မိဘတွေ ရဲ့  သားသမီးပေါ်ထားရှိတဲ့ မေတ္တာတွေ
ဘယ်တော့ မှ လျော့နဲ ခမ်းခြောက်သွားခြင်းမရှိပါ ။
လောကကြီးမှာ စုန်ရေ ဆိုတာ ရှိနေကြမို့ 
တချို့ က ဒါကို ဝတ္တရားအရလို့  အထင်မှတ်နေကြပါတယ် ။
မိဘတိုင်းက ကိုယ့်သားသမီး တွေကို
တချို့ က ဒါကို ဝတ္တရားအရလို့  အထင်မှတ်နေကြပါတယ် ။
မိဘတိုင်းက ကိုယ့်သားသမီး တွေကို
ကိုယ့် ဘဝတခုလုံးနဲ့ရင်းပြီး
ချစ်ခဲ့ကြ ။ ပြုစုပျိုးထောင်ပေးခဲ့ ကြတာပါ ။
ကိုယ့်ဝမ်းကိုယ် အငတ်ခံ ပြီး ကိုယ့်သားသမီးတွေ
လူအလည်ပုံမှာမျက်နှာ မငယ်ရလေအောင် ၊
အတတ်နိုင်ဆုံး ပြုလုပ်ပေးခဲ့ ကြတာပါ။
လူလားမြောက်တဲ့ အထိ ကျွေးမွေး စောင့်ရှောက် ။
ရှေ့ လျှောက်ရမဲ့ ဘဝတခုလုံး အတွက်
အစစ အရာရာ စီမံ ပေးခဲ့ ကြတာတွေဟာလဲ
ဘယ်လိုတွေးကြသလဲ ဆိုတော့
သူတို့ မွေးထားတာဘဲ ။
မကျွေးချင်ရင် ၊ မပေးချင်ရင်
ဘာလို့ အစကတည်းက မွေးထားကြသေးလဲ ...
တဲ့ လေ ။
စုန်ရေတွေသာများပြီး ဆန်ရေကို နားမလည် ။
အသိခေါက်ခက် အဝင်နက်တဲ့ သားသမီးများ
အသိခေါက်ခက် အဝင်နက်တဲ့ သားသမီးများ
ခလုပ်ထိမှ အမိတ တတ်ကြတဲ့  သားသမီးများ ။
ရလေ လိုလေ လောဘတွေနဲ့  မိဘကို ဒုက္ခ မျိုးစုံ ပေးနေကြတဲ့  သားသမီးများ ။
ဒီ ပုံပြင်လေးကို ကြည့်ပြီး အသိတရားများ အချိန်မှီ ရနိုင်ကြပါစေ လို့ ။
ပန်းသီးပင်ကြီးနဲ့ တူတဲ့  မိဘ ...
တဖြေးဖြေးကြီးပြင်းလာတဲ့  ကောင်လေး ...သားဆိုးလေး နဲ့  တူပါတယ်။
ငယ်စဉ်တည်းက သူ့ အတွက် ပျော်စရာ ၊ အပန်းဖြေစရာ မျိုးစုံ ပေးခဲ့ တဲ့ 
ဒီပန်းသီးပင်ကြီးအတွက် သူ ကြီးပြင်း အရွယ်ရောက်လာတဲ့ အချိန်ထိ
ဘာတခုမှ လုပ်ပေးခဲ့ ခြင်းမရှိ ခဲ့ဘူး။
လိုတဲ့ အချိန်မှာမှလာပြီး ကစားတယ်။
ဒုက္ခ ရောက်တဲ့ အချိန်မှ လာပြီး တိုင်တည်
အကူအညီတောင်းတယ် ။
သူ့ ဘဝကောင်းစားဖို့  အဝေးမှာသွားပြီး ဥစ္စာရှာဖို့ 
ပန်းသီးပင်ကြီးရဲ့  ပင်စည်ကို ခုတ်လှဲ ပြီး အသုံးချ သွားလိုက်သေးရဲ့ ။
စာဖတ်နေသူ မိတ်ဆွေရော...
အခုလို ဒီကောင်လေး ( ကြီးလာတော့ ဒီလူကြီးပေါ့ )
သူ့ လိုနေရာ မှာဆိုရင်ဘယ်လို ဆုံးဖြတ် မှာလဲ ။
သစ်ပင်ကြီးကို လှဲဖြတ် ခုတ်ထစ်ပြီး
ကိုယ်လိုရာ ကိုယ့်ခရီး ဆက် မှာလား
နောက်ဆုံးတော့လဲ ငုတ်တို သာသာ ကျန်တော့တဲ့ မသန် မစွမ်း
ဒီ အပင်အိုကြီးဆီ မှာဘဲ ပြန်လာ ။ ဘဝ အမောတွေ ဖြေ ရရင်
မိဘ သစ်ပင်အို ငုတ်တိုတိုလေးက အပြုံးမပျက်ဝတ္တရားမပျက် ၊
အသင့် ကို ဆီးကြို ပြုစု နေအုံး မယ် ဆိုတာတော့ သေချာပါတယ်။
ဒါကြောင့်......
ဒီလောကကြီးမှာ ဆန်ရေ ဆိုတာလည်း လိုအပ်ပါတယ်။
အချိန်အခါလေးပေးနေတုန်း
ပြုစုခွင့်လေးရနေတုန်း
ကိုယ့်ရဲ့  ကျေးဇူးရှင် မိဘ တွေကို တတ် နိုင်သလောက်
ကျေးဇူးဆပ်ဖို့  သတိလေးရကြရင် ဖြင့်
ဘယ်လောက် ချမ်းမြေ့ စရာကောင်းလိုက်မလဲ နော်။
ပုံတိုင်းမှာ တရုပ်လိုရော၊ အင်္ဂလိပ်လို ပါ အဓိပ္ပါယ် ရှင်းလင်းပြီးသားမို့ လို့ 
တပုံ ချင်းစီကို ဘာသာပြန် ပေးစရာ မလိုတော့ဘူး လို့ ထင်ပါတယ် ။
သူငယ်ချင်းတယောက်ပေးပို့ လာတဲ့  ပုံလေးများကို
ခံစားပြီး ပြန်လည် ဖြည့်စွက်ဖေါ်ပြလိုက်ပါတယ် ။
ဒီထက်မက နက်နဲလှတဲ့  အဓိပ္ပါယ် တွေလဲ ဒီပုံလေးကို ဖန်တီးရေးဆွဲ သူဆီမှာ ရှိနေမှာပါ။
ခုရေးပြထားတာကတော့ ဒီပုံပြင်လေးကိုကြည့်ပြီး ဖတ်ပြီးတော့
ဖြစ်ပေါ်လာတဲ့  ကိုယ့်ခံစားချက် သက်သက်သာ ဖြစ်ပါတယ်။
ကိုယ် ကိုယ်တိုင်လည်း ဒီပုံပြင်လေးထဲက သားဆိုးလို ဖြစ်နေပြီလားလို့ ပါ။
ဘာလို့ လည်းဆိုတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တချိန်ကတည်း က
အခြေအနေအရ .....
သူ့ ပင်စည်ကို ခုတ်ဖြတ် အဝေးထိရွက်လွှင့်နေခဲ့ရလို့ ပါဘဲ။
ခုတော့ လောကကြီးအကြောင်း သိသင့်သလောက် သိရပါပြီ။
အဆိုးနဲ့  အကောင်း ခွဲခြား နားလည်တတ်ပါပြီ။
မိဘရိပ်ဟာ အအေးချမ်းဆုံး ၊ အငြိမ်းချမ်းဆုံးဆိုတာ
သိရပါပြီ ။အချိန်တွေ မနှောင်းသေးဘူးလို့  ထင်ပါတယ် ။
ငုတ်တိုအဖြစ်နဲ့ တူတဲ့  အမေ့ရင်ခွင်ဆီ ပြန်ပြီး နားခိုချင်နေမိပြီ လေ။
အမေ.... ကျန်းမာနေကောင်းပြီး
အဝေးရောက် သားဆိုး သမီးဆိုးလေးတွေ မကြာခင် တရက်မှာ
အားလုံးပြန်ဆုံ အမောဖြေဖို့၊
ကျေးဇူးပြု ၍ စောင့်နေပေးပါ နော် ။။
►Posted by
:kiki
:
at
3/08/2009 08:58:00 PM
Subscribe to:
Post Comments (Atom)
2 comments:
ကောင်းလိုက်တဲ့ ပညာပေး သရုပ်ဖော် ဘာသာပြန် မေတ္တာဘွဲ့ လေး..
တင်ဆက်ပုံလေးကောင်းပါသည်..
မိဘမေတ္တာ စဉ်းစားလိုက်တော့ ပြန်ဆပ်လို့ ကုန်နိုင်ဖွယ်။
ထို့ကြောင့် ရွာပြန်ပြီ ယောက်ျားယူရကောင်းမလားလို့ ဟိဟိ။
Post a Comment