ဂတိတွေပေးပြီး မသိသလိုနေတာမျုား၊
ကြာလာတော့ အစဉ်အလာလိုဖြစ်ရပြီ
အရှေ့ နဲ့ အနောက် ၊တောင်နဲ့ မြောက်လို
ဆန့် ကျင်ဘက်အရာများစွာမှာ
ညှိုနှိုင်းခွင့် မရှိတဲ့  တဖက်သတ်စီရင်ချက်
ကိုယ့်အသက် ကို ဓါးစက်တင်ရရင်လဲ
ပြုံးမပျက် ပေးဆက်ဖို့  အမြဲအသင့်ပါ ကိုယ့်သခင်။
သစ္စာစောင့်သိ ချစ်တာ နှစ်ယောက်မရှိ
မင်းပေးတဲ့ ဂတိတွေ ကိုယ့်အတွက်အမှန်မှရှိပါ့မလားလို့ 
သံသယစိတ်လေးတောင် မင်းအပေါ်မတွေးရဲပါ ၊
မင်းကလွဲရင် ဖွဲနဲ့ ဆန်ကွဲလို့ 
ကိုယ့် ယုံကြည်ရာ ကိုယ့်သစ္စာကို
အစဉ်သာခိုင်မာစွာနေပါ့မယ်
အိုဘယ့် အချစ်ရူး ။
(မမူးတမူးအချိန် စဉ်းစားမိတဲ့ အရူးတရူးရဲ့  ဝေဒနာများ )
►Posted by
:kiki
:
at
11/22/2008 01:42:00 AM
Subscribe to:
Post Comments (Atom)
2 comments:
မင်းကလွဲရင် ဖွဲဆန်ကွဲသတ်မှတ်လို့ ငါ့ဘ၀ထဲမှာ နင်ဘဲရှိတယ်...:P
သီချင်းဆိုကြည့်တာ ဟဲဟဲ
ကောင်းတယ်ဗျာ..အားပေးလျက် အဆင်ပြေပါစေ
အိုဘယ့်. .. ကောင်းလိုက်တဲ့ကဗျာ....
Post a Comment