Killing Field In China - Contest in speedy cooking
ဪ...ဒီပုံလေးကြည့်ပြီးစိတ်မကောင်း ဖြစ်ရသေးတယ်။ လူတွေ၊ လူတွေ ကိုယ့်ပါးစပ်နဲ့ လျှာတဖျားခဏတာ အရသာခံဖို့ အတွက်နဲ့  သတ္တဝါတွေကို အရင်ညှင်းဆဲပြီးသတ်ဖြတ်ရတယ်လို့ နော် ။
ဗုဒ္ဓဘာသာအနေနဲ့ ပြောရရင် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းကြဖို့ ပါ။ အဲဒီထဲက ဦးဆုံးတပါးဖြစ်တဲ့ ပါဏာတိပါတာ-သူတပါးအသက်သတ်ခြင်း မှရှောင်ကျဉ်ဖို့  အရေးကြီးပါတယ် ။ ကိုယ်ကိုယ်တိုင်ကလည်းပါရမီရှင်တဦးမဟုတ်သေးတော့ တပါတ်တခါမွေးရက်မှာ သက်သတ်လွတ်စားရုံကလွဲလို့  အစဉ်အမြဲလည်း အသားမစားဘဲ မနေနိုင်သေးပါ။ သတိလက်လွတ်ဖြစ်တဲ့ အခိုက်အတန့် လေးမှာ ကိုယ့်လာကိုက်တဲ့ ခြင်လေး ။ပိုးကောင်လေးတွေ ကို သတ်မိတဲ့အခါတွေလည်းရှိပါတယ် ။
ဒါပေမဲ့ ခုလို သူတပါးအသက်ကို ရက်ရက်စက်စက် အရင်ညှင်းဆဲပြီးမှ သတ်တာမျိုး တွေ့ လိုက်ရတော့ ကြည့် နေရင်းနဲ့ ကြက်သီးတောင်ထမိပါတယ် ။
အရင်က ထိုင်ပေမြို့ ထဲ ဝမ့်ဟွာ ညဈေး မှာ တိုးရစ်တွေအလာများတဲ့ နေရာတခုမှာ အဲဒီလို ဆန်ဆန်မြင်ကွင်းမျိုးလေးတွေ တွေ့ ခဲ့ဖူးပါတယ် ။ မြွေ နဲ့ လိပ်ကလေးတွေကို အရှင်လတ်လတ် ဗိုက်ခွဲပြီးထွက်လာတဲ့ သွေးစိမ်းရှင်ရှင်ကို အရက်နဲ့ ရောပြီးသောက်ဖို့ ရောင်းတဲ့ ဆိုင်တွေ ။ အားတိုးဆေးဆိုပြီးကြော်ငြာရောင်းနေတဲ့ ဆိုင်တွေ အများကြီးရှိခဲ့ ဘူးပါတယ် ။ အခုဆိုရင်တော့ လူမြင်ကွင်းမှာ ဒီလို လူမဆန်တဲ့ လုပ်ရပ်တွေ မလုပ်ရ ဆိုပြီး အစိုးရက တားဆီးပိတ်ပင်ထားတဲ့ အတွက် ဒီပြကွင်းတွေ မရှိတော့ပါဘုး ။
အခုမြင်ရတာကတော့ တရုပ်ပြည်မကြီးက အချက်အပြုတ်ပြိုင်ပွဲတခုပေါ့ ။ အမြန်အချက်ပြိုင်ကြတယ်ပေါ့နော်။
ခုဆိုရင် ကိုယ်တို့ အမိမြန်မာပြည်ကြီးမှာလည်း တရုပ်ယဉ်ကျေးမှုတွေ တစတစနဲ့ မသိမသာ လေး နေရာယူစပြုနေပြီမို့  ဒီလိုပြိုင်ပွဲမျိုးတွေ တနေ့ နေ့ မှာ ဖြစ်ပေါ်မလာစေဖို့  ဆုတောင်းယုံကလွဲပြီး ဘာများတတ်နိုင်ကြပါမလဲ နော် ။
ဤ ပါဏာတိပါတာ ကံမှ လွဲရပါလို ၏ အရှင်ဘုရား ။
10 comments:
inn .. hote tal . a ther so a sain sar bu a kyat pal sar tal . pi taw thu myar ted p ter taw sar tal . hal hal :P . ko tine taw ma ted kine bu :D
inn .. hote tal . a ter so a kyat pal sar tal a sain sar yal bu . p taw thu myar ted p ter sar tal . hal hal :P ko tine ted kine yal bu . kyout lot :D
ကိုယ်တို့ အမိမြန်မာပြည်ကြီးမှာလည်း တရုပ်ယဉ်ကျေးမှုတွေ တစတစနဲ့ မသိမသာ လေး နေရာယူစပြုနေပြီမို့ 
မှန်လိုက်လေခြင်းနော်---
ဒီခေတ်ဒီစနစ်ကြီးထဲမှာ----?
မြင်ရတွေ့ ရတာ စိတ်ထဲမသက်သာလိုက်တာ..
များများမြင်ရင် သားငါးစားချင်စိတ်တော့
ကုန်သွားမှာပါ..
လောလောဆယ်တော့ စားနေတုန်းပဲလေ...
ဒါပေမယ့် မဖြစ်သင့်ဘူး..ဒီလိုပွဲမျိုးတွေ..
ဟုတ်တယ် kiki ရေ။ သူများ အသွေးအသားကို ဒီလိုညှင်းပန်းတဲ့နည်းနဲ့ စားရမှ သာမန်ထက်လွန်ကဲတဲ့ စွမ်းအားတွေရမယ်ဆိုရင်တော့ မလုပ်သင့်ပါဘူး။ တကယ်ကို စိတ်မချမ်းမြေ့စရာပါ... ဘာပဲပြောပြော ပြုသူအသစ် ဖြစ်သူအဟောင်းလို့ပဲ ယူဆထားလိုက်ပါတယ်။
နေပြည်တော်မှာလုပ်ထားတဲ့ ပန်းခြံတွေ အဆောက်အဦး အလံတွေကအစ တရုတ်ပုံစံတွေပေါက်နေပြီ..ဒါတော့ လက်ခံတယ်...အသားငါး သတ်တာကတော့ နိုင်ငံတိုင်း လူမျိုးတိုင်းမှာ ရှိကြပါတယ်..ဗုဒ္ဒဘာသာမှာလည်း အလှုတန်းတစ်ခုလုပ်ဖို့အတွက် အမဲသားအတွက် နွားတွေသတ် ၀က်သားအတွက် ၀က်တွေသတ်ရနဲ့ အရင်ဆုံးအကုသိုလ်ယူပြီးမှ ကုသိုလ်လုပ်သလိုဖြစ်နေတယ်ဗျ...ဒါပေမယ့် တရုတ်တွေလိုတော့ ဟော့ဟော့ကြီးတော့ မလုပ်ဘူးပေါ့...ကောင်းပါတယ် ဒီလို ပညာပေးလေးတွေအတွက်
ဖတ်သွားပါတယ်..သတ္တဝါလေးတွေရဲ့အသက်ကို တန်ဖိုးမထား ဒီလိုပြိုင်နေကြတာ စိတ်မကောင်းပါဘူး။
လူတွေလည်း ကြာလေ ကြာလေ မေတ္တာတရားတွေ မဲ့လာကြလေပဲ..။
ဒီအကြောင်းလေးတွေ ရေးမလို့စဉ်းစားနေတုန်း တိုက်တိုက်ဆိုင်ဆိုင် ဒီပိုစ့်လေး ဖတ်လိုက်ရတော့ ဝမ်းသာသွားတယ်။
အမရေ ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး ကျနော်တို့လဲ တဖြေးဖြေး လူရိုင်းခေတ်ကို ပြန်သွားနေတယ်လေ..
လေးစားလျက်
တောင်ပေါ်သား
ကြည့်ရင်းနဲ့ ရင်ထဲမကောင်းလိုက်တာ …. ဒီ ကလစ်လေးကို သူငယ်ချင်းတွေပို့ပေးတုန်းကလဲ မကြည့်ဘူး … မောင်လေးပြောပြထားတာမို့ ရှောင်နေမိတယ် … ဒီနေ့တော့ဘာရယ်မဟုတ်လာလည်ရင်း ကြည့်ဖြစ်လိုက်တယ် … စိတ်မကောင်းလိုက်တာ …
အသားတွေတောင်စပ်ဖျဉ်းဖျဉ်းဖြစ်လာသလိုပဲ ခံစားရတယ် ကိကိရယ် …
ကြယ်ပြာက သက်သက်လွတ်စားနေတာမဟုတ်ပေမယ့် မြင်သား၊ကြားသားတော့ရှောင်တယ် .. ငါးခူတို့ ငါးကျည်းတို့တောင် သိပ်မစားဖြစ်ဘူး … ရှင်ရက်ကြီးကနေ ကိုယ်စားချင်လို့ချက်ခြင်းသတ်ရတာမျိုးတွေဆိုမစားဖြစ်ဘူး …
ဒီ ကလစ်လေးကြည့်ပြီး တော်တော်စိတ်မကောင်းဖြစ်မိတယ်။ အစားတစ်လုပ်အတွက်နော် ...
KYAW
Post a Comment