NASA ကတွက်ချက် ( အမယ်)
ရက်ကလေးတောင် အတိအကျပါသေးရဲ့ 
၂၀၁၂ ဒီဇင်ဘာ ၂၁ တဲ့ 
Planet Nibiru အကျိုးကြောင့် 
ကမ္ဘာမြေကြီး ပျက်စီးမဲ့  အကြောင်းတဲ့လေ ။
အကယ်၍ ဒီလိုသာတကယ်ဖြစ်လာရင်တော့
လစ်စရာ မြေမရှိ ၊ ကမ္ဘာလူသား ဒုက္ခ အတိပေါ့ 
ဖြစ်သမျှအကြောင်း အကောင်းဘဲမို့ 
ခပ်ရဲရဲသာ သေပွဲဝင်ဖို့  စိတ်ထဲမှာ ထင်။
သို့ ပေမဲ့ မိုးပြိုမှာ အစိုးပိုတဲ့ တစ်တီတူးရဲ့ အဖြစ်လိုဘဲ
ခြေစုံချကာ မအိပ်ရဲနဲ့  အတွေးများဖရိုဖရဲ ရှိချိန်မှာ
ဦးဖျား သတိရမိသူက မင်းလေးပါ ၊
တမြေဆီဝေးကွာပေမဲ့လဲ စိတ်အတွေးတွေက မင်းနဲ့  မခွာပါဘူး။
အကုန်တကယ် မကြုံ မတွေ့ ချင်တဲ့ 
ဘုံကမ္ဘာ အိမ်နန်းပျက်ချိန်ဟာ
အမှန် တကယ် ကြုံရမယ်ဆိုရင်ဖြင့်
အဝေးမှ တွေးဆကာ အခက်စုံတဲ့  ရတက်အပုံ ပွေချင်ဘူး
နောက်ဆုံးထွက်သက်မှာ လက်အစုံယှက်ကာနေရဖို့ 
မင်းလေးအနား ကိုယ်ပြန်ခဲ့မယ်။
(အကယ်၍သာ မိုးပြိုခဲ့ လျှင် လို့ အစိုးရိမ်ပိုနေရရှာတဲ့  တစ်တီတူးလေးများ အား
ကိုယ်ချင်းစာစွာဖြင့်  .... ပြီးတော့ နောက် ၄နှစ်လောက်စောင့်ကြည့်ရင် အဖြေသိရမှာပေါ့ နော် ..
အဟဲ ၊ မပြော မရှိနဲ့ နော် ။ ဒီညကစပြီး ခြေထောက်မိုးပေါ်ထောင်အိပ်ဖို့ တွေးတောမိပါကြောင်း )
1 comments:
သို့ ပေမဲ့ မိုးပြိုမှာ အစိုးပိုတဲ့ တစ်တီတူးရဲ့ အဖြစ်လိုဘဲ
ခြေစုံချကာ မအိပ်ရဲနဲ့  အတွေးများဖရိုဖရဲ ရှိချိန်မှာ
ဦးဖျား သတိရမိသူက မင်းလေးပါ ၊
တမြေဆီဝေးကွာပေမဲ့လဲ စိတ်အတွေးတွေက မင်းနဲ့  မခွာပါဘူး။
အကုန်တကယ် မကြုံ မတွေ့ ချင်တဲ့ 
ဘုံကမ္ဘာ အိမ်နန်းပျက်ချိန်ဟာ
အမှန် တကယ် ကြုံရမယ်ဆိုရင်ဖြင့်
အဝေးမှ တွေးဆကာ အခက်စုံတဲ့  ရတက်အပုံ ပွေချင်ဘူး
နောက်ဆုံးထွက်သက်မှာ လက်အစုံယှက်ကာနေရဖို့ 
မင်းလေးအနား ကိုယ်ပြန်ခဲ့မယ်။
တကယ်မိုက်တယ်ဗျာ..ကမ္ဘာပြိုမယ်ဆိုရင်တာတောင်သိလျက်နဲ့ကို သတိရနိုင်တယ် ချစ်နိုင်လှချည်လားဗျာ ...အပိုဒ်တိုင်းကောင်းတယ်
အဲဒီနှစ်ပိုဒ်ကိုတော့ တကယ်ကြိုက်တယ်...အားပေးလျက်ပါ အဆင်ပြေပါစေဗျာ...
Post a Comment