အချိန်တွေကလည်း ကုန်တာမြန်သလိုပါဘဲ ။ပျော်နေတဲ့ အချိန်တွေမို့ ဒီလိုထင်မိတာလား ။
ဟုတ်မယ်မထင်ပါဘူး ။
အချိန်က သူ့ ဟာသူ ပုံမှန် သွားနေတာ...လူတွေရဲ့  စိတ်.. ကိုယ့်ဟာကိုယ် လှည့် စားနေကြတာပါ။
ဒီတနှစ်လည်း ထုံးစံအတိုင်း အလုပ်ချိန် အလုပ် လုပ်ရ အုံးမှာပါဘဲ။
နားရက်နဲ့ မဆုံတဲ့  ဒီမွေးရက်လေးမှာ ခါတိုင်းလိုဘဲ ပုံမှန် အလုပ်တက် ၊ ဆင်း ပေါ့။
ဘာမှတော့ ထူးထူးခြားခြားမရှိလှပါဘူး ။ မွေးခြင်းနဲ့ သေခြင်းကြား ကာလ ကို လူ့ ဘဝလို့ ခေါ်ရရင် ၊ဒီဘဝမှာ သေခြင်းဖက် တရက်ပိုနီးလာတာဘဲပေါ့ ။
ဒီတော့ မသေခင်စပ်ကြားလေး ဒီဘဝ အတွက် လုပ်ချင်တာ ။လုပ်သင့်တာတွေ လုပ်ရင်း နောင်ဘဝအတွက်ပါ လုပ်နိုင်တာလေး လုပ်ရအုံးမယ်လေ ။
ခါတိုင်းနှစ်တွေကတော့ မနက်စောစောအမေ့ဖုံးဆက်ပေးရတယ် ။ သူ့ ဆီကနေ ဆက်ဖို့ အဆင်မပြေဘူးလေ။
ဒါကြောင့်ဆက်ဖို့ လွယ်တဲ့ သူက ဆက်ပေးရတာ ။ အမေရဲ့ ဆုံးမ စကားတသီတတန်း နာခံ ပြီး
သူပေးတဲ့ Birthday Wish ကြားရတာ ဒီမွေးနေ့ ရက်ရဲ့  အဓိကပါဘဲ ။ အင်း... ဒီ နှစ်တော့ အမေ့ဆီ ဖုံးဆက်ဖို့ တောင် အခြေအနေ မရှိဘူး ။ ကိစ္စတော့ မရှိပါဘူး ။ ဘုရားဖူး ထွက်နေတဲ့  အမေ ၊ သူ့ သားသမီးမြေးမြစ်တွေ အားလုံးရဲ့ မွေးနေ့ ရက်တွေ အမှတ်သညာကောင်းတဲ့  အမေ ။
ဒီရက်မှာ သတိတရု ကုသိုလ်ထူးတွေပိုလုပ်ပြီး အားလုံးအတွက် မေတ္တာပို့  အမျှဝေနေမှာမို့  ကိုယ်တိုင်မကြားရတဲ့  ဆုလေးကို စိတ်ကူးနဲ့ ဘဲယူရတော့မယ်လေ ။
ဒါလဲတမျိုးကောင်းပါတယ် ။ အဝေးရောက်မေတ္တာပို့ ခြင်းနဲ့ ခံယူခြင်းပေါ့ ။
►Posted by
:kiki
:
at
3/10/2009 02:41:00 AM
Subscribe to:
Post Comments (Atom)
5 comments:
စားရတော့မယ်ပေါ့...
အမ် သူ့ဘတ်ဒေးကလဲ ကိုကြယ် ဘတ်ဒေးနဲ့ တူနေပေါ့ ဟီးးးးးး
လေးစားလျက်
တောင်ပေါ်သား
မမ Happy Birthday နော်
အမ.. ကျွန်တော့် ဘတ်ဒေးနဲ့တူနေတယ်နော်.. တိုက်ဆိုင်လိုက်တာဗျာ.. ကျွန်တော်လည်း မတ် ၁၆ ရက်ပါ..
Happy Birthday ပါ မကီကီ..
ကြိုတင်ဆုတောင်းပေးလိုက်ပါတယ်..
တကယ့်ကို တိုက်ဆိုင်တယ်ဗျာ..
ကျွန်တော်လည်း မတ်လ ၁၆ ရက်နေ့ပါပဲ..
အမရဲ့ မွေးနေ့မှ သည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွင်ခြင်းများရပါစေလို့.. ကြိုတင်ဆုတောင်းပေးလိုက်ပါတယ်ဗျာ..
Post a Comment