ဒီနေ့ တော့ သွားနေကျ ကြွက် တွင်းထဲ မဆင်းဖြစ်ဖူး ။ကပ်စေးနဲ ကော်တရာ သူဌေးက ကျွေးမယ်ဆိုလို့ ဈေးအကြီးဆုံးတွေဘဲရွေးပြီးစားလိုက်ကြတာ ။ အားလုံး လူစုစုပေါင်း ၁၁ ယောက်ကို ဗမာငွေ ၁၀ သိန်းကျော်ဖိုး သူကျွတ်သွားတာ ..ဘီလ် ရှင်းတော့ ကိုယ်တို့  တတွေ ကြိတ်ပြီးရီကြတယ် ။ ကောင်းလိုက်တာ ဒီကော်တရာ ကို ဒီလို ပညာပေးရတာ ။ ဘယ်ရမလဲ နော် ။ ဘာမှ မစားခင် ဈေးကြီးတဲ့  ဂျပန် အရက် အရင် မှာ ပေါ့ 
နောက်တော့  ထုံးစံ အတိုင်း ငါးစိမ်း ပင်လယ်စာ တ မျိုးပြီး တမျိုး ။ ဂျပန်စာ ကို တရုပ်လို ခေါ်တာ ။ ဘာတွေလဲ တော့ မသိပါ
အပြင်အဆင် လှလှ ပပ ၊ ကဗျာဆန်ဆန် တွေ ။ သိပ်တောင် မခံစားဖြစ်ဘူး ။ ဆာဆာနဲ့  လာချတာတွေ စားပေါ့
ဒီ ငါးကလည်း ကြည့်တော့သာ အရိုးပြိုင်းပြိုင်းနဲ့  1800 NTD ( US 50 ကျော် ကျတာ)။ အသားဖတ်လေးက နဲနဲလေးရယ်။ ကိုယ့်ဘာသာဆို ဝယ်မစားပါဘူး
ဒီ shushi လေးကတော့  မဆိုးပါဘူး ။ oneset ကို 1200 NTD တဲ့  ။
ကြက်ဥပေါင်းနဲ့ ငါး ၊ ပြီးတော့  vegetable salad ...
seafood ကြိုက်တဲ့  သူတယောက်ကို သတိရ ရင်း နဲ့  သူ့ အတွက် ပို စားပေးလိုက်ပါတယ် ။
ဒီဆိုင် က ထိုင်ပေ ၁၀၁ ထပ် တိုက်ကြီး နဲ့  မျက်နှာချင်းဆိုင်မှာ ရှိပါတယ် ။ဒီနေ့ က မိုးတွေ အုံ့ နေလို့  သိပ်မမြင်ရဘူး။ နောက် လမ်းကြုံလို့ ဝင်လည်ရင် လိုက်ကျွေး... အဲ ..လိုက်ပြပါမယ် ။
ပြီးတော့ ကိုယ့် ဟာကိုယ် ရှင်းကြပေါ့ နော် ။
အဟဲ သူဌေးတယောက် ရင်တုန် ပန်းတုန် နဲ့  မီနူး ကြည့် နေတာ သနားစရာလေးးး
ရေခဲငွေ့ တထောင်းထောင်းနဲ့ ကြည့် ပြီး သွားရည်ကျအောင်လို့  .... :)
►Posted by
:kiki
:
at
3/01/2009 11:45:00 PM
Subscribe to:
Post Comments (Atom)
1 comments:
ဒီလို အသာကုန်စားတတ်မှန်း ကိုကြိုသိထားတော့
ရှောင်ရတာလွယ်သွားတာပေါ့..
တွေ့ ရင် ကျွေးမယ်လို့ လုံးဝမပြောမိအောင် နေပါ့မယ်..
Post a Comment