးတယ်။ဘဝတခုလုံးနဲ့ရင်းတဲ့ ငါ့ချစ်ခြင်းကို...
►Posted by
:kiki
:
at
1/21/2009 02:07:00 PM
Jan17,2009

မင်းကို တခါသတိရတိုင်း ကောင်းကင်ပြင်ကကြယ်တစ်စင်းကြွေရစတမ်းဆိုရင်၊စင်္ကြာဝဠာတခွင်မှာ ကြယ်စင်ကင်းတဲ့ ဟင်းလင်းပြင်တခုဖြစ်ရော့မယ် ။ မင်းကို တခါသတိရတိုင်း သမုဒ္ဒရာပြင်က ရေတစက်ခမ်းခြောက်ရစတမ်းဆိုရင်၊အပြောကျယ်တဲ့  ပင်လယ်ပြင်ဟာ ကန္တာရဆင်ဆင်ဖြစ်ရော့မယ် ။မင်းကို တခါသတိရတိုင်း ငါ့မျက်ရည်တစက်ကြွေသက်ရစတမ်းဆိုရင်၊ငါ့ပါးပြင် နှစ်ဖက်လုံးဟာ တသွင်သွင်စီးဆင်းနေတဲ့...
►Posted by
:kiki
:
at
1/17/2009 11:22:00 AM
Jan16,2009

နာကျင်စရာ ဝေဒနာတွေရင်မှာတွယ်ငြိ ရှိနေဘိလည်းသူမသိအောင် ထိရှ ခံစား သို့ ပေငြားလည်း ၊သူ့ အား ပြုံးရယ် စေချင်သူ ။မိုးလင်းမိုးချုပ် အလုပ်ရှုပ်လို့ ဝမ်းရေးအတွက် စက်ရုပ်သဏ္ဍန်စုန်ဆန်လှုပ်ရှား နေရငြားလည်းသူ့ အားပျော်ပါး စေချင်သူ။ ဘဝရှေ့ ရေး အားမာန်မွေးလို့ ဟိုးအဝေးမှာ ပျော်ရာမနေ အခက်ပွေလည်းတွေးကာပူပင် သူ့ ရုပ်သွင်ကိုကြည်လင် ဝင်းပ စေလိုသူ ။(အဝေးမှ လွမ်းနေရတဲ့...
►Posted by
:kiki
:
at
1/16/2009 11:39:00 AM
Jan14,2009

ထောင်ချောက်မှာမိ ဆူးကြိုးတွေငြိ တတိတိရစ်ပါတ် တင်းကြပ်နေတဲ့ လည်ပင်းဆီရုန်းလေရစ်လေ ၊ရုန်းလေ အစ်လေ ဒီလိုအချိန် ၊ ငြိမ်နေတာက ပိုကောင်းမယ်။တခါတလေ ညှပ်နေတာက ခြေထောက်တင်ပါ၊ရုန်းလေ နာလေဖြစ်နေပေမဲ့ ၊ ဇွတ်အတင်းရုန်းလို့  ခြေကလေးတဖက်သာဆုံးရှုံး ၊အသက်ရှင် လွတ်မြောက်သွားတဲ့ ကြွက်ငယ်လေးလည်း တွေ့ ဘူးတယ်။ငြိမ်သက် ရုန်းထွက် ဆုံးဖြတ်ချက် ဆိုတာ အခြေအနေအရပါဘဲဒို...
►Posted by
:kiki
:
at
1/14/2009 08:07:00 PM
Jan12,2009

လူ့ဘဝ၏အောင်မြင်တိုးတက်ခြင်းသို့သွားရာလှေခါးအထစ်(၃၀) ၁။ ကတိအပေးနည်းပါစေ။၂။ အမှန်ကို အမြဲပြောပါ။၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစေ။၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။၉။...
►Posted by
:kiki
:
at
1/12/2009 08:37:00 PM
Jan11,2009

ယခုခေတ်ကာလမှာ ဆေးလိပ်မသောက်ရလို့  ဥပဒေသတ်မှတ်ချက်ထုတ်ထားပြီး ကျင့်သုံးနေတဲ့နိုင်ငံတွေ အတော်များလာပါတယ်။တိုးတက်ပြီးသားနိုင်ငံတွေ ဥပမာ အင်္ဂလန် နိုင်ငံ မှာ ၂၀၀၆ ခုနှစ်မှစပြီး pub ,clubတွေအပါအဝင် အများပြည်သူ သွားလာနေတဲ့  နေရာအားလုံး ဆေးလိပ်သောက်ခြင်း ပိတ်ပင်မှု ကို ကျင့်သုံးခဲ့ပါတယ် ။စင်ကာပူနိုင်ငံ မှာဆိုရင်လဲ အတော်ကြာခဲ့ ပါပြီ ။ ထိုင်ဝမ် နိုင်ငံမှာတော...
►Posted by
:kiki
:
at
1/11/2009 10:17:00 PM
Jan9,2009

အင်း.. အခု တကမ္ဘာလုံး စီးပွားရေးကျပြီး ကျပ်တည်းနေကြတဲ့ အချိန်လေ ။ဒီမှာက တရုပ်နှစ်သစ်ကူးလည်းနီးနေပြီဆိုတော့  အလုပ်သမားတွေ က အလုပ်မပြုတ်ဖို့ ဆုတောင်းရင်းနဲ့ Bonus (အံပေါင်း)ပို ရဖို့  မျှော်နေကြချိန်ပေါ့ ။စီးပွားရေးမကောင်းလှတဲ့  Boss သူဌေးကလည်း အံပေါင်းဘယ်လိုလျှော့ပေးရမလဲ စဉ်းစားနေတာပေါ့ ။ ဒီမိုကရေစီ နိုင်ငံတွေမှာ က ကြိုးစားရင် ကြိုးစားသလို...
►Posted by
:kiki
:
at
1/09/2009 10:34:00 AM
Jan6,2009

ကြားဘူးတဲ့ အကြောင်းလေးကို ဖေါက်သည်ချချင်လို့ ပါ ။ သူငယ်ချင်းတယောက်ဆီမှ ရတဲ့  တရုတ်ဘာသာ မေးလ် တစောင်ကို သိသလောက် ဘာသာပြန် ဖြည့် စွက်ရေးထားတာပါ ။တနေ့ မှာ ဒီမြို့ ပေါ်မှာရှိနေတဲ့  စာကြည့် တိုက်ကြီးတခု ဟာ နေရာသစ်ရွှေ့ ပြောင်း ဖို့ ကြုံတွေ့ နေ ပါတယ် ။ သူ့ လက်ရှိ နေရာအဆောက်အဦ ဟာ ဟောင်းနွမ်းပြီး အန္တရာယ်ရှိနိုင်တဲ့ အတွက် နေရာသစ်ကို မပြောင်းလို့  မရတဲ...
►Posted by
:kiki
:
at
1/06/2009 11:10:00 PM
Jan6,2009

အေးချမ်းလှပပြီး ကျန်းမာ လန်းဖြာ ဝမ်းသာစရာနေ့ ရက်များစွာကို ချစ်တဲ့ သူတွေနဲ့  အတူ ချောမောစွာ ဖြတ်သန်းလို့  လိုတာမှန်သမျှ ပြည့် ဝ ရပါစေ .....
►Posted by
:kiki
:
at
1/06/2009 06:46:00 PM
Jan5,2009

ရတာမလို လိုတာမရ ရသမျှနဲ့  မရောင့်ရဲနိုင်တော့  စိတ်ဆင်းရဲခြင်း ဖြစ်ရပြီ။ ချစ်တိုင်းမညား ညားတိုင်းမချစ်ကိုယ်ချစ်သလို သူမှမချစ်တော့  လူဖြစ်ကျိုးမနပ်ဘူးလို့  ထင်ရပြီ။ ခိုင်းသမျှလုပ်ပေး ပြောသမျှခေါင်းငြိမ့် ၊မင်းအရိပ်နောက် ထပ်ချပ်မခွာလိုက်မိပြန်တော့ ၊ကိုယ်ရည် စွမ်းစ မရှိသူတဲ့လေ။ မချစ်တတ်သူနဲ့  အချစ်ငတ်သူတို့  ဘာလို့ များဆုံတွေ့ ဖို့ ရာ ဖြစ်လာရတာလဲလေ။...
►Posted by
:kiki
:
at
1/05/2009 03:45:00 PM
Jan4,2009

တနေ့  မှာ ရထားအတူစီးသွားကြတဲ့ ခရီးသည် ၄ယောက် ၊ ယိုးဒယားနိုင်ငံသားတယောက်ရယ်၊ကိုးရီးယားနိုင်ငံသားတယောက်ရယ်၊ ထိုင်ဝမ်နိုင်ငံသား ပရော်ဖက်ဆာတယောက်ရယ်၊ထိုင်ဝမ်တက္ကသိုလ်ကျောင်းသားတယောက်ရယ် အလ္လာပ သလ္လာပ စကားလက်ဆုံကျလာကြတယ်။ လမ်းတဝက်ရောက်တော့ ကိုယိုးဒယားက သူ့ မှာပါလာတဲ့ မွှေးကြိုင်နေတဲ့ အမွှာကြီးကြီး ဒူးရင်းသီး တွေထုတ်ပြီး တခြားလူတွေကို ဧည့်ခံပါတယ် ။သူကိုယ်တိုင်လဲ...
►Posted by
:kiki
:
at
1/04/2009 02:49:00 PM
Jan3,2009

ခွင့်ရက်ရှည်ယူပြီးဒီနေ့ မှအလုပ်ပြန်စဝင်တော့ အလုပ်ပျင်းရောဂါနဲ့  မနက်ပိုင်းမှာယောင်ချာချာဖြစ်နေတယ် ။အေးအေးဆေးဆေးနေရမယ်ထင်ထားတာ အရေးပေါ်လူနာရောက်လာမှဘဲယောင်ခြောက်ဆယ်ဇာတ်လမ်းပြတ်တော့တယ် ။ လူနာက အသက် ၇၀ကျော် အဖွားကြီးတယောက်ပါ ။ ပိန်ပိန်ပါးပါး ၊နေ့ လည်စာ စားရင်းနဲ့  ထမင်းဝိုင်းမှာ ရုတ်တရက်အသက်ရှုကြပ်ပြီး တကိုယ်လုံးပြာနှမ်းတက်သွားလို့  သူ့ မိသားစုက...
►Posted by
:kiki
:
at
1/03/2009 09:07:00 AM
Jan2,2009

မဝင်ရ တဲ့  တားမြစ်နယ်မြေ ၊အပြင်လူ မဝင်ရ ၊ အတွင်းလူတော့  အလျဉ်းသင့် သလို ချွင်းချက်ကလေးတော့ရှိမှာပါ ။မခူးရ တဲ့  တားမြစ်မှု ဟာ ၊အပင်မှာ အမြင်တင့်စွာ လန်းဆန်းလှပ ပန်းဘဝလေးများကို ကာကွယ်ပေးဖို့  ဖြစ်မှာပါ ။မစားရ တဲ့  တားမြစ်ချက်ဟာ ၊မတည့် တာ စားလို့  ခါးသက်စွာ ခံစားရမဲ့  ရောဂါဘယ များအား တားဆီးပေးဖို့  ဖြစ်တာပါ ။မသောက်ရ လို့  တားမြစ်ထားတာ ၊မူးရင်မမောင်း...
►Posted by
:kiki
:
at
1/02/2009 04:28:00 PM
Jan1,2009

မမြင်ရတဲ့၊မထင်ရတဲ့  နှောင်ကြိုးလေးတွေ တမျှင်ချင်း ၊ တကြိုးချင်း တဖြေးဖြေးရစ်ပတ်ခဲ့ တာကြာလာတော့လဲ ခိုင်မြဲလွန်းလို့ ဒီသံယောဇဉ်မျိုး ဖြတ်ရခက်ခဲ့ ပြီလေ ၊အစမှာ မတွေ့ ခဲ့ ရရင် အကောင်းသား ။တွေ့ ပြီးတော့လဲ မချစ်မိခဲ့ ရင် အကောင်းသားအကြောင်းတရားတွေ များစွာ ကြားထဲက ဘာလို့  မင်းနဲ့  မှ ချစ်တတ်ခဲ့ မိတာလဲ လေ ။မမြင်ရတဲ့ မင်းအရိပ်များစွာ ကို စိုးထိတ်စွာနဲ...
►Posted by
:kiki
:
at
1/01/2009 05:00:00 AM
Subscribe to:
Posts (Atom)